မြန်မာပြည်က ၁၆ စိတ်ပဲ ကွဲရတော့မှာလား


တိုင်းရင်းသားအရေးကို ဖေ့စ်ဘုတ်စတေးတပ် အတိုတင်တော့ စဉ်းစားစရာ တချို့ ချန်ထားနိုင်တယ်ဆိုပေမဲ့ ဘယ်နည်းနဲ့မှတော့ မပြည့်စုံနိုင်ပါဘူး။
ဒိနေ့ ဒီကိစ္စကို နည်းနည်းထပ်ဆက်ပါမယ်။

နောက်ကွယ်က အကြောင်းများ......
မြန်မာပြည်ဟာ ကိုဆိုဗိုမဟုတ်၊ ခရိုင်မီးယား မဟုတ်ပါ။ ကိုဆိုဗိုဟာ စီဗီ လိုက်ဇေးရှင်းကြီး သုံးခုရဲ့မြားဦး (သို့) စစ်မြေပြင်ဖြစ်ပါတယ်။ အရေးကြုံတာနဲ့ အနောက်တိုင်း ခရစ်ယန်တွေနောက်မှာ ဂျာမဏီစတဲ့အုပ်စုကြီးက ထောက်ခံ ထားတယ်။ အော်သိုဒေါက်စ် နောက်မှာ ရုရှား၊ မွတ်စလင်တွေနောက်မှာ အီရန်စတဲ့ အစ္စလာမ်ကမ္ဘာက ထောက်ခံထားတယ်။

ခရိုင်မီးယားကလည်း အနောက်တိုင်း ခရစ်ယန်နဲ့ အော်သိုဒေါက်စ်တို့ရဲ့မြား ဦး ဖြစ်နေပြန်ပါတယ်။

ဒီတော့ စီဗီလိုက်ဇေးရှင်းလိုင်းအရကြည့်ရင် မြန်မာပြည်အတွက် အန္တရာယ် နှစ်ခု (သို့) သုံးခု ရှိနေနိုင်ပါတယ်။ ပညာရှင်တွေပြောတဲ့ အရှေ့အနောက်တံခါးပါပဲ။
၁။ ရိုဟိန်ဂျာ
၂။ ကိုးကန့်
၃။ နာဂလွတ်မြောက်ရေး ( စီဗီလိုက်ဇေးရှင်းကွဲ၊ အင်အားသိပ်မကောင်း။ အန္တရာယ် မကြီးလှ)

ရိုဟိန်ဂျာက ဘာလို့အန္တရာယ်ရှိနေတာလဲဆိုရင် သူ့ဘေးမှာ မွတ်စလင်နိုင် ငံကြီး ရှိနေလို့။ အကူအညီပေးချင်ရင် သူကနေတဆင့် အခြားနိုင်ငံတွေက အကူအညီတွေပါ ရောက်လာနိုင်လို့ပါ။ ဒါဆိုရင် အဲဒီဒေသဟာ ဗုဒ္ဓဘာသာ၊ မွတ်စလင် စီဗီလိုက်ဇေးရှင်းမြားဦးဖြစ်နေမယ်။

ကိုးကန့်ကတော့ သူ့နောက်မှာ တရုတ် (ဟန်တင်တန်စကားနဲ့ ကွန်ဖျူးရှပ် စီဗီ လိုက်ဇေးရှင်း) ရှိနေလို့ပါ။ လူရဲ့သဘောအတိုင်း အားကိုးရှိရင် မိုက်တတ် ပါတယ်။
နာဂလွတ်မြောက်ရေးအဖွဲ့ကတော့ စီဗီလိုက်ဇေးရှင်းကွဲတယ်လို့ပြောရင် ရ သလို တူတယ်လို့ပြောရင်လည်း ရပါတယ်။ သူတို့ကလည်း နာဂပြည်နယ် ထူထောင်ချင်နေပါတယ်။ အိန္ဒိယ၊ ကိုဟီးမားတဝိုက်မှာလည်း နာဂတွေရှိနေေ တာ့ အိန္ဒိယ အကူအညီမပါဘဲ ဒါက မလွယ်ပါဘူး။

ဟုတ်ပြီ။ ဒါဆိုရင် အခြားတိုင်းရင်းသားတွေကရော ဘယ်လိုလဲ။
အခြားတိုင်းရင်းသားတွေက ခရစ်ယန်များမယ်။ သူတို့ ခွဲထွက်ရေးကို အားပေး လို့ရတယ်ဆိုစေဦး စစ်ရေးစတဲ့ အကူအညီပေးဖို့ကျတော့ ခရစ်ယန်နိုင်ငံတွေ နဲ့ သူတို့က အလှမ်းဝေးတယ်။ သူတို့ဘေးမှာ ခရစ်ယန်နိုင်ငံကြီး မရှိဘူး။
ပြောမယ် သာပြောတာ လက်နက်တကယ်လျှော့ချနေတာက ခရစ်ယန်စူပါ ပါဝါကြီးတွေ။
စီဗီလိုက်ဇေးရှင်း တူနေတာရယ်၊ သူ့မှာလည်း မလေးနယ်စပ်ပြသနာတွေ ရှိနေတာရယ်ကြောင့် ထိုင်းနိုင်ငံနဲ့စပ်နေတဲ့ တိုင်းရင်းသားတွေကို ထိုင်းက စစ်ရေးအရ အကူအညီမပေးနိုင်ဘူး။



လူဦးရေးအများဆုံးက ရှမ်း။ ရှမ်းအများစုက မြန်မာနဲ့စီဗီလိုက်ဇေးရှင်း တူတယ်၊ နောက်ပြီး အပြန်အလှန်လက်ထပ်မှုတွေရှိတယ်၊ အပြန်အလှန် လက်ထပ်မှုဟာ ခွဲထွက်ရေးကို ဟန့်တားနိုင်တဲ့ အဓိက လူမှုရေးအကြောင်း ရင်းဖြစ်ပါတယ်။
ရခိုင်ကတော လတ်တလောမှာ ခွဲထွက်ပါဆိုရင်တောင် "စဉ်းစားပျဇေအုံး" ပြောရမယ့် အနေအထားပါ။ မွန်၊ ရခိုင်တွေက ဘာသာတူ တယ်။ အစိုးရက မျှမျှတတရှိရင် ဘာကိစ္စခွဲထွက်နေမှာလဲ။ လီကွမ်ယုတောင် ဒုတိယ စင်္ကာပူမလုပ်နိုင်တော့ဘူးလို့ ပြောသွားတယ်။ နိုင်ငံပေါက်စ အလုပ်ဖြစ်သွားတာက ကံလည်းပါတယ်။ ဒါက သူကိုယ်တိုင် ဝန်ခံထားတာ။

မနေ့က ဝီကီအရ မြန်မာပြည်က ၁၆ စိတ်ပဲ ကွဲရတော့မယ့်သဘော။

တရုတ်က တဖြည်းဖြည်း လူကြီးလူကောင်းဆန်ချင်လာတာရယ်၊ ကမ္ဘာအရပ် ရပ်က တရုတ်တွေကို စစ်ရေးအကူအညီပေးမယ်ဆိုရင် ကမ္ဘာနဲ့စစ်ဖြစ်ဖို့ပဲ ရှိတာရယ်ကြောင့် ကိုင်တွယ်ပုံ ညင်သာရင် ကိုးကန့်ပြသနာလည်း အဆင်ပြေနိုင်ပါတယ်။

နောက်ပြီး ပြည်တွင်းထဲက လက်ရှိတရုတ်တွေဟာ ဒုတိယ၊ တတိယမျိုးဆက် လည်းရောက်ရော မြန်မာ့ယဉ်ကျေးမှုကို အပီအပြင်မွေးစားသွားကြတယ်။ တစ်ခါတစ်ခါ "More Catholic than Pope" တောင် ဖြစ်နေတတ်တယ်။

အဲ ရိုဟိန်ဂျာကတော့ မွေးစားမှာ မဟုတ်ဘူး။
ဒါက စီဗီလိုက်ဇေးရှင်းအမြင်တချို့ပါ။ စိတ်ကူးပေါက်ရင် လူမှုကွန်ယက်ကို ဆက်ပါဦးမယ်။

ဇင်ဝေသော်

Post a Comment