လိပ်တစ်ကောင်ရဲ့ အားသာချက် ၆ ချက်

၁။ အသက်ရှည်အောင် ကျန်းမာရေးလုပ်ရတယ်ဆိုတဲ့ စကားဟာ လိပ်နဲ့ လုံးဝမဆိုင်။ ပြေးလွှားနေတဲ့ ယုန်တွေ ခွေးတွေထဲမှာ ဘယ်သူ အသက် ရာကျော်နေရလို့လဲ။ ဘာမှမလုပ်ဘဲ သက်တန်းရာကျော်ရှည်တာ လိပ်ပဲ ရှိတယ်။

၂။ စောင်းကန်းစောင်းကန်း လမ်းလျှောက်လို့လည်း ဘာမှမဖြစ်။ ဝင်တိုက် မိလည်း အခွံမာကြီးနဲ့ ဆိုတော့ ဘာမှမဖြစ်။ လိပ်က တည့်တည့်ကို မလျှောက်တတ်ဘူး။ ကြီးလေ မတည့်လေ။

၃။ လူတိုင်းကိုလည်း မျက်နှာ ပြနေစရာမလိုဘူး။ တခြားသတ္တဝါတွေဆို မျက်နှာချိုသွေးရ၊ အမြီးနံ့ရ။ လိပ်ကမျက်နှာ မပြဘဲ အလုပ်ဖြစ်တယ်။ ခပ်တင်းတင်း ခပ်တည်တည်ပဲ။

၎။ အားအားရှိ ကိုယ့်ဘက်ကို ယက်နေရုံပဲ၊ လိပ်ဆိုတော့ ဘယ်သူမှ၊ ဘာ မှပြောလို့ မရ။ ပြောလည်း ဘာမှမဖြစ်။ စကားပုံ ရှိနေလို့။

၅။ ဘယ်သူနဲ့မှ မတွေ့ချင်တော့ဘူးဆိုရင် ပင်လယ်ထဲဆင်းသွားပြီး နားအေး ပါးအေး ငုတ်နေလိုက်ရုံပဲ။ အကြောင်းရှိရင် ကောင်လေးတွေ ဆက်သွယ် ကြပေါ့။


၆။ နောက်ဆုံး မဖြစ်မနေ ယုန်နဲ့ အပြေးပြိုင်ရရင်တောင် လိပ်ကနိုင်တယ်။
(ပုံပြင်ထဲမှာတော့ ယုန်ကလေးစားတဲ့ အစာထဲမှာ အိပ်ဆေးတွေ တွေ့ရသတဲ့၊ လက်တွေ့မှာတော့ ခရာမှ မမှုတ်ရသေးဘူး လေးပုံ တစ်ပုံ ရောက်နေပြီ)

ပြီးပါပြီ။
ဆက်ချင်ရင် ကိုယ်ဘာသာပဲ ဆက်ကြပါ။

Post a Comment