" စနေ ဘောလုံးဆိုတာ "  ဘောလုံး သဘောတရားတွေထက် ဒီလောကထဲ က လူတွေရဲ့ အကြောင်း၊ ပြုံးစရာသတင်းတွေ အကြောင်းကို ခံစားရသ လို ရေးမိတာပါ။
 
 ပေါ်ပြူလာ ဖြစ်တဲ့နေရာမှာတော့ ဒေးဗစ် ဘက်ခမ်းနဲ့ ပေါလ်စခိုးလ်းတို့က မတူဘူးပေါ့။
 ဒါပေမယ့် သူတို့နဲ့ အနီးဆုံး၊ အချစ်ဆုံး ( Nearest and dearest ones ) လူ 
သားတွေဆီမှာတော့ တန်ဖိုးတစ်ခုခု ရှိနေမှာ အမှန်ပဲ။ပေါ စခိုးလ်း
 ကစားခဲ့ ပုံတွေနဲ့ သူ သွင်းယူခဲ့ရတဲ့ ခက်ခက်ခဲခဲ အနိုင်ဂိုးအကြောင်းသတင်းေ
 ထာက်တွေက မေးမယ် လုပ်နေချိန်မှာ ပေါ စခိုးလ်း ဆိုတဲ့လူကတော့ သူ့ဇနီးနဲ့ 
သူ့ကလေးတွေရှိရာကို အမြန်ရောက်ဖို့ အဝေးပြေးလမ်းမပေါ်မှာ ဂီယာတွေ တင် 
မောင်းနေပေါ့။
 
 " ပေါ စခိုးလ်း က ဒါတွေကို ပြောနေမယ့်အစား သူ့ဇနီးနဲ့ သူ့ကလေးတွေဆီ အမြန်ရောက်ဖို့ပဲ စဉ်းစားနေတဲ့ ကောင် " 
 က ဂုရုကြီး ဖာဂူဆန်ရဲ့ တပည့် အစား အဖြေစကား။
 သူ့ အောင်မြင်မှုကို သူ့ဇနီးနဲ့ သူ့ ကလေးတွေကိုပဲ အရင် ပြောပြချင်တာ လား၊  
ပေါ်ပြူလာဖြစ်ခြင်းကို မလိုလားတာလား ဆိုတာတွေကတော့ ဝေဝါး ဆဲပါ။ ဒါပေမယ့် ကြာဆံ ဆံပင်တွေနဲ့ ပေါ စခိုးလ်းကို မန်ယူ ပရိဿတ်တွေ ချစ်တာ ထက်  သူ့ဇနီးနဲ့ သူ့ကလေးတွေက ပိုပြီး ဂုဏ်ယူကြမယ်လို့ ထင်တယ်။ သူ့ကို ကမ္ဘာက သိပေမယ့် လူလေးယောက်သာ အနီးဆုံးရှိတဲ့ ဘဝထဲ နေ ရဲတဲ့ ပေါ 
စခိုးလ်း ဟာ တကယ် မိသားစုကို တန်ဖိုးထားတဲ့ လူတစ်ယောက် ဆိုတာတော့ မန်ယူ ကို
 မုန်းသူတွေတောင် မငြင်းရဲပါဘူး။ ကွင်းထဲက ဘောလုံး၊ ကွင်းပြင်က ဇနီးနဲ့ သူ့ ကလေးတွေကလွဲရင် သူ့မှာ ဘာမှ မရှိသလိုပဲ။ ရှားလွန်းတဲ့ ၂၀၊ ၂၁ ရာစု ဘောလုံးသမားပါပဲ။
 
 သူ့အကြောင်းပြောကြသူတွေထဲ သူ့ အသင်းသား မဟုတ်သူတွေကို ရှာ ကြည့်မိတော့ 
ဘာစီလိုနာက ကွင်းလယ် မာရှယ်ဂျင်နရယ် ရှဗီ ဟာနန်ဒက် ကို အရင်တွေ့ရတယ်။
 "
 Paul Scholes is a role model. For me – and I really mean this – he’s 
the best central midfielder I’ve seen in the last 15, 20 years. I’ve 
spoken to Xabi Alonso about him. He’s spectacular, he has it all: the 
last pass, goals, he’s strong, he doesn’t lose the ball, vision. If he’d
 been Spanish he might have been rated more highly. Players love him."
 ပေါလ်စခိုးလ် က ရိုးလ်မော်ဒယ်ပါ။ ကျနော့်အတွက်တော့ ကျနော်သိ မီ တဲ့ ၁၅ 
နှစ် နှစ် ၂၀ ကာလမှာ သူဟာ အတော်ဆုံး ကွင်းလယ်ကစားသမားပါပဲ။ ဒီအကြောင်း ရှဗီ
 အလောင်ဆိုနဲ့ ပြောဖူးတယ်။ ဘက်စုံ ထူးချွန်တဲ့ ကစားသ မားပဲ၊ ပေးနိုင် 
ယူနိုင်၊ ဂိုးသွင်းနိုင်ပဲ။ သန်တယ်၊ သူ့ဆီကဘောလုံး ဆုံးခဲ တယ်၊ 
အကွက်မြင်တယ်။ သူသာ စပိန်တစ်ယောက်ဆိုရင် သူ့ကိုပိုပြီး အသိ အမှတ်ပြုကြမှာ၊ 
ကစားသမားတိုင်း သူ့ကိုချစ်ကြတယ်။
 
  ရှဗီ ဟာနန်ဒက် ကို လိုဗ်က်ဝိတ် ( အကောင်သေးတယ် ) ထင်ရင် လဲဂျင့် ခေါင်းပြောင်ကြီး ဇီဒန်း ပြောတာကို နားထောင်ကြည့်ရအောင်
 Zinedine Zidane: " My toughest opponent? Scholes of Manchester. He is 
the complete midfielder. Scholes is undoubtedly the greatest midfielder 
of his generation."
 ကစားရ အခက်ဆုံး ကစားသမား လား၊ မန်ယူက 
ပေါလ်စခိုးလ်ပဲ။ ဘက်စုံတော်တဲ့ ကွင်းလယ် ကစားသမား။ သူ့မျိုးဆက်မှာတော့ 
အတော်ဆုံး ကွင်းလယ် ကစားသမားတစ်ယောက်ပဲ။
 
 ဒီအထဲ ပီလီတောင် ပါနေသေးတယ်။ " ပေါလ်စခိုးလ်နဲ့ ဆို သူ ဒီထက် ဂိုးပိုများအောင် သွင်းနိုင်မယ် " တဲ့။
 Pele: " If he was playing with me, I would score so many more. "
 
 သူတို့ အထဲမှာ ကွင်းပြင် အထိရောက်အောင် ပေါလ်စခိုးလ် အကြောင်း ပြောပြနိုင်သူကတော့ ပေါ်တူဂီက ဖီဂိုပါ။
 Figo:" I’m star-struck when I see Paul Scholes because you never see 
him. On the pitch you can’t catch him. Off the pitch he disappears."
  ပေါလ်စခိုးလ်နဲ့ ကစားရတာဟာ ကြယ်ပွင့်ရှာရသလိုပဲ။ ကွင်းထဲမှာလည်း 
သူ့ကိုဖမ်းလို့မမိဘူး။ ကွင်းပြင်ရောက်ပြန်တော့ ဒီလူက ပျောက် သွားပြန်ရော၊ 
မြင်ကို မမြင်ရတော့ဘူး တဲ့။
 
  ပေါလ်စခိုးလ်ရဲ့ 
အတွင်းကာရိုက်တာကိုတော့ သူနဲ့ အနီးကပ်နေခဲ့ရတဲ့ ရွိုင် ကိန်းက အသိဆုံး 
ဖြစ်မှာပေါ့။ ရွိုင်ကိန်းကလည်း နုနုရွရွ မပြောတတ်ဘူး။
 Roy Keane: No celebrity bulls**t, no self-promotion – an amazingly gifted player who remained an unaffected human being.
 နိုး စလီဘရစ်တီ ဘူးရှစ်၊ ကိုယ်ဂုဏ်ကို မဖော်၊ ဒီဘောလုံးလောကရဲ့ လွမ်းမိုး မှု လုံးဝ မခံရတဲ့ အံ့ဩစရာ ဘောလုံးသမား တဲ့။
 
 သူ့အကြောင်း စာရေးမယ်ဆိုတော့လည်း သူပြောစကား ကိုးကားဖို့ဆိုတာက မရှိ။ ဒီတော့ "  A man who has nothing to say " တဲ့။
 ကလပ်တွေ ပြောင်းချင်တိုင်း ပြောင်းနေကြတဲ့ ခေတ်ကြီးထဲမှာ မန်ယူကလွဲ ရင် 
ကစားစရာ ကလပ် မရှိဘူးလို့ ထင်ထားဟန်တူပါရဲ့ ဒီရာသီကုန်ရင် ဘောကန်ဖိနပ်ကို 
တိုင်မှာပဲ ချိတ်ထားတော့မယ် ဆိုလေရဲ့။
 သူ့မန်နေဂျာ၊ သူ့ကစားဖော်တွေက ကမ္ဘာ့ စာမျက်နှာ မျက်နှာဖုံးတွေ မှာ တွေ့ရတတ်တဲ့ ဘက်ခမ်းထက် သူ့ကို ပိုတန်ဖိုးထားတယ်ဆိုရင်...
 သူ့ကစားဟန်တွေကို ကင်မရာရှေ့မှာ တခမ်းတနား ကြွားဝါနေဖို့ထက် ပြီး တာနဲ့ 
ဇနီးနဲ့ ကလေးသုံးရောက်ရှိရာကို ဖုတ်ဖက်ခါရင်း ထွက်ပြေးသွားတတ် တဲ့ သူ့အတွက်
 ဇနီးနဲ့ ကလေးတွေက သိုသိပ်စွာ ဂုဏ်ယူနေကြတယ်ဆိုရင်..
 ကျနော်တို့ ငြင်းစရာစကား ရှာမရနိုင်ဘူး။ ။
 
 Nickname
 Scholesy
 Ginger Prince
 
 Height
 5' 7" (1.70 m)
 
 Spouse
 Claire Froggatt     (February 1999 - present) 3 children
ဇင်ဝေသော်