ဘယ်ဘာသာတရားပဲဖြစ်ဖြစ် ပုံစံခွက်အတိုင်းရိုက်သွင်းရင် အစွန်းရောက်တွေပဲ ဖြစ်လာလိမ့်မယ်


၂၁ ရာစုမှာ ဘယ်ဘာသာတရားပဲဖြစ်ဖြစ် ပုံစံခွက်အတိုင်းရိုက်သွင်းရင် အစွန်းရောက်တွေပဲ ဖြစ်လာလိမ့်မယ်။ ဘယ်ဘာသာတရားဟောကြားချက်ဖြစ်ဖြစ် အရေးကြီးတာက လူပီသဖို့၊ လူသားဆန်ဖို့၊ လူ့အတွေးအခေါ်ရှိဖို့ပါပဲ။

အစ္စလာမ်ဘာသာမှာ သွေးချောင်းစီး နယ်စည်းများ ရှိတယ် (၂)


(Islam's Bloody Borders)

"အစ္စလာမ်ဘာသာရဲ့ သမိုင်းတလျောက်လုံးကို ပြန်ကြည့်မိတိုင်း မွတ်စလင်ေ တွဟာ အိမ်နီးချင်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ပြဿနာတွေ အမြဲရှိနေတတ် တယ်ဆိုတာ တွေ့ရပါမယ်"
(ဟန်တင်တန်)

(၁၉) ရာစုတလျောက်လုံး ရုရှားတွေဟာ အာရှအလယ်ပိုင်းမှာရှိတဲ့ မွတ်စ လင်တွေကို ထိမ်းချုပ်နိုင်ဖို့ စစ်အင်အားသုံးပြီး ဖြေရှင်းလာခဲ့တယ်။ ၁၉၈၀ - ခုနှစ်တွေအတွင်းမှာ အာဖဂန်နဲ့ ရရှားတွေအကြား စစ်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပြီး ရုရှားတွေ တပ်ဆုတ်ခဲ့ရတယ်။ အဲဒီနောက် တာဂျစ်ကစ္စတန်မှာ လက်ရှိအစိုးရ ကို တော်လှန်နေတဲ့ အစ္စလာမ်မစ်သူပုန်တွေအကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ ရုရှားတပ်က အစိုးရကို စစ်ရေးအကူအညီတွေ ပေးခဲ့ပါတယ်။

တရုတ်ပြည် ရှင်ကျန်း (Xinjiang) မှာလည်း ဝီဂါး (Uighur) နဲ့ အခြားမွတ်စ လင်တွေဟာ တရုတ်တွေနဲ့ ပဋိပက္ခတွေဖြစ်ပြီး ဆိုဗီယက်ကနေ ခွဲထွက်လာ တဲ့ သူတို့နဲ့ လူမျိုးစုတူ၊ ဘာသာတူ အခြားလူမျိုးတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့ ကြပါတယ်။
အိန္ဒိယကျွန်းဆွယ်မှာလည်း ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား သုံးကြိမ်တိုင်တိုင် စစ်ပွဲ ဖြစ်ခဲ့ပြီးပါပြီ။ အစ္စလာမ်ဘာသာဝင်တွေက ကက်ရှ်မီးယားအစိုးရကို အာ ခံတယ်။ နောက်မှ ဝင်ရောက်နေထိုင်လာတဲ့ မွတ်စလင်တွေက အာသံမှာ ရှိ တဲ့ ဒေသခံလူထုနဲ့ လူမျိုးစုတိုက်ပွဲ ဆင်နွဲတယ်။ အိန္ဒိယတစ်ပြည်လုံးမှာ မွတ် စလင်နဲ့ ဟိန္ဒူတွေကြားက အကြမ်းဖတ်မှုတွေဟာ မကြာမကြာ ဖြစ်ပွားလေ့ ရှိတယ်။ အဲဒီပဋိပက္ခတွေကိုလည်း အိန္ဒိယထဲမှာရှိတဲ့ ဘာသာနှစ်ခုစလုံးရဲ့ ဘာသာရေးအစွန်းရောက်တွေက သွေးထိုးလှုံ့ဆော် ပေးနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ လူနည်းစု ဗုဒ္ဓဘာသာတွေက အဆင့်အတန်း ခွဲခြားလို့ ဆိုပြီး အများစု မွတ်စလင်တွေကို ဆန္ဒပြနေကြတယ်။ တချိန်းတည်းမှာပဲ မြန်မာပြည်ထဲမှာတော့ လူနည်းစု မွတ်စလင်တွေက အများ စု ဗုဒ္ဓဘာသာဝင်တွေဟာ အဆင့်အတန်းခွဲတယ်ဆိုပြီး ဆန္ဒပြနေကြပြန်ပါ တယ်။
မလေးရှားနဲ့ အင်ဒိုနီးရှားမှာတော့ စီးပွားရေး လက်ဝါးကြီးအုပ်လို့ဆိုပြီး အဲဒီမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေကို အများစု မွတ်စလင်တွေက အကြမ်းဖတ်မှုတွေ မကြာမကြာ ပြုလုပ်နေကြ ပြန်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း ဗုဒ္ဓ ဘာသာအစိုးရကို မွတ်စလင် အကြမ်းဖတ်သမားတွေက ခွဲထွက်ရေး တောင်း ဆိုနေကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဖီလစ်ပိုင်တောင်ပိုင်းမှာ ကက်သိုလစ်ပြည်သူနဲ့ ကက်သို လစ်အစိုးရဆီက လွတ်လပ်ရေးဆိုပြီး မွတ်စလင်တွေက တောင်းဆိုနေကြပြန် ပါတယ်။
အင်ဒိုနီးရှားမှာတော့ လူနည်းစု ကက်သိုလစ်ဘာသာဝင် အရှေ့တီမော လူမျိုးတွေဟာ မွတ်စလင်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ ရုန်းကန်နေကြရပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဂျူးနိုင်ငံ တည်ထောင်လိုက်တဲ့အချိန်ကစလို့ အာ ရပ်တွေနဲ့ ဂျူးတွေအကြား ပဋိပက္ခတွေ ဆက်တိုက် ဖြစ်နေခဲ့ပြီး စစ်ပွဲလေး ကြိမ် ဖြစ်ပွားခဲ့တယ်။ ပါလက်စတိုင်းတွေက အစ္စရေးဥပဒေကို မလိုက်နာဘူး။ လက်ဘနွန်မှာလည်း မရွန်နိုင် (Maronite) ခရစ်ယန်တွေဟာ ရှီယစ်နဲ့ အခြားမွတ်စလင်တွေအကြားမှာ နိုင်ခြေမရှိတဲ့ တိုက်ပွဲတွေ ဆင်နေရတယ်။

အီသီယိုပီးယားမှာ အော်သိုဒေါက် အမ်ဟာရ (Amhara) လူမျိုးတွေက မွတ်စ လင်တွေကို ဖိနှိပ်ခဲ့လို့ဆိုပြီး အိုရိုမို (Oromo) မွတ်စလင်တွေက အီသီယို ပီး ယားနဲ့ တိုက်ပွဲဝင်နေကြတယ်။
အာဖရိက တစ်တိုက်လုံးကို ခြုံကြည့်ရင် မြောက်ပိုင်းမှာ အာရပ်တွေနဲ့ မွတ်စ လင်တွေကြားမှာ ပဋိပက္ခမျိုးစုံ ဖြစ်နေခဲ့သလို တောင်ပိုင်းမှာလည်း ခရစ်ယန် လူမည်းတွေအကြား ပဋိပက္ခတွေ ဖြစ်နေခဲ့တယ်။ သွေးထွက်သံယို အများဆုံး မွတ်စလင်နဲ့ ခရစ်ယာန်တွေကြားက စစ်ပွဲကတော့ ဆူဒန် မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပါ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီး သေဆုံးဒဏ်ရာ ရမှုတွေကလည်း သိန်းချီ ရှိပါတယ်။

နိုင်ဂျီးရီးယားရဲ့ နိုင်ငံရေးကလည်း မြောက်ပိုင်းမှာရှိတဲ့ ဖူလာနီ ဟောစာ (Fulani-Hausa) မွတ်စလင်တွေနဲ့ တောင်ပိုင်းရှိ ခရစ်ယာန် မျိုးနွယ်စုတွေ အကြား ပဋိပက္ခတွေက လွှမ်းမိုးထားပါတယ်။ တစ်ခါတစ်ခါ အကြမ်းဖတ်မှု၊ တစ်ခါတစ်ခါ စစ်တပ်က ဝင်ထိန်းမှုတွေ ရှိခဲ့ပြီး စစ်ပွဲတစ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ချက် (Chad) နိုင်ငံ၊ ကင်ညာနိုင်ငံနဲ့ တန်ဇန်းနီးယားနိုင်ငံတွေမှာလည်း အလား တူ မွတ်စလင် ခရစ်ယာန်စစ်ပွဲတွေ ရှိနေခဲ့ပါတယ်။
မွတ်စလင်တွေနဲ့ အခြား ကက်သိုလစ်၊ ပရိုတက်စတင့်၊ အော်သိုဒေါက်၊ ဟိန္ဒူ၊ တရုတ်၊ ဗုဒ္ဓဘာသာနဲ့ ဂျူးလူမျိုးတွေရဲ့ ဆက်ဆံရေးဟာ နေရာတိုင်းမှာပဲ အဆင်မပြေမှုတွေ ဖြစ်ပွားနေလေ့ ရှိပါတယ်။

အတိတ်ကို ပြန်ကြည့်ရင် အဲသလို အဆင်မပြေမှုတွေကတဆင့် အကြမ်းဖက် မှုတွေအထိ ဖြစ်သွားခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ ၁၉၉၀ - ခုနှစ်တွေမှာ အ ကြမ်းဖက်မှုပေါင်းများစွာ ဖြစ်ပွားခဲ့ပါတယ်။
အစ္စလာမ်ဘာသာရဲ့ သမိုင်းတလျောက်လုံးကို ပြန်ကြည့်မိတိုင်း မွတ်စလင်ေ တွဟာ အိမ်နီးချင်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ပြဿနာတွေ အမြဲရှိနေတတ် တယ်ဆိုတာ တွေ့ရပါမယ်။
ဒီမှာ စောဒကတက်လာနိုင်တာက အခု မွတ်စလင်နဲ့ မွတ်စလင် မဟုတ်သူတွေကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားနေသလို အခြား စီဗီလိုက်ဇေး ရှင်းတွေ ကြားမှာလည်း ဖြစ်နေတာပဲဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီစောဒက,က မမှန်ပါဘူး။ မွတ်စလင်တွေဟာ ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတစ်ပုံပဲ ရှိပါတယ်။ ဒါပေမဲ့ ၁၉၉၀ - ခုတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေထဲမှာ မွတ်စလင် စီဗီလိုက်ဇေးရှင်းက အခြား စီဗီလိုက်ဇေးရှင်းက လူတွေထက် အများကြီး ပိုလွန်နေပါတယ်။

ဆက်ရန်
ဇင်ဝေသော်

"လိုအပ်တဲ့အခါ" ဆိုတာ


အရင် သီဟိုဠ်ဆရာတော်ကြီးလက်ထက်က ပန်းကန်ခွက်ယောက် အဟောင်းတွေေ ကျာင်းမှာရှိတယ်။ လိုအပ်တဲ့အခါ သုံးဖို့ဆိုပြီး ဘယ်သူ့ကိုမှ မပေးရက်ကြတာ။ တန်ဖိုးလည်း မကြီးလှဘူး။ အဓိက, က အစွဲပါ။
ဒါနဲ့ "လိုအပ်တဲ့အခါ" ဆိုတာကို မေးခွန်းထုတ်လိုက်တယ်။ "ဘယ်အချိန် လို အပ်လောက်သလဲ၊ ငါနေခဲ့သမျှ ၁၂ နှစ်တာ ကာလမှာတော့ တစ်ခါမှ ဒါတွေ မလိုခဲ့ဘူးဘူး။ ပွဲအကြီးဆုံး နှစ် ၅၀ ပြည့် ပွဲမှာတောင် မသုံးလိုက်ရဘူးဆိုတော့ ဒီထက်ကြီးတဲ့ပွဲ ရှိဦးမှာလား။ နှစ် တစ်ရာပြည့်အထိ ဆက်ထားကြမှာ လား" ပေါ့။
ဒီတော့မှ ကော်မတီတစ်ဖွဲ့လုံး ဝါး ကနဲ ရယ်ကြတယ်။ ပန်းကန်ခွက်ယောက် အဟောင်းတွေကိုလည်း အခြားလူမှုအဖွဲ့အစည်းတွေကို ပေးလိုက်ကြတယ်။ (ဒါတောင် တချို့ကို "လိုအပ်တဲ့အခါ" ဆိုပြီး ချန်ထားကြသေးတယ်။ ဖြစ်ရပုံ)။ ဒါက စင်္ကာပူမှာ။

ပြောချင်တာက အလုပ်မဖြစ်တဲ့ အစဉ်အလာတွေကိုလည်း အဲသလိုပဲ ပျောက် မှာစိုးလို့ ထိန်းတတ်ကြတယ် ဆိုတာပါ။ မပျောက်ဘဲ ရှိနေတော့လည်း သုံးကြ တာတော့မဟုတ်ဘူး။
အဲဒီနိုင်ငံဟာ ဥပါဒါန်လေးပါး အကြောင်းလည်း အပြောဆုံး၊ အဟောဆုံး။ လူတွေရော၊ ဘုန်းကြီးတွေရော။

ရှေးဟောင်းမင်္ဂလာများနဲ့ ခေတ်သစ် လူမှုဒိုင်မင်းရှင်း (၂)


ဆရာတပည့် ဆက်ဆံရေး ပြောင်းလဲလာရင် သူတို့ကြားက တာဝန်နဲ့ ၀တ္တရားတွေဟာလည်း မလွဲမသွေ ပြောင်းသွားမှာပဲ ဖြစ်ပါတယ်။

လင်မယား ပြိုင်တူ အလုပ်လုပ်နေရတဲ့ခေတ်၊ အမျိုးသားရဲ့ အိမ်ထောင်ဦးစီး၊ ဘရက်ဝင်းနား (Bread winner) ရာထူးလျောကျလာတဲ့ ခေတ်ကြီးမှာ “တစ်လမ်းသွား လင်၊ မယားကျင့်ဝတ်တွေဟာ" လည်း အလျားအနံ သင့်လှတော့မယ်မဟုတ်ပါ။ ဇနီးဖြစ်သူကြိုးစားလိုက်နာသည်ဆိုစေ တရား မျှတဟန် မတူတော့ပါ။

ရှေးယခင်က သခင်နဲ့ ကျေးကျွန်၊ ယနေ့ခေတ်မှာ အလုပ်ရှင်နဲ့ အလုပ်သမား၊ လူတန်းစား ကွဲပြားမှု အရမှန်ပေမယ့် သူတို့ကြားက ဆက်ဆံရေးကတော့ လုံးဝခြားနားခဲ့ပြီ ဖြစ်ပါတယ်။ (၁၉) ရာစု ဗြိတိသျှတွေရဲ့ ကျွန်စနစ် စတင် ဖျက် သိမ်းချိန်အထိ ကမ္ဘာဟာ ကျေးကျွန်စနစ်နဲ့ လက်ပွန်းတတီး ရှိနေခဲ့ပါတယ်။ တစ်ချိန်က အရှင်သခင်အတွက် ဘာမဆို၊ ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် မှန် ကန်ပေမယ့် ဒီနေ့အလုပ်ရှင်ဟာ အစိုးရ ဥပဒေ၊ NGO ဥပဒေတွေကြားမှာ ထင်ရာစိုင်းခွင့် မရှိတော့ပါဘူး၊ ဒါတွေက ဥပမာအရသာ ဆွေးနွေးတာ ဖြစ်ပြီး လူတန်းစား အသီးသီးကြားက ဆက်ဆံရေး ပုံစံဟာ ကွဲပြားလာနေပါတယ်။ ဒါကြောင့် တာဝန်နဲ့ ၀တ္တရားပုံစံတွေလည်း ကွဲပြားလာနေပါတယ်။ "အိပ်သော် ကား နောက်၊ ထသော်ကားရှေ့" တွေ အံမဝင်တော့ပါဘူး။
ဒါကြောင့် သိင်္ဂါလောဝါဒသုတ်လိုဒေသနာဟာ အပိတ်ဒေသနာလို့ အကြမ်း ကောက်ချက်ချ နိုင်ပါတယ်။

ဒီတော့ ဒီမှာ မေးခွန်း နှစ်ခုတက်လာပါတယ်။
၁။ ဘာသာရေးပုံစံခွက်အတိုင်း ဘ၀ကို ပုံဖော်ကြမှာလား?
၂။ ပြောင်းလဲလာတဲ့ ဘဝထဲကို ဘာသာရေးတန်ဖိုးတွေ ထည့်သွင်း ကျင့်သုံး ကြမှာလား?

ဘာသာရေးပုံစံခွက်အတိုင်း ဘ၀ကို ပုံဖော်မယ်ဆိုရင် သတိထားစရာ အကောင်းဆုံးအချက်က အစ္စလာမ်စာအုပ်ကြီးဝါဒ (Extreme Islamic Fundamentalism) ပဲဖြစ်ပါတယ်။ ခေတ်နဲ့ အံမ၀င်တော့ ဘူးဆိုတဲ့ အချက်ကို လက်မခံဘဲ (၁၇) ရာစု တန်ဖိုးတွေကို (၂၁) ရာစုက လူတွေပါ လက်ခံဖို့ ကြိုး စားရင်း သူတို့ဟာ ပတ်ဝန်းကျင်ရဲ့ အမြင်မှာ အစွန်းရောက်သူတွေ ဖြစ်သွား ခဲ့ရပါတော့တယ်။

နံပါတ်နှစ်ဖြစ်တဲ့ (ပြောင်းလဲလာတဲ့ ဘဝထဲကို ဘာသာရေးတန်ဖိုးတွေ ထည့် သွင်း ကျင့်သုံးခြင်းဟာ) ပိုပြီး အဓိပ္ပါယ်ရှိသလို နှစ်လိုဖွယ်ရာလည်း ကောင်း ပါတယ်။
(သိင်္ဂါလောဝါဒသုတ်လာ ၀တ္တရားတွေဟာ ဒီနေ့ လူမှု ဆက်ဆံရေးမှာလည်း ဒီအတိုင်းပဲ ရှိနေရမယ်လို့ ဆိုသူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ သူတို့ကို အတိုက်အခံ မလုပ်လိုပါ။ ဘာမှလည်း မတုန့်ပြန်လိုပါ။ )

ဒီတန်ဖိုးတွေ ခေတ်မမီတော့လို့ ၀မ်းနည်းစရာလား?

မဟုတ်ဘူးလို့ ထင်ပါတယ်။ ခေတ်ရဲ့ လွှမ်းမိုးမှုရှိတဲ့ အဆုံးအမ၊ ယဉ်ကျေးမှုကို အခြေခံတဲ့ အဆုံး အမတွေဟာ ခေတ်ပြောင်း ယဉ်ကျေးမှုပြောင်းရင် အံ မ၀င် ဖြစ်သွားတတ်ပါတယ်။ သိင်္ဂါလောဝါဒသုတ်ဟာ သဘာဝဓမ္မကို အခြေ မခံပါ။ လူမှုဆက်ဆံရေးကို အခြေခံပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေး ပုံစံ ပြောင်း သွားတာနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ခက်ခဲသွားပါတယ်။ ဒါတွေကို ရှေးဟောင်း အမွေအနှစ်အနေနဲ့ တန်ဖိုးထားသင့်ပါတယ်။ ဒါပေမယ့် ဒီတန်ဖိုးတွေနဲ့ အညီဖြစ်မှ ဘ၀ဟာ အဓိပ္ပါယ်ရှိမယ်၊ မျိုးဆက်သစ် တွေကို ဒီ တန်ဖိုးတွေနဲ့ပဲ တိုင်းတာသတ်မှတ် ပုံဖော်မယ်ဆိုရင်တော့ ခေတ်ရေစီးနဲ့ ကြည့်ရင် အတန်ငယ် နောက်ကျနေခဲ့ပြီလို့ ဆိုချင်ပါတယ်။ အံမ၀င်တာကို အတင်းကြီး ဇွတ်သွင်း အံဝင်ဖို့ ကြိုးစားခြင်းဟာ အနည်းငယ် အကျည်းတန် ပါတယ်။

သိပ္ပံနဲ့ ကိုးကွယ်မှု

လူ့အဖွဲ့အစည်းအနေနဲ့ ခြုံကြည့်ရင် ဒီတန်ဖိုး နှစ်ခုဟာ အဓိက ကြောရိုးနှစ် ခု ဖြစ်ပါတယ်။
သူတို့ နှစ်ခုဟာ မတူပါဘူး။ လုံးဝမတူတာလားဆိုတော့လည်း မဟုတ်ပါဘူး။ တူတဲ့နေရာတွေ ရှိသလို မတူတဲ့နေရာတွေလည်းရှိပါတယ်။ သိပ္ပံက အချက် အလက် (Fact) အပေါ်မှာ အခြေပြုပြီး ကိုးကွယ်မှုက ယုံကြည်မှု (Belief) ပေါ်မှာ အခြေပြုပါတယ်။ ထာဝရဘုရားရှင်မရှိနိုင်ဘူးဆိုတဲ့ သိပ္ပံ ပညာတွေ့ရှိချက်ဟာ မမှိတ်မသုန် ယုံကြည်တဲ့ ခရစ်ယာန်တွေရဲ့ ယုံကြည်မှုကို မလှုပ်နိုင်ခဲ့ပါဘူး ။ (အနည်းဆုံး ဒီနေ့အထိ ဘာမှ မဖြစ်သေးပါဘူး။) စိတ်ပျက်စရာကောင်းတာ တစ်ခုက သိပ္ပံပညာက တစ်ခုခုကို တွေ့လိုက်ပြီဆိုတာနဲ့ ဘာသာရေးပညာရှင်တွေက သူတို့ ဘာသာရေး အဆုံးအမထဲမှာ ဒါတွေရှိပြီးသား၊ သူတို့ဘာသာဟာ သိပ္ပံနဲ့ ညီတယ် ဆိုတာတွေ ရေးကြပြောကြတတ်ပါတယ်။

ဥပမာ နယူတန်ရဲ့ ကမ္ဘာမြေဆွဲအားကို ကမ္ဘာက အသိအမှတ် ပြုခဲ့ရတဲ့နောက် လူ့အဖွဲ့အစည်းထဲက သက်ရှိသက်မဲ့အရာတွေအားလုံးဟာ တိုင်ကပ် နာရီ ကြီးရဲ့ အစိတ်အပိုင်း လေးတွေလိုပဲဖြစ်တယ်လို့ ယူဆလာကြပါတယ်။ အဲဒီအခါမှာ ဒီအယူအဆတွေဟာ မိမိတို့ဘာသာနဲ့ တစ်ထပ်တည်း ကျတယ် လို့ ပြောဆိုရေးသားမှုတွေ တွေ့ရပါတယ်။ ဒါမျိုးတွေ အများကြီးပါ။ တကယ်တော့ မတူတာကို အတင်းဆွဲညှိနေခြင်း အားဖြင့် တန်ဖိုး တက်မလာ တဲ့ အပြင် တန်ဖိုးတောင်ကျနိုင်ပါတယ်။

ဆက်ရန်
ဇင်ဝေသော်

ဒါက အတုလား၊ အစစ်လား ဟ


ဒါက အတုလား၊ အစစ်လား ဟ။
မလုပ် မလုပ်နဲ့၊ လုပ်မယ်လုပ်တော့လည်း
ဖိအားမပေးဘဲ ဝင်လုပ်တာဆိုရင်တော့ နပသ က ထိုင်မနေဘဲ ထသွားလိုက်တာမျိုးပဲ။
ဝမ်းနည်းစရာ။ တချို့ကို ပြန်လည်စီစစ်ကြည့်ဖို့ကောင်းတယ်။

ကမ်းလက် shared Maha Thumana's photo.