လူဆိုတာ တရားမျှတတယ် ထင်ရင် ကြိမ်ဒဏ်ကို လည်စင်းခံတယ်။ မတရားဘူးထင်ရင်


မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးစုတွေများလို့ ညီညွတ်ဖို့ခက်တယ် ဆိုတာတွေကို ဒီနေ့အမြင်နဲ့ လက်ခံဖို့ သိပ်ခက်တယ်။
တိုင်းရင်းသားတွေ ထပ်တူမတူညီကြပါဘူး။ တူညီစရာလည်း မလိုဘူး။ သူ့ ယဉ်ကျေးမှုနဲ့သူ ရှိမှာပေါ့။
ဒါဆို ဒုတိယမေးခွန်းက သူတို့ချင်း ဘယ်လောက်များ ကွဲပြားနေလို့လဲ။
ဟန်တင်တန် သီအိုရီအရဖြေမယ်။
အီတလီက ရွာနှစ်ရွာ မတူကြဘူး။ ဒါပေမဲ့ ဂျာမဏီက ရွာနဲ့ယှဉ်တော့ အီတလီ ရွာချင်း တူနေတဲ့ဘုံယဉ်ကျေးမှုတွေ အများကြီး။ ဒါပဲ။

လက်ရှိ အစိုးရရဲ့ အကျင့်ပျက်မှု၊ အစိုးရနဲ့ ကပ်မိသူတွေ ကျိကျိတက် ချမ်းသာ မှု ပြသနာတွေ ဖြေရှင်းနိုင်ရင် တိုင်းရင်းသားတိုင်း လက်ခံမယ်။
မဟုတ်ရင် ရှုံးမှန်းသိလျက် အသေခံတော်လှန်ကြလိမ့်မယ်။

လက်ရှိအစိုးရဟာ အတွင်းရှုပ်ကို အရင်ရှင်းရမယ်။
အတွင်းရှုပ်မရှင်းနိုင်ရင် ဦးအောင်မင်း၊ ဦးရဲထွဋ် ဘယ်လောက် ပြုံးပြုံး အပြင်ပြသနာ မအေးဘူး။
လူဆိုတာ တရားမျှတတယ် ထင်ရင် ကြိမ်ဒဏ်ကို လည်စင်းခံတယ်။ မတရားဘူးထင်ရင် အသက်ပေး တော်လှန်တယ်။

Post a Comment