"စော်ကားကြပြန်ပြီ တစ်ခါ" (Insult again!)

(မအားလို့ ဒီနေ့ သတင်း မတင်ရသေး၊ တင်ပြီ)

"စော်ကားကြပြန်ပြီ တစ်ခါ" ဒီစကားကို ခေါင်းကြီးတင်လိုက်တာကတော့ မလေးရှားက သတင်းစာတွေပါ။ ဘာကြောင့်လဲ ဆိုတောတော့ ခွေး ထိမ်းကြောင်းပေးရတဲ့ အမျိုးသမီး (၃၈ နှစ်) က သူမ ခွေးလေးတွေနဲ့ အတူ ရိုက်ထားတဲ့ ဗွီဒီယိုကို (ဟာရီရာယ ဂရိတင်း) ဆိုပြီး ယူကျုပေါ် တင်လိုက် လို့ပါ တဲ့။ ဒါတင်မကဘူး သူမက ခွေးလေးတွေကို ဟာရီရာယ ကွတ်ကီးတွေ လည်း ကျွေးသေးတယ် တဲ့။
မွတ်စလင်တွေရဲ့ ယုံကြည်မှုအရ ခွေးဟာ မသန့်ရှင်းဘူး၊ သူတို့နဲ့ တတ်နိုင် သမျှ ဝေးအောင် ရှောင်ကြတယ်ဆိုပဲ။
အဲဒီ အမျိုးသမီးကိုယ်တိုင်ကလည်း မွတ်စလင်ပါပဲ။ သူမ အခု ဒုက္ခရောက်နေ တယ်။
မနေ့ကပဲ "ခွေးတစ်ကောင်ရဲ့ God ထံပေးစာ" တင်လိုက်မိပါတယ်။ မြန်မာ လိုမို့ တော်ပါသေးရဲ့။
"နို့မို့ စော်ကားကြပြန်ပြီ တစ်ခါ" နဲ့နေမှာ။
ဘာသာရေး ယုံကြည်မှုဆိုတော့ အခက်သား။ ခွေးနဲ့ဓာတ်ပုံရိုက်၊ ခွေးကို မုန့်ကျွေးတာလည်း
"စော်ကားကြပြန်ပြီ တစ်ခါ" ။

Straits Time

Post a Comment