ကောင်းသူက ကောင်းတာပါပဲ


သူဟာ မလေးမွတ်စလင်တစ်ယောက်ပါ။
ကိုရီးယားလေဆိပ်မှာ ဓာတ်ပုံရိုက်မယ်ဆိုတော့ ဘက်ထရီက မရှိတော့ဘူး။ ဒါနဲ့ အိပ်ကပ်ထဲပြန်အထည့်မှာ ဘေးချော်သွားဟန်တူပါရဲ့။ ဖုန်းကျပြောက်ခဲ့တယ်။
ဖြစ်ချင်တော့ ဖုန်းကိုတွေ့သွားသူက စင်္ကာပူရီယန်း မစ္စတာ ရှရစ်ဖ်။ ဟိုတယ်ကိုရောက်တယ်ဆိုရင်ပဲ ဖုန်းကိုအားသွင်းကြည့်လိုက်တော့ စင်္ကာပူက ဖုန်းဖြစ်နေတယ်။ ဒါနဲ့ ဆင်းမ်ကတ်ကိုထုတ်ပြီး သိမ်းထားခဲ့တယ်။ စနေနေ့က သူပြန်ရောက်၊ ဟိုမှာ မက်ဆေ့ရခဲ့တဲ့ မော်ရင်းဆီကို သူကိုယ်တိုင်ဆက်သွယ်ပြီး ပိုင်ရှင်ကိုရှာဖွေခဲ့တယ်။ ဒီနေ့ ညနေ ခြောက်နာရီမတ်တင်းမှာ သူကိုယ်တိုင်ပဲ လက်ထဲလာထည့်ပေးသွားတယ်။ သူဟာ မလေးမွတ်စလင်တစ်ယောက်ပါ။



သူက ဗုဒ္ဓဘာသာပရဟိတအဖွဲ့တွေရဲ့ လက်အောက်မှာ ပရဟိတလုပ်နေသူ လည်းဖြစ်တယ်။ ဖြစ်နိုင်ရင် လာမယ့်စနေနေ့မှာ သူတို့ပရဟိတ ရံပုံငွေအတွက် ညစာစားပွဲတစ်လုံး ဒေါ်လာ ၈၀၀ကို ကျောင်းအနေနဲ့ ဖြစ်နိုင်ရင် အားပေး ဖို့ မေတ္တာရပ်ပါတယ်။
သူ့ရဲ့ ရိုးသားမှု၊ ပရဟိတစိတ်ရှိမှုတွေကို ထောက်ဆရင် ဒေါ်လာရှစ်ရာဆိုတာ များမှ မများဘဲ။ ရိုးသားမှုကို ဂုဏ်ပြုရမှာပေါ့။

ကိုရီးယားရှိနေစဉ် အသုံးပြုနိုင်အောင်ဆိုပြီး တစ်နာရီကြာကားစီးရတဲ့ ခရီးကနေ လာပြီး ဖုန်းတစ်လုံးလာပေးထားတဲ့ ကိုရီးယားရောက် ကိုဇေယျာစိုးရဲ့ ကျေးဇူးကို လည်း ဒီမှာ မှတ်တမ်းတင်လိုက်ရပါတယ်။
အဆင်ပြေကြပါစေ မစ္စတာ ရှရစ်ဖ်နဲ့ ကိုဇေယျာစိုး။
ဒါဟာ အဆင့်မြင့် ယဉ်ကျေးမှုပါ။ နောက်ပြီး ဒါဟာ နေရှင်းတစ်ခုရဲ့ ဂုဏ်သိက္ခာ လည်းဖြစ်ပါတယ်။ အဆင့်မြင့် ယဉ်ကျေးမှုရှိတဲ့နိုင်ငံတွေမှာ ကျပျောက်ပစ္စည်း ဆုံးရှုံးတယ်ဆိုတာ ၂၀ ရာခိုင်နှုန်းထက် မကျော်ဘူး။

Post a Comment