"လိုအပ်တဲ့အခါ" ဆိုတာ


အရင် သီဟိုဠ်ဆရာတော်ကြီးလက်ထက်က ပန်းကန်ခွက်ယောက် အဟောင်းတွေေ ကျာင်းမှာရှိတယ်။ လိုအပ်တဲ့အခါ သုံးဖို့ဆိုပြီး ဘယ်သူ့ကိုမှ မပေးရက်ကြတာ။ တန်ဖိုးလည်း မကြီးလှဘူး။ အဓိက, က အစွဲပါ။
ဒါနဲ့ "လိုအပ်တဲ့အခါ" ဆိုတာကို မေးခွန်းထုတ်လိုက်တယ်။ "ဘယ်အချိန် လို အပ်လောက်သလဲ၊ ငါနေခဲ့သမျှ ၁၂ နှစ်တာ ကာလမှာတော့ တစ်ခါမှ ဒါတွေ မလိုခဲ့ဘူးဘူး။ ပွဲအကြီးဆုံး နှစ် ၅၀ ပြည့် ပွဲမှာတောင် မသုံးလိုက်ရဘူးဆိုတော့ ဒီထက်ကြီးတဲ့ပွဲ ရှိဦးမှာလား။ နှစ် တစ်ရာပြည့်အထိ ဆက်ထားကြမှာ လား" ပေါ့။
ဒီတော့မှ ကော်မတီတစ်ဖွဲ့လုံး ဝါး ကနဲ ရယ်ကြတယ်။ ပန်းကန်ခွက်ယောက် အဟောင်းတွေကိုလည်း အခြားလူမှုအဖွဲ့အစည်းတွေကို ပေးလိုက်ကြတယ်။ (ဒါတောင် တချို့ကို "လိုအပ်တဲ့အခါ" ဆိုပြီး ချန်ထားကြသေးတယ်။ ဖြစ်ရပုံ)။ ဒါက စင်္ကာပူမှာ။

ပြောချင်တာက အလုပ်မဖြစ်တဲ့ အစဉ်အလာတွေကိုလည်း အဲသလိုပဲ ပျောက် မှာစိုးလို့ ထိန်းတတ်ကြတယ် ဆိုတာပါ။ မပျောက်ဘဲ ရှိနေတော့လည်း သုံးကြ တာတော့မဟုတ်ဘူး။
အဲဒီနိုင်ငံဟာ ဥပါဒါန်လေးပါး အကြောင်းလည်း အပြောဆုံး၊ အဟောဆုံး။ လူတွေရော၊ ဘုန်းကြီးတွေရော။

ရှေးဟောင်းမင်္ဂလာများနဲ့ ခေတ်သစ် လူမှုဒိုင်မင်းရှင်း (၂)


ဆရာတပည့် ဆက်ဆံရေး ပြောင်းလဲလာရင် သူတို့ကြားက တာဝန်နဲ့ ၀တ္တရားတွေဟာလည်း မလွဲမသွေ ပြောင်းသွားမှာပဲ ဖြစ်ပါတယ်။

လင်မယား ပြိုင်တူ အလုပ်လုပ်နေရတဲ့ခေတ်၊ အမျိုးသားရဲ့ အိမ်ထောင်ဦးစီး၊ ဘရက်ဝင်းနား (Bread winner) ရာထူးလျောကျလာတဲ့ ခေတ်ကြီးမှာ “တစ်လမ်းသွား လင်၊ မယားကျင့်ဝတ်တွေဟာ" လည်း အလျားအနံ သင့်လှတော့မယ်မဟုတ်ပါ။ ဇနီးဖြစ်သူကြိုးစားလိုက်နာသည်ဆိုစေ တရား မျှတဟန် မတူတော့ပါ။

ရှေးယခင်က သခင်နဲ့ ကျေးကျွန်၊ ယနေ့ခေတ်မှာ အလုပ်ရှင်နဲ့ အလုပ်သမား၊ လူတန်းစား ကွဲပြားမှု အရမှန်ပေမယ့် သူတို့ကြားက ဆက်ဆံရေးကတော့ လုံးဝခြားနားခဲ့ပြီ ဖြစ်ပါတယ်။ (၁၉) ရာစု ဗြိတိသျှတွေရဲ့ ကျွန်စနစ် စတင် ဖျက် သိမ်းချိန်အထိ ကမ္ဘာဟာ ကျေးကျွန်စနစ်နဲ့ လက်ပွန်းတတီး ရှိနေခဲ့ပါတယ်။ တစ်ချိန်က အရှင်သခင်အတွက် ဘာမဆို၊ ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် မှန် ကန်ပေမယ့် ဒီနေ့အလုပ်ရှင်ဟာ အစိုးရ ဥပဒေ၊ NGO ဥပဒေတွေကြားမှာ ထင်ရာစိုင်းခွင့် မရှိတော့ပါဘူး၊ ဒါတွေက ဥပမာအရသာ ဆွေးနွေးတာ ဖြစ်ပြီး လူတန်းစား အသီးသီးကြားက ဆက်ဆံရေး ပုံစံဟာ ကွဲပြားလာနေပါတယ်။ ဒါကြောင့် တာဝန်နဲ့ ၀တ္တရားပုံစံတွေလည်း ကွဲပြားလာနေပါတယ်။ "အိပ်သော် ကား နောက်၊ ထသော်ကားရှေ့" တွေ အံမဝင်တော့ပါဘူး။
ဒါကြောင့် သိင်္ဂါလောဝါဒသုတ်လိုဒေသနာဟာ အပိတ်ဒေသနာလို့ အကြမ်း ကောက်ချက်ချ နိုင်ပါတယ်။

ဒီတော့ ဒီမှာ မေးခွန်း နှစ်ခုတက်လာပါတယ်။
၁။ ဘာသာရေးပုံစံခွက်အတိုင်း ဘ၀ကို ပုံဖော်ကြမှာလား?
၂။ ပြောင်းလဲလာတဲ့ ဘဝထဲကို ဘာသာရေးတန်ဖိုးတွေ ထည့်သွင်း ကျင့်သုံး ကြမှာလား?

ဘာသာရေးပုံစံခွက်အတိုင်း ဘ၀ကို ပုံဖော်မယ်ဆိုရင် သတိထားစရာ အကောင်းဆုံးအချက်က အစ္စလာမ်စာအုပ်ကြီးဝါဒ (Extreme Islamic Fundamentalism) ပဲဖြစ်ပါတယ်။ ခေတ်နဲ့ အံမ၀င်တော့ ဘူးဆိုတဲ့ အချက်ကို လက်မခံဘဲ (၁၇) ရာစု တန်ဖိုးတွေကို (၂၁) ရာစုက လူတွေပါ လက်ခံဖို့ ကြိုး စားရင်း သူတို့ဟာ ပတ်ဝန်းကျင်ရဲ့ အမြင်မှာ အစွန်းရောက်သူတွေ ဖြစ်သွား ခဲ့ရပါတော့တယ်။

နံပါတ်နှစ်ဖြစ်တဲ့ (ပြောင်းလဲလာတဲ့ ဘဝထဲကို ဘာသာရေးတန်ဖိုးတွေ ထည့် သွင်း ကျင့်သုံးခြင်းဟာ) ပိုပြီး အဓိပ္ပါယ်ရှိသလို နှစ်လိုဖွယ်ရာလည်း ကောင်း ပါတယ်။
(သိင်္ဂါလောဝါဒသုတ်လာ ၀တ္တရားတွေဟာ ဒီနေ့ လူမှု ဆက်ဆံရေးမှာလည်း ဒီအတိုင်းပဲ ရှိနေရမယ်လို့ ဆိုသူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ သူတို့ကို အတိုက်အခံ မလုပ်လိုပါ။ ဘာမှလည်း မတုန့်ပြန်လိုပါ။ )

ဒီတန်ဖိုးတွေ ခေတ်မမီတော့လို့ ၀မ်းနည်းစရာလား?

မဟုတ်ဘူးလို့ ထင်ပါတယ်။ ခေတ်ရဲ့ လွှမ်းမိုးမှုရှိတဲ့ အဆုံးအမ၊ ယဉ်ကျေးမှုကို အခြေခံတဲ့ အဆုံး အမတွေဟာ ခေတ်ပြောင်း ယဉ်ကျေးမှုပြောင်းရင် အံ မ၀င် ဖြစ်သွားတတ်ပါတယ်။ သိင်္ဂါလောဝါဒသုတ်ဟာ သဘာဝဓမ္မကို အခြေ မခံပါ။ လူမှုဆက်ဆံရေးကို အခြေခံပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေး ပုံစံ ပြောင်း သွားတာနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ခက်ခဲသွားပါတယ်။ ဒါတွေကို ရှေးဟောင်း အမွေအနှစ်အနေနဲ့ တန်ဖိုးထားသင့်ပါတယ်။ ဒါပေမယ့် ဒီတန်ဖိုးတွေနဲ့ အညီဖြစ်မှ ဘ၀ဟာ အဓိပ္ပါယ်ရှိမယ်၊ မျိုးဆက်သစ် တွေကို ဒီ တန်ဖိုးတွေနဲ့ပဲ တိုင်းတာသတ်မှတ် ပုံဖော်မယ်ဆိုရင်တော့ ခေတ်ရေစီးနဲ့ ကြည့်ရင် အတန်ငယ် နောက်ကျနေခဲ့ပြီလို့ ဆိုချင်ပါတယ်။ အံမ၀င်တာကို အတင်းကြီး ဇွတ်သွင်း အံဝင်ဖို့ ကြိုးစားခြင်းဟာ အနည်းငယ် အကျည်းတန် ပါတယ်။

သိပ္ပံနဲ့ ကိုးကွယ်မှု

လူ့အဖွဲ့အစည်းအနေနဲ့ ခြုံကြည့်ရင် ဒီတန်ဖိုး နှစ်ခုဟာ အဓိက ကြောရိုးနှစ် ခု ဖြစ်ပါတယ်။
သူတို့ နှစ်ခုဟာ မတူပါဘူး။ လုံးဝမတူတာလားဆိုတော့လည်း မဟုတ်ပါဘူး။ တူတဲ့နေရာတွေ ရှိသလို မတူတဲ့နေရာတွေလည်းရှိပါတယ်။ သိပ္ပံက အချက် အလက် (Fact) အပေါ်မှာ အခြေပြုပြီး ကိုးကွယ်မှုက ယုံကြည်မှု (Belief) ပေါ်မှာ အခြေပြုပါတယ်။ ထာဝရဘုရားရှင်မရှိနိုင်ဘူးဆိုတဲ့ သိပ္ပံ ပညာတွေ့ရှိချက်ဟာ မမှိတ်မသုန် ယုံကြည်တဲ့ ခရစ်ယာန်တွေရဲ့ ယုံကြည်မှုကို မလှုပ်နိုင်ခဲ့ပါဘူး ။ (အနည်းဆုံး ဒီနေ့အထိ ဘာမှ မဖြစ်သေးပါဘူး။) စိတ်ပျက်စရာကောင်းတာ တစ်ခုက သိပ္ပံပညာက တစ်ခုခုကို တွေ့လိုက်ပြီဆိုတာနဲ့ ဘာသာရေးပညာရှင်တွေက သူတို့ ဘာသာရေး အဆုံးအမထဲမှာ ဒါတွေရှိပြီးသား၊ သူတို့ဘာသာဟာ သိပ္ပံနဲ့ ညီတယ် ဆိုတာတွေ ရေးကြပြောကြတတ်ပါတယ်။

ဥပမာ နယူတန်ရဲ့ ကမ္ဘာမြေဆွဲအားကို ကမ္ဘာက အသိအမှတ် ပြုခဲ့ရတဲ့နောက် လူ့အဖွဲ့အစည်းထဲက သက်ရှိသက်မဲ့အရာတွေအားလုံးဟာ တိုင်ကပ် နာရီ ကြီးရဲ့ အစိတ်အပိုင်း လေးတွေလိုပဲဖြစ်တယ်လို့ ယူဆလာကြပါတယ်။ အဲဒီအခါမှာ ဒီအယူအဆတွေဟာ မိမိတို့ဘာသာနဲ့ တစ်ထပ်တည်း ကျတယ် လို့ ပြောဆိုရေးသားမှုတွေ တွေ့ရပါတယ်။ ဒါမျိုးတွေ အများကြီးပါ။ တကယ်တော့ မတူတာကို အတင်းဆွဲညှိနေခြင်း အားဖြင့် တန်ဖိုး တက်မလာ တဲ့ အပြင် တန်ဖိုးတောင်ကျနိုင်ပါတယ်။

ဆက်ရန်
ဇင်ဝေသော်

ဒါက အတုလား၊ အစစ်လား ဟ


ဒါက အတုလား၊ အစစ်လား ဟ။
မလုပ် မလုပ်နဲ့၊ လုပ်မယ်လုပ်တော့လည်း
ဖိအားမပေးဘဲ ဝင်လုပ်တာဆိုရင်တော့ နပသ က ထိုင်မနေဘဲ ထသွားလိုက်တာမျိုးပဲ။
ဝမ်းနည်းစရာ။ တချို့ကို ပြန်လည်စီစစ်ကြည့်ဖို့ကောင်းတယ်။

ကမ်းလက် shared Maha Thumana's photo.


အစ္စလာမ်ဘာသာမှာ သွေးချောင်းစီး နယ်စည်းများ ရှိတယ်


"မွတ်စလင်တွေရဲ့ စစ်မက်လိုလားမှုနဲ့ အကြမ်းဖတ်မှုတွေဟာ (၂၀) ရာစုနှောင်း ပိုင်း ပဋိပက္ခတွေရဲ့ သက်သေခံ အချက်အလက်တွေဖြစ်တယ် ဆိုတာ မွတ် စလင်တွေရော မွတ်စလင်မဟုတ်သူတွေပါ ဘယ်သူမှ ငြင်းဆန် လို့ မရနိုင်ပါ ဘူး"

(ဟန်တင်တန်)

အစ္စလာမ်ဘာသာမှာ သွေးချောင်းစီး နယ်စည်းများ ရှိတယ်
(Islam's Bloody Borders)

အုပ်စုများအကြားဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ နယ်မြေအငြင်းပွားမှုစစ်ပွဲတွေဟာ သမိုင်းရဲ့ အစိတ်အပိုင်း တစ်ခုပါ။ အရေအတွက်နဲ့ ပြောရရင် စစ်အေးကာလ အတွင်းမှာ လူမျိုးစုပဋိပက္ခစစ်ပွဲပေါင်း (၃၂) ပွဲ ရှိခဲ့ပါတယ်။ ဒီအထဲမှာ အာရပ် အစ္စရေး နယ်မြေအငြင်းပွဲမှုတိုက်ပွဲ၊ အိန္ဒိယနဲ့ ပါကစ္စတန်၊ ဆူဒန်က မွတ်စလင် နဲ့ မွတ်စလင်မဟုတ်သူများ၊ သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ တမီးလ်များ၊ လက်ဘနွန်က ရှီယိုက်စ်နဲ့ မရွန်နိုက် မွတ်စလင်တွေအကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ ပါဝင်ပါတယ်။

၁၉၄၀ နဲ့ ၁၉၅၀ - ခုနှစ်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲတွေရဲ့ တစ် ဝက်ကျော်ကျော်ဟာ အိုင်ဒင်တတီ (ကိုယ်ပိုင်အမှတ်အသား) နဲ့ ပတ်သက်ပါ တယ်။ ဒါပေမဲ့ နောက်ပိုင်း ဆယ်စုနှစ်တွေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း စစ်တွေရဲ့ လေးပုံသုံးပုံဟာ လူမျိုးစုအချင်းချင်း ယှဉ်ပြိုင် အနိုင်လုရာက ဖြစ် လာခဲ့တာ ဖြစ်ပြီး ၁၉၅၀ နဲ့ ၁၉၈၀ - ခုတွေကြားမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲအရေ အတွက်က သုံးဆတောင် ပိုများသွားခဲပါတယ်။ ပါဝါလုမှုကြားမှာ အဲသလောက် များပြားတဲ့ စစ်ပွဲတွေ ဖြစ်ခဲ့တာကိုပဲ (ပညာရှင်အချို့က) အာရုံ သိပ်မစိုက်ခဲ့ကြပါဘူး။ စစ်အေးကာလအပြီး သုံးရောင်စုံ ကွဲပြားသွားမှုရဲ့ ရလဒ်လို့ မှတ်ယူခဲ့ကြတယ်။

စစ်အေးတိုက်ပွဲကြီး အပြီးမှာတော့ အုပ်စုတွင်း ဖြစ်ပွားတဲ့ ပဋိပက္ခတွေ ပိုများ လာပါတယ်။ ဒီလောက် ကာလအတွင်းမှာ အဲသလောက်များများ စစ်ပွဲေ တွ ဖြစ်ခဲ့တယ်ဆိုတာ သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။
လူမျိုးစုပဋိပက္ခတွေ၊ နယ်မြေအငြင်းပွားမှု စစ်ပွဲတွေကို ကမ္ဘာ့ စီဗီလိုက်ဇေးရှင်း ကြီး အားလုံးက အညီအမျှ မွေးထုတ်ပေးလိုက်တာတော့ မဟုတ်ပါဘူး။ အဓိက မြေလုတိုက်ပွဲကြီးတွေဟာ ယခင် ယူဂိုစလားဗီးယားက ခွဲထွက်သွား တဲ့ ဆာ့ဗ်တွေနဲ့ ခရုတ် (ခရိုအေးရှား) အကြား၊ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာနဲ့ တမီးလ်လူမျိုးတွေအကြားမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေပါ။ အဲဒါတွေလောက် အကြမ်းဖက်မှု မများတဲ့ မွတ်စလင် မဟုတ်သူတွေကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေလည်း နေရာတချို့မှာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ယူရှေးရှား (ဥရောပ၊ အာရှ) ကနေ အာဖရိကအထိ နယ်မြေ အငြင်းပွား မှု အခြေခံ ဖြစ်ခဲ့တဲ့ အထင်ကရ ပဋိပက္ခတွေကတော့ မွတ်စလင်တွေနဲ့ မွတ် စလင်မဟုတ်သူတွေကြားမှာ ဖြစ်နေပါတယ်။ ကမ္ဘာ့နိုင်ငံရေး အမြင်အရ တစ် ကမ္ဘာလုံးဆိုင်ရာ စီဗီလိုက်ဇေးရှင်း ပဋိပက္ခဟာ အနောက်နဲ့ အနောက်မဟုတ် သူတွေကြားမှာ (West and the rest) ဖြစ်ပြီး ပြည်တွင်းအဆင့်မှာတော့ ပဋိပက္ခတွေဟာ အစ္စလာမ်နဲ့ အစ္စလာမ် မဟုတ်သူတွေကြားမှာ ဖြစ်နေပါတော့ တယ်။ မွတ်စလင်နဲ့ မွတ်စလင် မဟုတ်သူတွေကြားက မုန်းတီးမှု၊ အကြမ်းဖက် မှုတွေဟာ ပြင်းထန်လှသလို နေရာအနှံ့အပြားမှာလည်း ရှိနေပါတယ်။ ဘော့ စနီးယားမှာဆိုရင် မွတ်စလင်တွေဟာ အော်သိုဒေါက်(က်) ဆဗ်လူမျိုးတွေ နဲ့ သွေးချောင်းစီးစစ်ပွဲ တိုက်ခဲ့ကြပြီး ကက်သိုလစ် ခရိုအေးရှားလူမျိုးတွေနဲ့ ရန်မီး ထပ်ပွားခဲ့ပြန်ပါတယ်။ ကိုဆိုဗိုမှာဆိုရင်လည်း အယ်လ်ဘေးနီးယား မွတ်စလင်တွေဟာ ဆဗ်အစိုးရကို မကျေနပ်လို့ စင်ပြိုင်မြေအောက်အစိုးရ ဖွဲ့ခဲ့ပါတယ်။ ဒီအုပ်စုနှစ်ခုကြားမှာ ဖြစ်ပွားလာနိုင်တဲ့ အကြမ်းဖတ်မှုတွေဟာ မနည်းမနော ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။

အယ်လ်ဘေးနီးယား အစိုးရနဲ့ ဂရိအစိုးရတွေကြားမှာလည်း နှစ်နိုင်ငံအတွင်း မှာ ရှိနေတဲ့ သူတို လူနည်းစုလေးတွေ့ရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ အမြဲ တမ်း တကျက်ကျက် ဖြစ်နေတယ်။ တူရကီနဲ့ ဂရိတွေကလည်း သမိုင်း တလျောက်လုံး ဦးသူဆော်မယ် တကဲကဲပါပဲ။ ဆိုက်ပရပ်မှာ ကြည့်ပြန်တော့ တူရကီမွတ်စလင်တွေနဲ့ ဂရိ အော်သိုဒေါက်တွေရဲ့ ရန်လိုအမုန်းထားမှုက အမျှင်တန်းလို့ နေပါတယ်။ ကော်ကေးဆပ်ဘက်ကို ကြည့်တော့ တူရကီတွေနဲ့ အာမေးနီးယန်းတွေကြားမှာလည်း နဂါနို ကရာဘက် (Nagorno Karabakh) ကို သိမ်းပိုက်နိုင်ဖို့ စစ်ပွဲတွေ ဖြစ်ခဲ့ပြီးပါပြီ။

ကော့ကေးဆပ် မြောက်ပိုင်းမှာတော့ ရုရှားပြည်ထဲကနေ လွတ်လပ်ရေး ရဖို့ ဆိုပြီး ချေချင်း (Chechens) တွေ၊ အန်ဂုရှ် (Ingush) တွေနဲ့ အခြား မွတ်စလင်တွေ တိုက်ပွဲဆင်နေခဲ့ကြတာ နှစ်ပေါင်းနှစ်ရာလောက် ကြာနေခဲ့ ပါပြီ။ သွေးထွက်သံယိုမှု အများဆုံး ဖြစ်ခဲ့တဲ့ စစ်ပွဲကတော့ ၁၉၉၄ - ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရုရှားနဲ့ ချေချင်းတို့အကြားက စစ်ပွဲပါ။ အန်ဂုရှ်မွတ်စလင်တွေနဲ့ အော်သိုဒေါက် အာ့စက်ရှန်း (Ossetian) တွေကြား မှာလည်း စစ်ပွဲက ဖြစ်နေခဲ့ပြန်ပါတယ်။ ဗော်လဂါမြစ်ဝှမ်းမှာလည်း တာတာ မွတ်စလင်တွေဟာ ၁၉၉၀ နှစ်ဦးပိုင်းတွေ ကတည်းကစလို့ ရုရှားတွေနဲ့ တိုက် ခိုက်လာခဲ့ကြပြီး နောက်ပိုင်းမှာ ရုရှားနဲ့ စိတ်မပါ့တပါ သဘောတူညီမှု ရယူ ခဲ့ကြပါတယ်။

(ဆက်ရန်)
ဇင်ဝေသော်

Islam's Bloody Borders


မနက်ဖြန်မှာ မြန်မာမွတ်စလင်တွေအပေါ် စောင့်စည်းမှုအနေနဲ့ မတင်ဘဲ ထားခဲ့တဲ့ "Islam's Bloody Borders" ကို တင်ပေးပါမယ်။ အစ္စလာမ်ကို အဆိုးမြင်နဲ့ ကြည့်တာမဟုတ်ဘဲ ယထာဘူတအမြင်နဲ့ ကြည့်ကြရင် မွတ်စလင်အများစုတွေအပေါ် နားလည်နိုင်သလို ပစ္စက္ခအနေအထားကိုလည်း အထိုက်အလျောက် ရိပ်စားမိနိုင်မှာပါ။
နောက်ပြီး ဒီဆောင်းပါးကြောင့် ပွက်လောရိုက်သွားလို့ "The Clash of Civilizations" ကို ကောက်ရေးလိုက်တာလို့ ဟန်တင်တန်က ဝန်ခံထားပါတယ်။