မောနင်းပို့စ်

နယူးဇီလန်က အမျိုးသမီးတစ်ယောက် အိပ်ပျော်နေရင်း ကားမောင်းသွားတာ ကီလိုမီတာ သုံးရာတောင်ပြည့်တယ်လို့ နယူးဇီလန် ဟာရယ်က ဖော်ပြထား တယ် လို့ဆိုပါတယ်။ ကမ္ဘာ့ ရက်ကော့လို့ ဆိုရမလိုပါ။ ကားမောင်းရုံတင်မကဘဲ ဖုန်းမက်ဆေ့ဂ်ျတွေပါ မိတ်ဆွေတွေဆီ ပို့နေလို့ မိတ်ဆွေတွေက သိပြီး ရဲကိုအကြောင်းကြားကြတယ်။ ဒါ့ကြောင့် သူမကို ခြေ ရာ ခံလိုက်နိုင်တာပါ။ သန်းခေါင်အချိန်မှာ သူမရဲ့ Hamiltom မှာရှိတဲ့ အိမ်ကနေ ကားမောင်းထွက်သွားလိုက်တာ Mount Maunganui မှာရှိတဲ့ သူမရဲ့ နေအိမ်ဟောင်းကို မနက် ၄ နာရီ ၅၅ မှာ ရောက်သွားတယ်။ လမ်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ဘာဆိုဘာမှ မမှတ်မိဘူးလို့ သိရ ပါတယ်။
(ST)
အိပ်မပျော်ဘဲ မောင်းနေတဲ့ ဟောလုံးဒေးသွား စလုံးတွေ နယူးဇီလန်မှာ မကြာမကြာ အက်ဆီးဒင့်ဖြစ်ချိန်မှာ (ရန်ကုန် မန္တလေး လမ်းမကြီးကို အားနာ လို့ ချန်ထားခဲ့တယ်) သူမက အိပ်ပျော်နေရင်း ကားမောင်းတာ ဘာမှ မဖြစ် ဘူးဆိုတော့ ချီးကြူးစရာပါပဲ။

ခရီးသွားခြင်းနဲ့ ပတ်သက်လို့ အာဖရိက လေကြောင်းရဲ့ နောက်တောက်ေ တာက် ကြေငြာပုံကို ပြောပြချင်ပါတယ်။

" Ladies and gentle men။ ကျနော်တို့ လေကြောင်းရဲ့ ဝန်ဆောင်မှုကို သဘောကျပါသလား၊ သဘောမကျရင် အရေးပေါ် ထွက်ပေါက် ခြောက်ေ ပါက် (six emergency exits) ရှိပါတယ်"
"လေယာဉ်ပေါ်ကအဆင်းမှာ ဘာပစ္စည်းမှ မေ့မကျန်ခဲ့အောင် သတိထားပါ၊ ကျန်နေခဲ့ရင် ပြန်မရပါဘူး၊ လေယာဉ်ဝန်ထမ်းတွေအားလုံး အညီအမျှ ခွဲဝေ ယူကြမှာ ဖြစ်ပါတယ်။ ကလေးတွေနဲ့ ဇနီး/ခင်ပွန်းတွေကို ချန်မထားခဲ့ကြပါနဲ့" တဲ့။

ဒါပြီးတော့ မြောက်ကိုရီယား အဲယားလိုင်းကို သွားမယ်။
ကော်ရယို အဲယားလိုင်း (Air Koryo) ဟာ ပြုံယမ်း လေဆိပ်ကနေ မထွက် ခွာမီ နှစ်နာရီလောက် နှောင့်နှေးနေခဲ့တယ်။
လေယာဉ်တက်တော့မှ ခရီးသည်က လေယာဉ်ဝန်ထမ်းကိုခေါ်ပြီး နှောင့်နှေး ရခြင်းအကြောင်းကို မေးကြည့်တယ်။

"ဘာကြောင့် လေယာဉ်ထွက်ဖို့ နှစ်နာရီလောက် နှောင့်နှေးနေခဲ့ရတာလဲ"
"လေယာဉ်မှုးက လေယာဉ်မတက်ခင် စက်သံ မမှန်ဘူးဆိုတာ သတိထား မိ တော့ အရေးပေါ် အစားထိုးနေရလို့ပါ"
"အခု လေယာဉ်အင်ဂျင် အစားထိုးပြီးပြီပေါ့"
"လေယာဉ်မှုးကို အစားထိုးလိုက်တယ်လေ။ ဘာလို့ အင်ဂျင်ကို အစား ထိုးနေမလဲ၊ စက်သံ မမှန်ဘူးထင်တာက လေယာဉ်မှုးပဲ ဥစ္စာ"

Post a Comment