ISIS က စင်္ကာပူကိုပါ ပစ်မှတ်ထားလာတာရယ်


ISIS က စင်္ကာပူကိုပါ ပစ်မှတ်ထားလာတာရယ်
လှေလူတွေရယ် ပေါင်းလိုက်တော့
စင်္ကာပူထဲ အခုတလောဝင်လာတဲ့ လူတိုင်းကို တော်တော်စစ်ဆေးလိမ့်မယ်။
အထူးသဖြင့် လူငယ်ပိုင်းတွေပေါ့၊ လူကြီးပိုင်းတွေတော့ နည်းနည်းသက်သာမယ်။
ရုပ်ချောလို့စစ်တာတော့ မဟုတ်လောက်ပါဘူး။

ဘီဘီစီ အမေး သမ္မတဒကာကြီး အဖြေ


ဘီဘီစီ အမေး။ ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်က ပြုမူခဲတာတွေ အတွက် နောင်တ ရမိတယ်လို့ တောင်းပန်စကားပြောနိုင်ပါသလား
သမ္မတဒကာကြီး အဖြေ။ ။ ဒါမျိုးတွေက အခြားနိုင်ငံတွေမှာလည်း ဖြစ်ခဲ့တာပါပဲ..............။

ဘီဘီစီ အမေး။ ။အခြေခံဥပဒေကို သမ္မတကြီးတစ်ယောက်ထဲနဲ့ ပြင်လို့မရနိုင်ဘူးဆိုတာတော့ ကျွန်တော်လည်း သိပါတယ်။ သမ္မတကြီးရဲ့ တစ်ဦးတည်းအမြင်အရ အခြေခံဥပဒေကို ပြင်သင့်တယ်လို့ထင်ပါသလား။
သမ္မတဒကာကြီး အဖြေ။ ။ ဒါက ကျွန်တော့်တစ်ယောက်ထဲနဲ့ လုပ်လို့မရပါဘူး.................................။

မေးခွန်းတွေကတိကျသလောက် အဖြေ ဝေ့လည်ကြောင်ပတ်


ကမ်းလက် shared 7Day News Journal's video.
 
ဘီဘီစီဆရာက အများကြီးနှေးထားပြီး တစ်လုံးချင်း စီပြောနေတာကို သမ္မတကြီးအတွက် မြန်နေတုံး။
မေးခွန်းတွေကတိကျသလောက် အဖြေ ဝေ့လည်ကြောင်ပတ်။
နည်းနည်း လစ်စင်းနင်းကောင်းတဲ့လူဆိုရင် သမ္မတကြီးမြန်မာစကားထက် ဘီဘီစီအင်္ဂလိပ်က ပိုရှင်းလို့ အင်္ဂလိပ်လိုကိုပဲ အားပြုနားထောင်ကြဖို့ အကြံပြုပါတယ်။
 
 

Burma's Thein Sein: 'Aung San Suu Kyi could be president'
ဘီဘီစီသတင်းဌာန၏ Hardtalk အစီအစဉ်တွင် ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ဖြေကြားစဉ်
Posted by 7Day News Journal on Sunday, September 30, 2012

ဖေ့စ်ဘုတ်ကစ္စည်းသဒ္ဒါ


"ဟာ" ရှေ့မှာရှိသော "ဥ" သရ၊ "အို" သရ "ဩ" သရတို့သည် တခါတရံ၌ "ဝ" အဖြစ်သို့ရောက်ကုန်၏။
ပြယုဂ်ကား ကိုယ့်ဟာကို၊ ကွကို။ သူ့ဟာသူ သွသူဟူသည်တည်း။

တစ်ပါး နှစ်ပါးလောက်နဲ့ အလုပ်မဖြစ်ဘူး


Ashin Kavissara။ ။ မြန်မာပြည်မှာက ပလ္လင်ပေါ်ရောက်ပြီဆိုရင် ပြောချင်ရာပြော အကုန်ုယုံကြည်တာပဲ။ ဘာသာရေးအစည်းအဝေးပွဲတိုင်းလိုလို မြန်မာပြည်က စာတမ်းဖတ်တဲ့အခါ သစ္စာတရားလေးပါအကြောင်း၊ ပရမတ္ထအကြောင်း၊ မေတ္တာအကြောင်းနဲ့ ပြီးနေတာ။ အရေးအသား၊ တင်ဆက်ပုံက BA ပထမနှစ်ကျောင်းသား အဆင့်မရှိဘူး။ ကျန်တဲ့နိုင်ငံက တက်လာတဲ့ပါမောက္ခတွေက Harvard, Cambridge, Oxford, London, Hawaii University တက္ကသိုလ်တွေက ဘွဲ့ရပြီး အဆင့်မီမီ စာတမ်းတွေဖတ်ကြတာ သွားတက်တဲ့ဆရာတော်များများကရော ကောင်းကောင်းနားမလည်ဘူးထင်တယ်။ ပြောရင် ကိုယ်ပေါင်ကိုယ်လှန်ထောင်းရာရောက်အုံးမယ်။ အမီလိုက်ဖို့ အများကြီးလုပ်ယူရအုံးမယ်။ တစ်ပါး နှစ်ပါးလောက်နဲ့ အလုပ်မဖြစ်ဘူး။

ကမ်းလက်။ ။ အင်တာနေရှင်နယ်ပွဲကြီးတစ်ခုမှာ ဆရာတော်ကြီးတစ်ပါး ပြောသွားတဲ့ Speech ဆိုပြီး အွန်လိုင်းမှာတော်တော်တက်လာဖူးတယ်။ တကယ် အဲဒီပွဲကိုရာက်ပြီး နားထောင်ခဲ့သူအတွက်တော့ အဲဒီ Speech က အင်္ဂလိပ်လည်း အညံ့ဆုံး၊ လက်ခုပ်သံလည်း အနည်းဆုံးပဲ။ မပြောတော့ဘူးလို့ပါ။ ပက်လက်လှန်းရင်း တံတွေးထွေးပေါ့လေ