ကျမအတွက် ပဟေဠိ (၂)


ကမ္ဘာ့အတော်ဆုံး ကလေးများ (The Smartest Kids in the world)
By Amanda Ripley

ပဟေဠိဆန်ဆန် ဖင်လန်က စက်ရုပ် လေး များ

မတူညီတဲ့ နိုင်ငံတွေရဲ့ ပညာရေးကွာဟမှုကို ရှင်းပြနိုင်ဖို့ ပညာရေးဆိုင်ရာ သမားတော်ကြီးတွေ အသေအလဲ ကြိုးစားပြီး အဖြေရှာနေကြ၊ ရှင်းပြနေ ကြ တယ်။ ဟိုး … အဝေးကြီးမှာ ရှိနေတဲ့ ကလေးတွေဆီအထိ အရောက် သွား ကြတယ်။ နိုင်ငံရေးသမားတွေ၊ ကျောင်းအုပ်ကြီးတွေနဲ့ တွေ့ဆုံ စကားပြော ကြတယ်။ ကျန်နေရစ်ခဲ့သူတွေကို ပြဖို့ ပါဝါပွိုင့်တွေ လုပ်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ အဆုံးသတ် အဖြေက ရူးချင်စရာ ကောင်းလောက်အောင် ကိုးယို့ ကားယား ဖြစ်နေတော့တယ်။

ပညာရေးမှာ ထိပ်တန်းရောက်နေတဲ့ ဖင်လန်နိုင်ငံကို ဥပမာအနေနဲ့ ကြည့်ပါ။ အမေရိကန် ပညာရေနယ်ပယ်မှာ ရှိတဲ့ ဆရာကြီးတွေက ဖင်လန်နိုင်ငံဟာ ပညာရေး လိုတရ ရပ်ဝန်းတစ်ခု လို့ထင်နေကြတယ်။ ကလေးတွေက ဆရာေ တွကို လေးစားအထင်ကြီး ချစ်ခင်ကြတယ်။ ဖင်လန်နိုင်ငံ ဒီအခြေအနေကိုေ ရာက်ခဲ့ရတာ ကလေးဘဝ ဆင်ရဲမွဲတေမှု နည်းပါးခြင်းဟာ အဓိက အကြောင်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ မတူညီတဲ့ လူတန်းစား ကွာဟ မှုကြောင့် အမေရိကရဲ့ ကလေးဘဝ ဆင်းရဲမွဲတေမှုနှုန်းဟာ ဖင်လန်ထက် အများကြီး မြင့်နေတယ်။
သူတို့အကြောင်းပြချက်အတိုင်းသာ ဆိုရင်တော့ ဆင်းရဲမွဲတေမှု မပပျောက်ေ သးသမျှ ပညာရေးလည်း တိုးတက်လာစရာ မရှိတော့ဘူး။ ပညာရေးကောင်း ဖို့အတွက် ကလေးတွေကို ချမ်းသာအောင် အရင်လုပ်ပေးရမယ့် သဘောပဲ။

ဆင်းရဲမွဲတေမှု အကြောင်းပြချက်ဟာ အခြေခံကျသလို အဓိပ္ပါယ်လည်း ရှိပါ တယ်။ အမေရိကရဲ့ ကလေးဘဝ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းက (၂၀) ရှိပါ တယ်။ တစ်မျိုးသားလုံး အရုပ်ဆိုးစေတဲ့ အချက်ပါ။ ကလေးဘဝနဲ့ မတန်တ ဆ ဖိအားတွေအောက်မှာ နေကြရတဲ့ ကလေးတွေ ရှိတယ်။ အိမ်မှာ သင်ယူ ခွင့်လည်း သိပ် မရကြရှာဘူး။ သူတို့ကို ကျောင်းတွေက အကူအညီ ပိုပေးနို င်အောင် ကြိုးစားကြရမယ်။

ဒါပေမဲ့ ဒီပြဿနာက ဒီလောက် ရိုးစင်းတာလည်း မဟုတ်ပြန်ဘူး။

ဆင်းရဲမှုသာ အဓိကပြဿနာဆိုရင် နော်ဝေကို ဘယ်လို ပြောကြမလဲ ။ နော်ဝေဟာ အခွန် အမြင့်ဆုံး ပေးရပြီး အစိုးရရဲ့ စောင့်ရှောက်မှု အရဆုံး၊ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး၊ သဘာဝ အရင်းအမြစ် အချမ်း သာဆုံး နိုင်ငံ အနည်းငယ်ထဲမှာ ပါဝင်နေတဲ့ နိုင်ငံပါ။ ကလေးဘဝ ဆင်းရဲ မွဲတေမှုမှာ နော်ဝေနဲ့ ဒိန်းမတ် တူပါတယ်။ ကလေးဘဝ ဆင်းရဲမွဲတေ (၆) ရာခိုင်နှုန်းတောင် မရှိဘဲ ကမ္ဘာမှာ ဆင်းရဲမွဲတေမှု အနည်းဆုံး နိုင်ငံတွေပါ။ ပညာရေးနဲ့ ပတ်သက်လို့ သုံးစွဲရာမှာလည်း နော်ဝေဟာ အမေရိကလောက် ရှိပါတယ်။ ဒါပေမဲ့ နော်ဝေက ကလေးတွေဟာလည်း ၂၀၀၉ - (နိုင်ငံတကာ စစ်တမ်းမှာ အမေရိကန် ကလေးတွေလိုပဲ သိပ် မစွံလှပါဘူး။ နော်ဝေမှာ တစ်ခုခု ချွတ်ယွင်းနေတယ်။ ဒါ သေချာတယ်။ အဲဒါ ဆင်းရဲမွဲတေမှုတော့ မဟုတ်နိုင်ပါဘူး။

အလားတူပါပဲ။ ဖင်လန်နိုင်ငံသားတွေကလည်း သူတို့ပညာရေး အောင်မြင် မှုနဲ့ ပတ်သက်လို့ အကြမ်းဖျင်း အဖြေတစ်ခုကို ပေးကြပါတယ်။ သူတို့က လွန်ခဲ့တဲ့နှစ်ပေါင်း ရာချီတဲ့ အချိန်ကတည်းက ပညာရေးကို တန်ဖိုးထားကြ လို့ပါတဲ့။
ကဲ … အဲဒီအဖြေအတိုင်းသာဆိုရင် (၁၉၅၀) ခုနှစ်တွေမှာ ဘာကြောင့် ဖင်လန်က ကလေး (၁၀) ရာခိုင်နှုန်းပဲ အထက်တန်းပညာရေး ပြီးဆုံးရတာ လဲ။
(၁၉၆၀) ခုနှစ်တွေမှာ ကျေးလတ်နေ ကလေးတွေနဲ့ မြို့ပြနေ ကလေးတွေရဲ့ ပညာရေးက ဘာကြောင့် အများကြီး ကွာဟနေတာလဲ။ ဒီလိုအထိ ပြန်ကြည့် မိတော့ ဖင်လန်ရဲ့ ပညာရေးအပေါ်ထားတဲ့ သဘောတရားကလည်း မညီ မ မျှပဲပေါ့။ ဘယ်လို ဖြစ်တာပါလိမ့်။

တစ်ချိန်တည်းမှာပါပဲ၊ အမေရိကန်သမ္မတ အိုဘားမားနဲ့ သူ့ရဲ့ ပညာရေး ဝန် ကြီးက တောင်ကိုရီးယားရဲ့ ပညာရေးကို မနာလို ဝန်တိုတောင် ဖြစ်မိတယ် ဆိုပြီး ကလေးတွေရဲ့ လေးစားမှုကို ခံရတဲ့ ကိုရီးယားကျောင်းဆရာတွေ ၊ နောက်ကနေ တွန်းအားပေးနေတဲ့ ကိုရီးယားမိဘတွေကို ချီးကျူးပြောဆို လာပြန်ပါတယ်။
ဒီအချက်ကို ပြန်ကြည့်တော့ ကိုရီးယားနဲ့ ဖင်လန် တူညီတဲ့ အချက်ရယ်လို့ လည်း ဘာမှ မရှိဘူးဆိုတာ တွေ့ရပြန်ပါတယ်။ ကိုရီးယားရဲ့ ပညာရေးစနစ် က စာမေးပွဲနဲ့ မောင်းနှင်နေတာ ဖြစ်ပြီး ကျောင်းသားတွေကလည်း အမေရိ ကန် ကျောင်းသားတွေထက် လေ့လာချိန် ပိုနေပါတယ်။
သဘောမတူစရာ အဲသလို ကျယ်ကျယ်လောင်လောင် အသံတွေကို ကြား လိုက်ရပြီး ပညာရေးအဆင့် မြင့်မား၊ အရွယ်မတိုင်မီ ကျောင်းထွက်မှု ရာ ခိုင်နှုန်းသုည၊ ကောလိပ်ဘွဲ့ရ အရေအတွက်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းနိုင် ငံပေါ်က ကလေးတစ်ယောက်ရဲ့ ဘဝဟာ ဘယ်လိုများ နေမလဲဆိုတာ စဉ်းစားလို့မရ ဖြစ်နေခဲ့ရပါတော့တယ်။

ဖင်လန်က ကလေးတွေကရော ကျမဖတ်နေတဲ့ စာအုပ်ထဲကအတိုင်း နော ဒစ်စက်ရုပ်ကလေးတွေ ဖြစ်နေလေမလား။ ကိုရီးယားကလေးတွေကရော ဒီအောင်မြင်မှုကို ချိုမြိန်တဲ့ အရသာလို့ ယူဆကြပါသလား။
သူတို့ မိဘတွေကရော ဘယ်လိုလဲ။ မိဘတွေအကြောင်း ဘယ်သူမှ ဘာမှ မပြောကြဘူး။
မိဘတွေရဲ့ အခန်းကဏ္ဍက ဆရာတွေလောက် အရေးမပါလို့လေလား။

ဒါနဲ့ပဲ အထက်မြတ်ဆုံး ကလေးတွေရှိရာ နိုင်ငံတွေဆီ တစ်နှစ်ကြာခရီး ထွက် ဖို့ ကျွန်မ ဆုံးဖြတ်လိုက်မိပါတော့တယ်။ အဲဒီစက်ရုပ် သေးသေးလေးတွေကို ကျွန်မကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ချင်တယ်။

အင်္ဂါနေ့မနက် ဆယ်နာရီမှာ သူတို့ ဘာတွေများ လုပ်နေကြပါလိမ့်၊ သူတို့ေ ကျာင်းက ပြန်ရောက်ရင် မိဘတွေက သူတို့ကို ဘာတွေ ဘယ်လို ပြောကြ ပါလိမ့်။ သူတို့ တကယ်ရော ပျော်ပျော်ရွှင်ရွှင် ရှိကြရဲ့လား။

ကျွန်မရဲ့ ကလေး အေးဂျင့်များ

နော့ဒစ်စက်ရုပ်ကလေးတွေကို (နော်ဒစ် (Nordic) ဆိုတာ ဂျာမန်နဲ့ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန် စတဲ့ စကင်နေဗီးယန်းလူမျိုးတွေကိုညွှန်းဆိုပါတယ်။ ဒီမှာတော့ စာရေးသူက ဖင်လန်က ကျောင်းသားလေးတွေကို ချစ်စနိုး နဲ့ နော့ဒစ်စက်ရုပ်ကလေးတွေလို့ သုံးခဲ့ဟန် တူပါတယ်) ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နိုင်ဖို့အတွက် သူတို့အထဲ ရောက်နေပြီးသား (သူတို့နဲ့ အနီးဆုံးမှာ ရောက်နေတ)ဲ့ အတွင်းလူတစ်ယောက်တော့ လိုနေ တာပေါ့။ သူဟာ ကျမကိုယ်တိုင် မမြင်နိုင်၊ မသိနိုင်တာတွေကို မြင်နိုင်တွေ့ နိုင်တယ်လေ။ ဒါနဲ့ ကျမလည်း အကူအညီ ပေးနိုင်တဲ့ ကျွမ်းကျင်လူငယ် အဖွဲ့လေးတစ်ဖွဲ့ကို ဖွဲ့လိုက်မိတော့တယ်။

သက္ကရာဇ် (၂၀၁၀) နဲ့ (၂၀၁၁) ခုကြားမှာ အတော်ဆုံးဆိုတဲ့ နိုင်ငံ သုံးနိုင်ငံရဲ့ ဘဝထဲမှာ လက်တွေ့နေလာခဲ့ကြတဲ့ အမေရိကန်လူငယ် သုံးယောက်နောက် ကို ခြေရာခံ လိုက်နိုင်ခဲ့ပါတယ်။ သူတို့ကလည်း ဒီပရောဂျက်ရဲ့ တစ်နှစ်ကြာ ဖော်ရိန်းအိတ်ချိန်း (ပြင်ပကမ္ဘာမှာတော့ ရှင်းစရာ သိပ်မလို တဲ့ ဝေါဟာရပါ။ ကျောင်းသားလေးတွေ ယဉ်ကျေးမှုချင်း၊ ပညာရေး ချင်း နှီးနှောဖလှယ်နိုင်အောင်လို့ နိုင်ငံအချင်းချင်း ကျောင်းသားလေးတွေကို စေလွှတ်၊ လက်ခံတဲ့ ဆင့်ပွားပညာရေးအစီအစဉ်တစ်ခုပါ။ ) စွန့်စားခန်းမှာ အဓိက ပါဝင်ကူညီကြဖို့ သဘောတူခဲ့ကြပါတယ်။ သူတို့ ရှိနေတဲ့ နိုင်ငံတွေဆီ ကျမက သွားရောက်ခဲ့သလို ပြန်ရောက်လာတဲ့ နောက်မှာလည်း အဆက် အ သွယ် မပြတ်ခဲ့ကြပါဘူး။

သူတို့အမည်တွေက ကင်(မ်) (Kim) အဲရစ် (Eric) နဲ့ တွမ် (Tom) တို့ပါပဲ။ သူတို့ကပဲ သူတို့ရဲ့ ခဏ နားခိုရာ အိမ်၊ ခဏ အပန်းဖြေရာ ကော်ဖီဆိုင်၊ ခဏခိုလှုံရာ နိုင်ငံခြား မြေပေါ်မှာ ကျမရဲ့ ကိုယ်ရံတော်လေးတွေအဖြစ် ဖြည့် စည်းပေးကြခဲ့ကြပါတယ်။

ကင်(မ်) က ဥက္ကလားဟိုးမား (အိုကလာဟိုးမား) ကနေ ဖင်လန်ကို သွားခဲ့ သူ၊ အဲရစ်ကတော့ မင်နီဆိုးတား (Minnesota) ကနေ တောင်ကိုရီးယား ကို ခြေဆန့်ခဲ့သူ၊ တွန်ကတော့ ပင်ဆယ်ဗင်နီးယား (Pennsylvania) ကနေ ပိုလန်ကို ထွက်ခဲ့သူပါပဲ။ သူတို့ဟာ အမေရိကရဲ့ မတူညီတဲ့ နေရာတွေကနေ မတူညီတဲ့ အကြောင်းတွေနဲ့ မတူညီတဲ့ နေရာတွေကို သွားရောက်ခဲ့သူတွေပါ။

သူတို့သုံးယောက်ကို အကြံပေးတွေအနေနဲ့ ကျမက ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ တစ်ဦးချင်းဆီရဲ့ အတွေ့အကြုံကို ပြောပြဖို့ပဲ တာဝန် ယူခဲ့ကြပါတယ်။ သူတို့အတွေ့အကြုံတွေဟာ အမေရိကန် ကလေးအားလုံး ကို ကိုယ်စားမပြုဘူးပေါ့။ နောက်ပြီး သူတို့ ပြောပြချက်တွေဟာလည်း သူတို့နေထိုင်ခဲ့တဲ့ နိုင်ငံတွေက သိန်း ပေါင်းများစွာသော ကလေးအားလုံးရဲ့ ဘဝအမှန်ကို ကိုယ်စားပြုမယ် မဟုတ်ပါဘူး။

ဒါပေမဲ့ ကျမသူတို့ဆီက ရခဲ့တဲ့ အဖြစ်အပျက်တွေဟာ နိုင်ငံရေးသမားတွေ ရဲ့ ပေါ်လစီလက်စွဲစာအုပ်တွေထဲမှာ လုံးဝ မပါသေးဘူးဆိုတာကတော့ သေ ချာလှပါတယ်။

သူတို့သုံးယောက်စလုံးကလည်း ရိုးရိုးသားသား ဝန်ခံပါတယ်။ ပေါ်လစီ တချို့နဲ့ တိုက်ဂါးအမေစတဲ့ (အာရှတိုက် နိုင်ငံတချို့က မိခင်တွေဟာ ကလေးရဲ့ပညာရေးနဲ့ပတ်သက်ရင် စည်းကမ်းတွေ တင်းကြပ်လွန်းလို့ အနောက်က သူတို့ကို ကျားနဲ့နှိုင်းပြီး ခေါ်ဝေါ်သုံးစွဲထားတဲ့ ဝေါဟာရပါ။ စင်္ကာပူတို့ ကိုရီးယားတို့က အမေတွေဟာ ရှေ့ဆုံးကပေါ့။) အကြောင်းတွေကို သူတို့ မပြောကြပါဘူး။ ကျမသွားခဲ့တဲ့ နိုင်ငံတိုင်းမှာ ကျမ ရဲ့ အေးဂျင့်လေးတွေက သူတို့သူငယ်ချင်းတွေ၊ မွေးစားမိဘတွေ၊ ဆရာတွေ နဲ့ မိတ်ဆက်ပေးကြပါတယ်။ သူတို့အားလုံးဟာ ကျမရဲ့ လိုအပ်နေတဲ့ အချက်တွေကို ဖြည့်ဆည်းပေးလိုက်တဲ့ အသိုင်းအဝိုင်းတွေ ဖြစ်လာခဲ့ပါတယ်။

ဥပမာ ကိုရီးယားမှာဆိုရင် အဲရစ်က သူ့ရဲ့ သူငယ်ချင်း ဂျင်နီနဲ့ တွေ့ပေးခဲ့ ပါတယ်။ ဆယ်ကျော်သက် ဂျင်နီဟာ သူမရဲ့ ကလေးဘဝကို အမေရိကမှာ တစ်ဝက်၊ ကိုရီးယားမှာ တစ်ဝက် နေထိုင်ခွင့် ရခဲ့တဲ့ မိန်းကလေးပါ။ ကျမ အတွက်တော့ ဂျင်နီဟာ အမှတ်မထင် တွေ့ခွင့်ရလိုက်တဲ့ ပညာရှင် တစ်ယောက်ပါပဲ။ အဲရစ် မဖြေနိုင်တဲ့ မေးခွန်းတချို့ကို သူမက ဖြေပေးနိုင် ခဲ့တယ်။ (သူတို့ကလေးတွေရဲ့ အင်တာဗျူး ဗွီဒီယိုကို www.amandaripley.com မှာ ကြည့်ရှု့နိုင်ပါတယ်)

အချုပ်အနေနဲ့ ပြောရရင် ဒီပရောဂျက်အတွက် အမေရိကနဲ့ နိုင်ငံခြားမှာရှိတဲ့ exchange student ရာပေါင်းများစွာနဲ့ စကားပြောခဲ့တယ်။ ဒီအတွေ့အကြုံ က နိုင်ငံတွေရဲ့ ပညာရေးအကြောင်း ရေးပြထားတဲ့ စာအုပ်တွေ၊ သတင်းေ တွနဲ့ မတူဘဲ သူတို့ရဲ့ ဘဝအမှန်ကို မြင်တွေ့ခွင့် ရရှိခဲ့ပါတယ်။ သူတို့မိဘတွေ၊ ကျောင်းတွေ၊ အိမ်နဲ့ကျောင်းမှာ နေထိုင်ကျင်လည်ရတဲ့ သူတို့ဘဝအကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။

ကျမထင်ထားတဲ့ အတိုင်းပါပဲ။ အမေရိကရဲ့ ပြဿနာနဲ့ အားသာချက်တွေ အကြောင်း သူတို့ကို မေးရာမှာတော့ သူတို့အဖြေတွေကလည်း ပြောင်းသွား တယ်။ အနည်းနဲ့အများပဲ ကွာမယ်၊ သူတို့လည်း အမေရိကရဲ့ တစ်မူထူးခြား တဲ့ ပညာရေးစနစ်ကို သိထားကြပါတယ်။ ဒါကိုလည်း ဖွင့်ဟပြောဖို့ သူတို့ လက်မတွန့်ခဲ့ကြပါဘူး။

နောက်ဆုံး အမေရိကကို ပြန်ရောက်တော့ ကျမဟာ ပိုလို့တောင် အကောင်ြး မင်ဝါဒ ရှိလာခဲ့ပါတယ်။ အရေးမပါတဲ့ ကိစ္စတွေအတွက်နဲ့ အချိန်တွေ၊ ငွေေ တွ ဖြုန်းတီးခဲ့ကြတယ်ဆိုတာ အထင်အရှားပါပဲ။ ကျောင်းတွေ၊ မိသားစုတွေ ကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ခေါင်းရှုပ်နေကြရတယ်။ ဖင်လန်၊ ကိုရီးယားနဲ့ ပိုလန်မှာ တွေ့ခဲ့ရသလိုမျိုး တိကျတဲ့ ဦးတည်ချက်တွေ ကင်းမဲ့နေ ကြတယ်။ သူတို့ ဒီလိုလုပ်နိုင်ရင် ကျမတို့ ကလေးတွေ၊ ကျောင်းက ဆရာေ တွ၊ မိဘတွေကလည်း ကောင်းကောင်းကြီး လုပ်ပြနိုင်မယ်ဆိုတာ ယုံကြည် မိပါတယ်။

ကျမ တွေ့မြင်ခဲ့ရတာတွေက ကလေးမျိုးဆက်ကြီး တစ်ခုလုံးဟာ သူတို့ ရ သင့်ရထိုက်တဲ့ ပညာရေးကို ရကြတယ်။ တစ်ခါတစ်ခါမှာတော့ ချောချောမွေ့မွေ့ မရှိလှဘူးပေါ့။ ဒါပေမဲ့ သူတို့ ရကြ တယ်။ မကိုက်ညီတဲ့ ပေါ်လစီတွေ ရှိမယ်။ ဗြူရိုကရေစီတွေ၊ အသိဉာဏ် နည်းတဲ့ မိဘတွေ … ဒါတွေ ရှိကောင်း ရှိမယ်။ ဘာပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံး ဆိုင်ရာ ပညာရေးစနစ် ဆက်သွယ်မှုကတော့ ရှိကို ရှိနေကြရမယ်။ တခြားနိုင်ငံတွေက ကျမတို့ကို လမ်းပြ၊ ကျမတို့က သူများနိုင်ငံတွေကို လမ်းပြနေကြရင်းနဲ့ပေါ့။

ကျမအတွက် ပဟေဠိ (၁)

Post a Comment