ပြန်ချင်တဲ့ ကွန်မင့် နှစ်ခု


အောက်ပါ ကွန်မင့်နှစ်ခုနဲ့ပတ်သက်လို့ သမိုင်းဆက်ကို ပြဖို့လိုလာပါတယ်။ ကွန်မင့် နှစ်ခုကို အရင် ဖတ်ကြည့်ပါ။ လူငယ်တွေလို့ ယူဆရပါတယ်။

၁။ သင်္ခ ရာဇာ"ကျွန်တော်တို့ဟာ အစွန့်ပစ် ခံလိုက်ရတာ မဟုတ်ပါဘူး။ အတောင်စုံလို့ စားကျက်ကောင်းရှာသွားတဲ့ ငှက်တွေကို သစ်ပင်ကြီးက စွန့်ပစ်လိုက်တာ လို့ ပြောလို့ မရပါဘူး။ အချိန်တန်လို့ အိပ်တန်းပြန်လာရင် ကြိုဆိုနေမြဲပါပဲ။ စွန့်ပစ်လိုက်တယ် ဆိုတဲ့စကားမှာ ကြိုဆိုခြင်း မပါလို့ မမှန်တာပါ"
"သင်္ခ ရာဇာ အစွန့်ပစ်ခံ ဟုတ်လား
အဓိပ္ပါယ် မှန်အောင် မဖော်တတ်တော့
အပြောမတတ် ဆဲသလို ဖြစ်နေပြီ"


၂။ Mi Su "အစွန့်ပစ်ခံဆိုတဲ့အစား တခြားလှတဲ့စကားလုံးလေးသုံးကြည့်ပါလား .... ရေကြည်ရာမြက်နုရာအရ ပိုက်ဆံပိုရှာကောင်းမယ့်စင်ကာပူကိုရောက်လာခဲ့တာမှန်ပေမယ့်.... ကိုယ်တွေကိုမောင်းထုတ်လိုက်တာမှမဟုတ်ပဲ အစွန့်ပစ်ခံပြောရအောင်"

မြန်မာပြည်က ထွက်ပြေးလာရသူတွေကို အထင်ကရ သမိုင်းနောက်ခံအရ သုံးအုပ်စု ခွဲကြည့်နိုင်ပါတယ်။
၁။ ကျောင်းသား သမဂ္ဂလွန် အုပ်စု (ဦးနေဝင်းခေတ်)
၂။ ၈၈ လွန်အုပ်စု
၃။ ၂၀၀၇ လွန်အုပ်စု တို့ပါ။

၁ နဲ့ ၂ ဟာ ပရော်ဖက်ရှင်နယ်နဲ့ ပညာရှင်စစ်စစ်တွေချည်းပါ။ ၃ ကတော့ ရောနေပါတယ်။ အင်ဂျင်နီယာ၊ အိုင်တီစသည်နဲ့ ကျောင်းတက်လာသူကအစ အလုပ်ကြမ်း၊ အလုပ်နု အလွှာစုံပါလာတယ်။
လီကွမ်ယု ဘာကို ရည်ရွယ်တယ် ထင်ပါသလဲ။
စင်္ကာပူရဲ့ ၂၀ ရာစုတွင်းအချမ်းသာဆုံးစာရင်းမှာ မြန်မာပြည်ပြေး (လောစစ်ဟန်မပါ) ဘယ်နှယောက် ရှိနေနိုင်ပါသလဲ။ နိုင်ငံသမိုင်းဟာ ၂၀၀၇ က စတာ မဟုတ်လေဘူး။ ဆဲသလိုထင်ရင် ကွန်မင့်မရေးခင် သမိုင်း တစ်ခေါက် ပြန်ဖတ်ပေးပါ သင်္ခရာဇာနဲ့ မိစု။

Post a Comment