သူက ရန်ကုန်သား၊ တက္ကစီသမား၊ ဗုဒ္ဓဘာသာတစ်ယောက်ပါ။
ဒီကိစ္စ ၂၀၀၂ ခု၊ အောက်တိုဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တာ။ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာမှာ တရားအားထုတ်၊ စာပေသင်ကြားအပြီး ကိုရီးယားပြန်ခါနီး ကိုရီးယား သီလရှင်နှစ်ပါး(မဝိမလနဲ့မဓမ္မဒသီ)နဲ့အတူ ကျိုက်ထီးရိုးကို ဘတ်စ် ကားနဲ့ ဘုရား ဖူးသွားခဲ့ကြပါတယ်။
တာဝန်ခံဆရာတော်ကို လျှောက်ထားခဲ့တာက သူတို့နှစ်ပါးထဲသွားမယ် ဆိုတာ မျိုးဖြစ်ဟန်တူပါတယ်၊ ဒါပေမဲ့ မပြောတတ် ပြောတတ်မြန်မာစကားနဲ့ အခြား ကြုံတွေ့ရဖွယ်ရှိတဲ့ အခက်အခဲတွေကြောင့် အကူအညီတောင်းလို့ သူတို့နဲ့ အတူတူ လိုက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် ဘတ်စ်ကားဂိတ်ကနေ တက္ကစီ စီးပြီး ရွှေတောင်ကုန်း ရိပ်သာအပြန်မှာ ရိပ်သာထဲအထိ မလိုက်ခဲ့ဖို့ သူတို့ကပြော လို့ မလိုက်ဘဲ ခပ်လှမ်းလှမ်းလေးမှာပဲ ဆင်းနေရစ်ခဲ့ပြီး သူတို့ကို လိုက်ပို့ပြီးရင် ကားကိုပြန်လှည့်မောင်းလာဖို့ တက္ကစီသမားကို မှာလိုက်ပါတယ်။ တက္ကစီခကိုလည်း သန္တိသုခရောက်မှ ငါပေးမယ်လို့ မှာလိုက်တယ်၊ ကားနံပါတ်ကို လည်း မှတ်ထားလိုက်တယ်။
ခပ်လှမ်းလှမ်းလေးမှာဆိုတာ မျက်စိနဲ့မြင်ရ၊ ခေါ်ရင်ကြားရတဲ့ နေရာမျိုးပါ။ ဗုဒ္ဓဘာသာ၊ တက္ကစီသမားကတော့ တင်ပါဘုရားပေါ့။ (ဘုန်းဘုန်းတွေ၊ ဆရာလေးတွေမို့ တက္ကစီခတောင် ဈေးလျှော့ယူတယ်ဆိုတဲ့ လေသံမျိုးနဲ့)
တက္ကစီခ မပေးရသေးဘူး၊ ကားနံပါတ်ကိုလည်း မှတ်ထားလိုက်တယ်ဆိုတဲ့ အချက်နှစ်ချက်ကြောင့် ခရီးဆောင်အိပ်ကိုတောင် ယူမထားလိုက်မိဘူး၊ ကိုယ့်လူ မျိုး၊ ကိုယ့်ဘာသာကို ယုံကြည်တာကိုး။
ဖြစ်ရပုံက ဒီလို။ ဆရာလေးနှစ်ပါးကို ချပေးထားခဲ့ပြီး ဘသားချောက ပြန်မလာတဲ့ အပြင် မျက်နှာပြောင်တိုက်ပြီး ဆန့်ကျင်ဖက်ကို မောင်းပြေးသွားတော့တယ်။ ခေါ် လို့လည်း မရ၊ ပြေးလိုက်လို့လည်း မမီ၊ ဆိတ်ငြိမ်ရပ်ကွက်လည်း ဖြစ်နေ။ မျက်စေ့အောက်မှာတင် သိသိကြီး ခံလိုက်ရပါတယ်။
ကားနံပါတ်ရှိနေတာမို့ ယဉ်ထိမ်းရုံးနဲ့ ရဲကို ကိုယ်တိုင်သွားပြီးတိုင်ကြားပေမဲ့ အရေးတယူ အမှုဖွင့်ပေးဖော်တောင် မရပါဘူး။ တိုတိုပြောတော့ အားလုံး ဆုံး တယ်ပေါ့။ ဝမ်နည်းစရာအကောင်းဆုံးက သူတို့ ကိုရီးယားမပြန်ခင် အမှတ်တရ ဓာတ်ပုံတွေရိုက်ထားတဲ့ ကင်မရာပါသွားခြင်းပါပဲ။ နှမြောတာထက် ရှက်တာက ပိုများမယ်ထင်ပါတယ်။
အဲဒါ "တင်ပါး" ချင်း မိုးမွှန်အောင်ပြော၊ ဘုန်းဘုန်းတွေ၊ ဆရာလေးတွေပဲ ပေး သလောက်ပဲ ယူရမှာပေါ့ဆိုတဲ့ ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးစစ်စစ် တက္ကစီ သမား ပါပဲ။ လူလိမ် လူညာတွေ အများကြီးရှိတယ်၊ ပြောလိုက်ရင် ငါးပါးသီလကနေ တစ်ပြားမှ မလျှော့ဘူး။
ကဲ....ကိုရီးယားလေဆိပ်မှာ စင်္ကာပူက ဖုန်းတစ်လုံးကောက်ရ၊ ပိုင်ရှင်ကို မရ အရလိုက်ရှာ၊ ပိုင်ရှင်လက်ထဲ ကိုယ်တိုင်လာထည့်သွားတဲ့မွတ်စလင်တစ်ယောက် နဲ့ သင်ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါ သင်ဘယ်လိုခံစားရမယ် ထင်ပါသလဲ။
အဲဒီ မွတ်စလင်က
"ဗုဒ္ဓဘာသာလိုပါပဲ ကျနော်တို့ ဘာသာကလည်း ပိုင်ရှင်မပေး တဲ့ ပစ္စည်းကို မယူဖို့ဆုံးမပါတယ်၊ ကောက်ရတယ်ဆိုရင်တောင် တတ်နိုင်သရွေ့ ပိုင်ရှင် ဆီပြန်ရောက်အောင် ကြိုးစားရပါတယ်"
လို့ပြောရင် သင့် အနာပေါ် ဆားရေနဲ့ လောင်းထည့်လိုက်သလို ဖြစ်မနေနိုင် ဘူးလား။
အဲဒါ အကျင့်ပျက် ဗုဒ္ဓဘာသာအချို့နဲ့ တာဝန်မဲ့အစိုးရရဲ့ အုပ်ချုပ်ပုံယန္တယား တစ်စိတ်တစ်ပိုင်းပါ။ နီးစပ်ရာမိတ်ဆွေတွေကလွဲရင် ဘယ်မှာမှ မရေးဖြစ် မပြောဖြစ်ခဲ့ပါဘူး။ အခုဟာက တိုက်ဆိုင်လွန်းနေတော့......... ။
Post a Comment