ဘဝချင်းတူလို့ ပိုယုံတယ် (၁)


(ယဉ်ကျေးစွာ ကွဲလွဲနိုင်ကြပါတယ်)

နိဒါန်း

ဒီဆောင်းပါးကို မဖတ်ခင် သီဟနာဒ၊ ဇင်ဝေသော်၊ စောနေလတ် ကလောင်တွေဟာ စိတ္တရဆိုတဲ့ ရဟန်းတစ်ပါးက ဖြာထွက်လာတယ်ဆိုတာ သိထားရင် ဖတ်ရတာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက်ပြီး မသိသေးသူ၊ သံသယရှိသူတွေအနေနဲ့ www.mangalavihara.org.sg ဝက်ဘ်ဆိုက်ကို ဝင်ရောက် ကြည့်ရှုမယ်ဆိုရင် ပိုလို့တောင် အဆင်ပြေပါလိမ့်မယ်။
********************************************************************

၂၀၁၁ ကတည်းကစလို့ ဦးသိန်းစိန်ကို လက်ခုပ်တဖြောင်းဖြောင်း တီးနေ ခဲ့မိသလို ဒေါ်စုအပေါ် လေးစားချစ်ခင်မှုလည်း တစ်ပြားသားမှ လျော့ မသွားခဲ့ဖူးပါ။ ဒေါ်စုရဲ့ သတ္တိကို လေးစားသလို စစ်ဗိုလ်ချုပ်ကြီးတွေကြားမှာ ထင်ထင်ရှားရှား လာဘ်စားမှုမရှိ (သန့်မြင့်ဦးလည်း ဒီလိုပဲ ယုံကြည်ဟန် တူပါရဲ့) ဖြူစင်နေတဲ့ ဦးသိန်းစိန်ကိုလည်း လျှော့မတွက်ခဲ့ပါ။ ဒါနဲ့ ဘာဖြစ်လို့ ဇင်ဝေသော်က ဒေါ်စုဖက်ကို ကပ်ရပ်လိုက်ရတာလဲ။
ယုံကြည်လို့၊ ဘဝချင်း တူနေလို့ပါပဲ။

စင်္ကာပူသက်တန်း ၁၃ နှစ်တာ ဘဝတိုလေးကို ပြန်ကြည့်တော့ ၂၀၀၂ ခုမှာ အုပ်စုလိုက် မဟာသန္တိသုခကနေ နှင်ချခြင်းခံရ၊ စင်္ကာပူ ရောက်။ အဲဒီနှစ်ထဲ မှာပဲ သီဟိုဆရာတော်ကြီး တည်ထောင်ခဲ့တဲ့ မင်္ဂလဝိဟာရကိုရောက်။ တရားပြ၊ အခြားသင်တန်းတွေ ပို့ချ၊ ၂၀၀၅ ခုမှာ စင်္ကာပူ အမျိုးသား တက္ကသိုလ် (National University Of Singapore) ဗုဒ္ဓ ဘာသာအဖွဲ့ ကို စတင်တရားပြခွင့်ရ၊ ၂၀၀၇ မှာ အဲဒီအဖွဲ့ရဲ့ ဘာသာရေး အကြံပေးဖြစ်၊ ၂၀၀၈ မှာ မင်္ဂလဝိဟာရရဲ့ ကျောင်းထိုင်ဖြစ်လာ။ နောက်ပိုင်း စင်္ကာပူ အဘိဓမ္မာစာဖြေဌာန ရဖို့ ဦးဆောင်။

ဒါဖြင့် ဘဝချင်းက ဘယ်လို တူနေရတာလဲ?
၁။ အရင် ကွန်စတီကျူးရှင်းအတိုင်းဆို သီဟိုဠ်ဆရာတော်မှလွဲပြီး ကျောင်း ထိုင်ဖြစ်ခွင့် မရှိ

၂။ စိတ္တရဆိုတဲ့ မြန်မာရဟန်းငယ်ဟာ ဒီလိုကျောင်းကြီးကို ဦးဆောင်နိုင်စွမ်း ရှိပါ့မလား စတဲ့ သံသယ

၃။ ထေရဝါဒချင်းတူပေမဲ့ သီဟိုဠ်ခံတပ်သဖွယ် ကျောင်းတော်ကြီးကို မြန်မာ ရဟန်းတစ်ပါးက နေရာဝင်ယူလိုက်လို့ သီဟိုဠ်ရဟန်းတွေ၊ လူတွေဖက်မှာ ရှိနေတဲ့အမြင်.....စသည်.....စသည်.....။

(၁) ကို ရေးခဲ့ပြီးပါပြီ။ ထပ်မရေးချင်ပါ။ မပါသေးတဲ့ အချက်တွေကိုတော့ ဖြည့်စွက်ဆွေးနွေးသွားပါမယ်။

(၂) ကျောင်းထိုင်မဖြစ်ခင် သီဟိုဠ်ကျောင်းထိုင်ဆရာတော်နှစ်ပါးနဲ့ အတူနေခဲ့ရဖူးပါတယ်။ လူတွေက
* ပျံတော်မူသွားတဲ့ ဆရာတော်ကြီးကို မမေ့နိုင်ခြင်း၊
* ဆရာတော်တွေအချင်းချင်း နှိုင်းယှဉ်ကြည့်မှုများခြင်း စတာတွေကြောင့် နှစ်ပါးစလုံး ဒီကျောင်းမှာ သိပ်မကြာလိုက်ပါ။
ရှေ့နှစ်ပါးစလုံးဟာ တူတူတန်တန် ဒေါက်တာတွေချည်းဖြစ်ပြီး ဒုတိယ ဆရာတော်ဆိုရင် သီဟိုဠ် တက္ကသိုလ်ကြီးတစ်ခုရဲ့ ဗွိုက်စ် ချန်ဆယ်လာေ တာင် ဖြစ်ပါတယ်။

ဒီတော့ ဇင်ဝေသော်ဟာ အဟန့်သေးနေပါတယ်။ အထူးသဖြင့် ပါဠိကောလိပ်၊ ဆန်းဒေး ဓမ္မကလပ်တွေနဲ့ စင်္ကာပူရဲ့ ဗုဒ္ဓဘာသာပညာရေး ဦးဆောင်နေရာကို ယူထားတဲ့ ဒီနေရာမျိုးမှာ အကောင်သေးလွန်းနေပါ တယ်။ ဒါ့ကြောင့် သံသယဆန်တဲ့ အကြည့်တွေ၊ သံသယဆန်တဲ့ မေး ခွန်းတွေ တနင့်တပိုးကြီး ရင်ဆိုင်ခဲ့ရပါတယ်။
(နားလည်စွာ အချိန်ပေး၊ ထောက်ခံ၊ ပံ့ပိုးခဲ့တဲ့ ကော်မတီကို ကျေးဇူးတင်ရ)

ဒီ အနေအထားဟာ နယ်ပယ်ချင်း မတူပေမဲ့ ဒေါ်စုနဲ့ တူနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကိစ္စ၊ တရားဥပဒေ စိုးမိုးရေးကိစ္စ စတာတွေမှာ သူမ တကယ်ပဲ ဦးဆောင်နိုင်ပါ့မလားစတဲ့ သံသယများစွာ သူမ အပေါ်မှာ ရှိနေတယ်။ နှုတ်လွယ်တဲ့ လူတွေကဆိုရင် ဒေါ်စုအနေနဲ့ လုးဝကိုင်တွယ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့အထိ ပြောတတ်ကြပါတယ်။ ရှေ့ သံသယစကားက လက်ခံလို့ရပြီး ယတိပြတ်ပြောတဲ့ ဒုတိယ စကားမျိုးကိုေ တာ့ လက်မခံနိုင်ပါ။

(ဆက်ရန်)
ဇင်ဝေသော်

သိပြီးသားပေမဲ့ အခုလိုပြောချလိုက်တော့ ရှင်းသွားရော


ဝေ့လည်ကြောင်ပတ်တွေနဲ့ မူးလှပြီ။ သိပြီးသားပေမဲ့ အခုလိုပြောချလိုက်တော့ ရှင်းသွားရော။

"သမ္မတ ဆိုတဲ့ ရာထူးနာမကို ခံယူထားမှ ဦးဆောင်နိုင်တာ မဟုတ်ပါဘူး။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လို့ရှိရင် ကျမပဲ ဦးစီး ပဲ့ကိုင်သွားမှာပဲ ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပါရစေ။"

ဒေါ်အောင်ဆန်းစုကြည်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့
၃-၁၀-၂၀၁၅
Credit t to Myo Lwin

ကြောက် ဖြုံ တီး


အင်းစိန်ဈေးကြီးနဲ့ ကြောက်ဖရုံသီး တဲ့။
ငိငိငိ။ ရီရတယ်နော် မောင်သစ္စာ။
ဒို့ ဖဘပေါ်မှာက ကြောက်ဖရုံသီးလို့ မခေါ်ဘူး။ ကြောက် ဖြုံ တီး လို့ခေါ်တာ။

ဦးသိန်းစိန်က အင်းလေးကန်ကြီးအတွက် ကတိတွေပေး


ဦးသိန်းစိန်က အင်းလေးကန်ကြီးအတွက် ကတိတွေပေး၊
ဒေါ်စုက သူသာ အာဏာရရင် မြစ်ဆုံစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး ပြည်သူကို အရင်အသိပေးမယ်ဆိုတဲ့အကြောင်း ကတိတွေပေး။
ဟုတ်ချင် ဟုတ်ကြရောပေါ့။ မဟုတ်လို့ကတော့ မြင်းကို လက်သီးနဲ့ထိုးမှာ။
(ဘုရားဝတ်တက်တော့မယ်၊ ဘိုင့်ဘိုင်)


ကိုရင်ပေါက်စ


ကြာပါပြီ။ မန္တလေး၊ ၂၆ လမ်းမှာပါ။ ဆွမ်းခံကိုရင်လေးကို မြင်းလှည်းမှာကထားတဲ့ မြင်းက နှုတ်သီးနဲ့ လှမ်း ဟပ်လိုက်တော့ ကိုရင်လေးလက်ထဲက သပိတ်လွတ်ကျပြီး ဆွမ်းတွေ၊ ဟင်းတွေ မှောက်ကုန်ရော။
ဒီတော့ ကိုရင်လေးက ဘာလုပ်လဲ သိလား၊ သပိတ်ကို မြေကြီးပေါ်ချ၊
သင်္ကန်းရုံဖျက်၊ မြင်းဇက်ကြိုးကနေကိုင်ပြီး မြင်းနှုတ်သီးကို လက်သီးနဲ့ ထိုးပါလေရော။

မြင်းလှည်းဆရာရော ဘေးကလူတွေပါ ခဏတော့ ကြောင်ပြီး ကြည့်နေကြ တယ်။ နောက်မှ တချို့က ပြုံးစိစိ၊ အသံထွက်လည်း မရယ်ရဲဘူး။ မြင်းလှည်း ဆရာက ဆင်းပြီးတောင်းပန်ရတယ်။
"မလုပ်ပါနဲ့ ကိုရင်ရဲ့၊ မြင်းက ဘာမှ သိတတ်တာ မဟုတ်ပါဘူး၊ တိရစ္ဆာန်ပါ" ပြောလည်းမရ။ နောက်ဆုံး
"တော်ပါတော့ ကိုရင်ရယ်၊ ရှိကြီး ခိုးပါရဲ့ ဘုရား" ဆိုတော့မှ ကိုရင်က
"တကယ်လား၊ ဒါဆို ဒကာကြီး ကိုရင့်ကို ဦးသုံးကြိမ်ချ" လို့ပြောတယ်။




၂၆ လမ်းမ၊ ပလက်ဖောင်းပေါ်မှာ မြင်းလှည်းဆရာက ဦးသုံးကြိမ် ချပြီး တောင်းပန်လိုက်တော့မှ ကိုရင်ပေါက်စက ခပ်တည်တည်နဲ့ သင်္ကန်းရုံ၊ သပိတ်ကောက်ပွေ့ ထွက်သွားလေရဲ့။
ဒီတော့မှ မြင်းလှည်းဆရာရော ဘေးကလူတွေပါ တရားဝင် ရယ်ရဲကြတော့ တာ။
(ဟိုတွေးဒီတွေး မတွေးကြေး)

(img source)