ဒိုင်မညစ်လို့ကတော့


ဒိုင်မညစ်လို့ကတော့ နယူးယောက်သား အမေရိကန်ကြီး ပြောသလိုပါ။
"ငွေကုန်၊ အချိန်ကုန်ခံ၊ အလုပ်ရှုပ်ခံပြီး မာရသွန်ပြိုင်ပွဲကြီးတွေ လုပ်မနေကြပါနဲ့။ ကင်ညာက လူတစ်ယောက်ကိုခေါ်ပြီး လည်ပင်းမှာ ဆုတံဆိပ်ဆွဲပေးလိုက် ပြီးတာပဲ"
အခုလည်း ငွေကုန်၊ အချိန်ကုန်ခံမနေဘဲ အဖွဲ့ချုပ်ကို အနိုင်ပေးလိုက် ပြီးတာပဲ။ ဒီလောက် သိသာနေတာကြီးကို၊ ဟဲဟဲ။။



မူကြိုအဆင့်ပဲ ရှိတယ်


ကျောင်းဆရာ၊ ဆရာမတွေကလွဲရင် အဖြူ၊ အစိမ်းဝတ်စုံညီတွေရဲ့ ပညာရေးက အထက်တန်းအဆင့်ပဲ ရှိတာပါ။ ဒါက မြန်မာပြည်ကို ပြောတာနော်။
စင်္ကာပူမှာဆို မူကြိုအဆင့်ပဲ ရှိတယ်။

ဇင်ဝေသော်ရယ်၊ မ,အ ဘူးများ ထင်နေသလား


အစိုးရတစ်ဖွဲ့ရဲ့ သက်တန်းကုန်ခါနီး ၆ လအတွင်း အတည်ပြုတဲ့ ဥပဒေတွေဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ရှေးရှုတယ်။
အစိုးရသစ် တစ်ဖွဲ့ရဲ့သက်တန်းအစ ၆ လအတွင်း အတည်ပြုတဲ့ ဥပဒေတွေဟာ နိုင်ငံနဲ့ လူထုရဲ့အနာဂတ်ကို ရှေးရှုတယ်။
ဇင်ဝေသော်ရယ်၊ မ,အ ဘူးများ ထင်နေသလား။

ကချင်ပြည်နယ်က အမေခေါ်သံကြီး


တစ်လိမ့်ချင်း လှိမ့်တက်လာတဲ့
ကချင်ပြည်နယ်က အနီရောင် လှိုင်းကြီးတွေလေ
လွှတ်တော်ထဲက အစိတ်သားကို
တဝုန်းဝုန်း ရိုက်နေကြပေါ့
မဲစာရင်းသာစစ်ကြ။

အမေခေါ်သံကြီးက ညံလွန်းတော့
စထရိတ်တိုင်းမ်က သတင်းထောက်တောင်
ကြောချမ်းနေသလိုလိုပဲ
မဲစာရင်းသာစစ်ကြ။

"အမေစုရဲ့ ပူတူတူးလေးတွေ
မင်းတို့အမေစု အုပ်ချုပ်တော့ရော နိုင်ငံက
ရုတ်တရက်ကြီး ချမ်းသာလာမှာတဲ့လား
"
ဟဲ ဟဲ ဟဲ
အဲသလိုတော့ မနောက်ကြေးလေဗျာ
နိုင်ငံရဲ့ စီးပွားရေးမှာ နတ်ရေကန်မှ မရှိတာပဲ
မဲစာရင်းသာစစ်ကြ။ ။


ဇင်ဝေသော်





ဝန်ခံတာ၊ မခံတာကလွဲရင်


မဘသကို ရာနှုန်းပြည့်လည်း မထောက်ခံခဲ့ဘူး၊ ရာနှုန်းပြည့်လည်း မကန့်ကွက်ခဲ့ဘူး။ သမိုင်းကို သမိုင်းအနေနဲ့ပဲ ကြည့်တယ်။
တရုတ်ပြည်၊ မော်စီတုံးနဲ့ တိန်ရှောက်ဖိန်ကြားက သမိုင်းအကူးအပြောင်းကို မဘသထဲက ညီတော်တွေ (နောင်တော်တွေ မပါ) ဖတ်စေချင်တယ် (အကြံပြုတာပါ)။
မြန်မာ့နိုင်ငံရေး ကူးပြောင်းနေပုံဟာ ဒီမိုကရေစီ ဝန်ခံတာ၊ မခံတာကလွဲရင် တရုတ်နဲ့ ၈၀ ရာခိုင်နှုန်းကျော်တူတယ်။