သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ခံစားခြင်း ( ၇ )


Andy Rooney (၁၉၁၉ ၂၀၁၁)

မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ပြန်စလိုက် ပါတယ်။ ဒီနေ့ တီဗွီကြေငြာသူ၊ စာရေးဆရာ၊ သတင်းစာဆရာ အမေရိကန် Andy Rooney ကို ရွေးလိုက်ပါတယ်။
သူ့ရဲ့"I've learned...." ဆိုရိုစကားတွေလည်း ကမ္ဘာကျော်ပါတယ်။ အခုတော့..

သူပြောမှ Vegetarian က ရှင်းသွားတယ်။
Vegetarian - that's an old Indian word meaning lousy hunter.

Vegetarian ဆိုတာ အဖြစ်မရှိတဲ့ မုဆိုးကိုခေါ်ဝေါ်တဲ့ အန္ဒိယန်း စကား အဟောင်း တဲ့။ အခု အသားမစားတာ ဖြစ်သွားပြီ။

လူ့သဘာဝကို သူဖွင့်ပြသွားတာလည်း တော်တော်ကောင်းပါတယ်။
People will generally accept facts as truth only if the facts agree with what they already believe.

အချက်အလက်တွေနဲ့ ညီရဲ့လား အချက်အလက်တွေနဲ့ ညီရဲ့လား လို့ မကြာ မကြာ မေးတတ်ကြပေမဲ့ တကယ့်အမှန်အကန် အချက်အလက်ကိုတောင် ကိုယ်လက်ခံထားတဲ့ ယုံကြည်မှုနဲ့ ကိုက်ညီမှ အမှန်လို့ လက်ခံကြတာမျိုး မ ဟုတ်လား။ တကယ်တော့ လူက အချက်အလက်ထက် ကိုယ့် အဇ္ဈတ္တ ကို ရှေးရှကြတာ များနေတာပါ။

ဒါကတော့ ဆင်ချင်မိစရာ မှတ်ချက်ပါ။ ကွန်ပျူတာက အချိန်ကုန် သက် သာပေမဲ့ စက္ကူတော့ တော်တော်ကုန် ဆိုပဲ။
Computers may save time but they sure waste a lot of paper. About 98 percent of everything printed out by a computer is garbage that no one ever reads.

အပြုံးစစ် ကို အဓိပ္ပါယ်ဖွင့်ရာမှာလည်း သူက တစ်မျိုးဆန်းနေတယ်။

If you smile when no one else is around, you really mean it.
ဘယ်သူမှ မရှိဘဲ တစ်ယောက်ထဲ ပြုံးမိရင် တကယ် ပြုံးချင်လို့ တဲ့။

နောက်ဆုံးစကားကို ပို သဘောကျတယ်။
ဒီမှာ It's paradoxical ကို "ရှေ့နောက်မညီဘူး" လို့ ယူဆနိုင်ပါတယ်။ မူရင်းက ပိုလှနေလို့ ဘာသာမပြန်တော့ပါဘူး။
It's paradoxical, that the idea of living a long life appeals to everyone, but the idea of getting old doesn't appeal to anyone.

ဇင်ဝေသော်

Post a Comment