အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ

1) အမျိုးသမီးတစ်ယောက် အလုပ်ခွင်ထဲမှာ ကိုယ်ဝန်ရတယ်။
2) အလုပ်ရှင်က ဒီကိစ္စကို သိတာနဲ့ တပြိုင်နက် အဲ့ဒီ အမျိုးသမီးကို ချက်ချင်း အလုပ်ဖြုတ်ပစ်တယ်။
3) ဒါကို မကျေနပ်တဲ့ အလုပ်ရှင်အဖွဲ့ထဲက တာဝန်ရှိသူတစ်ယောက်က အလုပ်သမား ဝန်ကြီးဌာနကို တိုင်ကြားတယ်။
ဒီ ပြဿနာကို အလုပ်သမား ဝန်ကြီးဌာနက ကြားဝင် ဖြေရှင်းပေးတယ်။

1) ဒီမှာ.. အလုပ်သမားရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို အလုပ်ရှင်က ဘယ် အတိုင်း အတာအထိ ဝင်ရောက် ဖက်စွက်ခွင့် ရှိသလဲ။
2) ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွေနဲ့ အစိုးရဥပဒေ ဘယ်လောက်အထိ ညီအောင် ညှိနိုင်မလဲ။
3) ဒီလိုတွေ ကြုံတွေ့လာရင် အစိုးရရဲ့ ရပ်တည်ချက်က ဘယ်လိုရှိမလဲ။

ဖြစ်ခဲ့တာတွေက စင်္ကာပူရဲ့ အကြီးဆုံး ချပ်ကျောင်းတွေထဲက တစ်ကျောင်း မှာ ဖြစ်ခဲ့တာပါ။
ချပ်ကျောင်းထဲမှာလည်း အုပ်လုပ်သေးတယ်၊ ဘာသာရေးက ခွင့်မပြုတဲ့ ကိစ္စ ကိုလည်း လွန်ကျူးတယ်ဆိုပြီး ချပ်ကျောင်းကော်မတီက ၆ လ နို့တစ်စ် မပေး ဘဲ ဖြုတ်တယ်။
ဒီမှာ အစိုးရဥပဒေနဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်မှု ထိပ်တိုက်တွေ့ကြတယ်။
အစိုးရက ဘယ်အဖွဲ့အစည်းမှာပဲ လုပ်လုပ် အစိုးရရဲ့ အလုပ်သမား ဥပဒေ ဟာ အမြဲ အကြုံးဝင်နေရမယ်ဆိုပြီး မိန်းကလေးကို နစ်နာကြေးပေးဖို့ လမ်းညွှန်တယ်။ ပေးလည်း ပေးရတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အလှူငွေ အလွဲသုံးစားလုပ်မှုနဲ့ ဗုဒ္ဓဘာသာကို ကိုင်ခဲ့တယ်။
အခု စီးတီးဟားဗတ်စ်ကို ကျကျနန ကိုင်နေတယ်။ ပြစ်မှုထင်ရှားရင်တော့ မ လွယ်ဘူး။ တကယ်ဆို စင်္ကာပူအစိုးရထဲမှာ ခရစ်ယန်တွေ များပါတယ်။
သမာသမတ်ကျတော့ လစာတွေ အများကြီးယူထားတဲ့ အစိုးရလို့ ပြောတာ က လွဲရင် အစိုးရရဲ့ စာရိတ္တက အပြစ်ပြောဖို့ ခက်တယ်။
ဘယ်ဘာသာမှ နိုင်ငံဥပဒေအထက် ရောက်မနေရဘူး ဆိုတဲ့ ပေါ်လစီပါပဲ။ ဒါမှလည်း ဘာသာစုံ စုပေါင်းနေထိုင်လို့ရမယ်။

Post a Comment