ကိုယ့် နိုင်ငံသား ပဓာနဝါဒ (သို့) နိုင်ငံတချို့ရဲ့ ဖောရိန်းအလုပ်သမား ကန့်သက်ချက်များ(၂)


၂။ ဩစေတးလ်

နိုင်ငံခြား အလုပ်သမားဥပဒေနဲ့ ပတ်သက်လို့ကတော့ ဩစတေးလျက အတင်းကြပ်ဆုံး နိုင်ငံလို့ ပြောရမှာပါပဲ။ ပထမဆုံး ဩစတေးလျအစိုးရ အလိုရှိတာက နိုင်ငံခြားသား အလုပ်သမား ငှါးတော့မယ်ဆိုရင် ဗီဇာယူစဉ်ကကို မားကတ်ဈေးနှုန်း ပေးထားရပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီလို လုပ်ခြင်းအားဖြင့်ဒေသခံတွေကို လစာမြှင့်ပေး မယ့်အစား ဈေးချိုတဲ့ နိုင်ငံခြားသားကို ခေါ်ခိုင်းမှာကို တပ်လှန့်ပြီးသား ဖြစ် တယ်လို့ ယုံကြည်ထားလို့ပါ။
နိုင်ငံခြားသား အလုပ်သမားကို လစာပေးရာမှာလည်း ဒီလစာကို ဘာ့ကြောင့် ဒီလောက် ပေးရတယ်၊ ဒေသခံကို လစာပေးရာမှာလည်း ဘာကြောင့် ဒီလ စာ ပေးရတယ်ဆိုတာ အစိုးရကို ရှင်းပြရပါတယ်။ သက်မှတ်ချက်အရ အ နည်းဆုံး အလုပ်သမားတစ်ယောက်ရဲ့ နှစ်စဉ်ဝင်ငွေဟာ ဩစတေးလျဒေါ် လာ (၅၁၄၀၀) ရှိနေရတယ်။

ဒုတိယအချက်အနေနဲ့ နိုင်ငံခြားသားကို အလွယ်တကူ ခေါ်ခိုင်းတာ မဟုတ်ကြောင်း၊ ဒေသခံ အလုပ်သမားတွေကိုလည်း ကျွမ်းကျင်လာအောင် လေ့ကျင့် ခန်းသင်တန်းတွေ ပေးကြောင်း အလုပ်ရှင်တွေက အစိုးရကို ရှင်းပြကြရတယ်။ ဒီလမ်းညွှန်ချက်နဲ့ ကိုက်ညီအောင် သူတို့ ငှါးရမ်းထားတဲ့ အလုပ်သမားရဲ့ ဝင်ငွေ (၂) ရာခိုင်နှုန်းကို ပေးဆောင်ရတယ်။ ဒါမှမဟုတ် လစာအား လုံးရဲ့ (၁) ရာခိုင်နှုန်းကို အလုပ်သမား လေ့ကျင့်ပေးရေး သင်တန်းတွေ အ တွက် သုံးစွဲရတယ်။
အလုပ်ရှင်တွေက ဩစတေးလျန်းတွေကို မငှါးရမ်းဘဲ နိုင်ငံခြားသားတွေ အများကြီးကို ငှါးရမ်းလာကြမှာ စိုးရိမ်လို့ အစိုးရက ဒီဥပဒေကို ၂၀၀၉ - ခုနှစ် ကတည်းက စတင် ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။

" ဈေးနှုန်းသက်မှတ်ချက်ကိုလည်း အလုပ်ရှင်က ပေးကိုပေးရပါမယ်။ ဒါမှ လည်း နိုင်ငံခြားက အလုပ်သမားတွေကို လိုက်မရှာတော့ဘဲ ဩစတေး လျန်းတွေကို ငှါးရမ်းဖို့ ကြိုးစားလာကြမှာပါ” လို့ လူဝင်မှုကြီးကြပ်ရေး ဝန် ကြီးဟောင်း ခရစ်ဘရောင်းက ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။

တတိယအချက်အနေနဲ့ကတော့ ငှါးရမ်းမယ့် နိုင်ငံခြားသား အလုပ်သမားဟာ ဩစတေးလျမှာ အမှန်တကယ် လိုအပ်နေတဲ့ အရည်အသွေးတွေနဲ့ ပြည့် စုံနေသလားဆိုတဲ့ အချက်ကို အစိုးရကိုယ်တိုင်က စိစစ်တာပါ။ဩစတေးလျမှာ လိုအပ်နေတဲ့ အလုပ်အရေအတွက်ကို နှစ်စဉ်နှစ်တိုင်း အစိုး ရက ထုတ်ပြန် ကြေညာတတ်ပါတယ်။ လတ်တလောမှာတော့ အလုပ်အကိုင် နှစ်ရာလောက် ဖော်ပြထားပါတယ်။ ဗိသုကာပညာရှင်တွေ၊ ဆောက်လုပ်ရေး ပရောဂျက် မန်နေဂျာတွေ၊ အင်ဂျင် နီယာ၊ ရှေ့နေ၊ လက်သမားစတာတွေ ပါဝင်ပါတယ်။ အများအားဖြင့်တော့ ဆေးဝါး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အလုပ်မျိုးတွေ ပါပဲ။ အလုပ်အကိုင် ခေါ်ယူတဲ့ ကြော်ငြာတွေ သတင်းစာမှာ ထည့်ဖို့ မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်ပေမဲ့ နိုင်ငံခြားသား အလုပ်သမားကို ခေါ်ယူဖို့ အမှန် တကယ် လိုအပ်နေပါတယ်ဆိုတဲ့ အချက်ကိုတော့ အလုပ်ရှင်တွေဘက်က လုံးဝ သေချာနေရပါမယ်။

ဩစတေးလျမှာ အများဆုံးရှိနေတဲ့ နိုင်ငံခြားသားတွေကတော့ အရည် အချင်းရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ပါပဲ။ ဒီနှစ်မှာပဲ အဲသလို ပညာရှင်တွေ အတွက် အမြဲနေထိုင်ခွင့် ဗီဇာ (၁၂၉၂၅၀) ခွင့်ပြုမယ်လို့ ဆိုထားပါတယ်။ လတ်တလောမှာတော့ အဲဒီ နိုင်ငံခြားသား ပညာရှင်တွေကြောင့်ပဲ လူထုက မကျေမချမ်း ဖြစ်နေကြပါတယ်။ ဒီလူတွေက သူတို့ အလုပ်တွေကို လုယူနေ ကြတယ်လို့ လူထုက ခံယူထားလို့ပါ။

သူတို့ကို ခွင့်ပြုတဲ့ ဗီဇာသက်တမ်းက သုံးလကနေ လေးနှစ်အထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါတွေက အစိုးရဖက်ကနေ သူတို့လူမျိုးတွေရဲ့ အကျိုး စီးပွား အတွက် နိုင်ငံခြားသားတွေအပေါ် ကန့်သတ်တားမြစ်မှုတွေပါ။ ဒါပေမဲ့ အစိုးရ က ဘယ်လောက်ပဲ ကြိုးစားကြိုးစား အလုပ်ရှင်တွေဖက်ကလည်း သူတို့ကမ်း လှမ်းတဲ့ အလုပ်ကို လိမ်လည်တာ၊ လစာကို လိမ်လည်တာမျိုးတွေတော့ ရှိနေဆဲပါပဲလို့ သိရပါတယ်။

၃။ ဟောင်ကောင်

ဟောင်ကောင်မှာရှိတဲ့ အလုပ်ရှင်တွေအနေနဲ့ သူနာပြုဌာန စတာတွေ မှာ နိုင်ငံခြားသားကို ခေါ်ယူတော့မယ်ဆိုရင် အခက်အခဲ သုံးမျိုးကို ကျော် လွှားဖို့ လိုအပ်ပါတယ်။ အရင်ဆုံး အလုပ်သမား ခန့်တော့မယ်ဆိုရင် အလုပ်သမားသစ် ခန့်အပ်ထားဖို့ တစ်လကြာအောင် စောင့်ဆိုင်းရပါတယ်။ ခန့်အပ်မယ့် အလုပ်သမားက နည်းပညာရှင်အဆင့်နဲ့ ဒီအောက် နိမ့်တဲ့အဆင့်ဆိုရင် ပြည်တွင်း သတင်းစာ ကနေ နှစ်ပတ်ကြာအောင် အလုပ်ခေါ်ယူကြောင်း ကြော်ငြာ ထည့်ရပါတယ် ။ ပေးမယ့်လစာ အပါအဝင် ဖော်ပြရပါတယ်။

ပြီးရင် အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှာဖွေနေသူတွေနဲ့ လစ် လပ်နေတဲ့ရာထူးကို ကြားကနေ တွေ့ဆုံညှိနှိုင်းပေးတယ်။ အလုပ်ခန့်အပ်ခံရမယ့် အလုပ်သမားတွေမှာ အရည်အချင်း လိုနေမယ်ဆိုရင် အလုပ်ရှင်ကနေ သင်တန်းတွေ ထပ်ပေးရပါတယ်။ ဒီသင်တန်း ဖြစ်မြောက်ဖို့ကိုတော့ အစိုးရရဲ့ အလုပ်သမား လေ့ကျင့်ပေးရေး ဘုတ်အဖွဲ့ (Employees Training Board) က ပူးပေါင်းကူညီပါတယ်။ နောက်ဆုံးအခက်အခဲကတော့ နောက်ဆုံးအဆင့်ပါ။ အလုပ်သမားသစ် ရှာဖွေရေးနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လောက် ကြိုးစားခဲ့တယ်ဆိုတာကို အလုပ်သမားရေးရာဦးစီးဌာန (Labour Department) ကို တင်ပြရပါတယ်။ ဒီလောက် ကြိုးစားပါလျက် ဒီအလုပ်အတွက် ဒေသခံတွေထဲက ရှာလို့ မရတော့တဲ့အတွက် နိုင်ငံခြားသား အလုပ်သမားကို ခန့်အပ်ခွင့်ပြုဖို့ လျှောက် ထားရပြန်ပါတယ်။ ဒီလျှောက်လွှာကို အလုပ်သမားရေးရာ အကြံပေးအဖွဲ့ (Labour Advisory Board) က စစ်ဆေးပြီး အလုပ်သမားရေးရာ ဦးစီးဌာန ကနေ ခွင့်ပြုပါတယ်။

ဒီလို ဥပေဒ ထုံးတမ်းစဉ်လာကိုတော့ အပိုအလုပ်သမား ခန့်အပ်ခြင်း အစီအစဉ်လို့ ခေါ်ပါတယ်။ ဒီဥပဒေက ၁၉၉၆ - ခုနှစ် ကတည်းက အတည်ပြု ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က ဟောင်ကောင်ဟာ ပြည်ပလုပ်အား မဖြစ်မနေ လိုအပ်နေတဲ့ ကာလလည်း ဖြစ်နေခဲ့ပါတယ်။ ဒီဥပဒေက ပြည်တွင်း အလုပ်သမားတွေ အလုပ်ရရှိရေး၊ လစာ တူတူတန်တန် ရရှိရေးကို အကာအကွယ် ပေးထားပါတယ်။ (Supplementary Labour Scheme ကို S.L.S. လို့ ခေါ်ပါ တယ်။)

ပရော်ဖက်ရှင်နယ်အဆင့် နိုင်ငံခြားသား အလုပ်သမားကို ငှါးယူချင်တယ် ဆိုရင်တော့ အလုပ်ရှင်က ဒီလောက် တင်းကြပ်မှု မရှိတဲ့ General Employment Scheme အောက်ကနေ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနကို တင်ပြ တောင်းဆိုရပါတယ်။ဟောင်ကောင်မှာလည်း ဆောက်လုပ်ရေးပိုင်းက အလုပ်သမားတွေ အလုပ် လက်မဲ့တွေ များပြားလာနေတဲ့အတွက် နိုင်ငံခြားသားတွေ ခေါ်ယူပြီး ငှါးရမ်းနေလို့ ဒီလို ဖြစ်ရတာဆိုတဲ့ ယုံကြည်မှုမျိုး လူထုကြားထဲမှာ ရှိနေလို့ ဒီလောက် ထိန်းကွပ်ထားတဲ့ ကြားက အစိုးရလည်း ဝေဖန်ခံနေရတာတော့ မလွတ်ခဲ့ပါဘူး။

( ဆက်ရန် )

 ဇင်ဝေသော်

ပရိုမိုးရှင်း ပဟေဠိ


စီဒီပလေယားလေး တစ်လုံးလိုချင်လို့ ပရိုမိုးရှင်းပေးနေတယ်ဆိုတဲ့ စူပါမား ကက် ဆီကို ရောက်ခဲ့ပါတယ်။ ကိုယ်လိုချင်တဲ့ မော်ဒယ်မှာ သူတို့ရေးထားတဲ့ စာတွေကို နားမလည်လို့ အရောင်းစာရေးကို ခေါ်မေးရတယ်။

" ဒါနဲ့ စီဒီပလေယားဘေးမှာ ရေးထားတဲ့ ' Hybrid pulse D/A converter' ဆိုတာ ဘာအဓိပ္ပါယ်လဲ" မေးတော့...

" ဆိုလိုတာက ဒီ စီဒီပလေယားဟာ စီဒီပြားပေါ်မှာ ရေးထားတဲ့ ဒစ်ဂျစ်တယ် အမှတ်အသားတွေကို ဖတ်နိုင်တယ်၊ ဖတ်ပြီး အော်ဒီယို ( အသံဖြစ်အောင် ) ပြောင်းလဲပေးနိုင်တယ်၊ ဒီလိုပါ " အရောင်းစာရေးက ရှင်းပြတယ်။

" ရှင်းရှင်းပြောရင် ဒီ စီဒီပလေယားက စီဒီဖွင့်လို့ရတယ်၊ ဒီလိုမဟုတ်လား " ဆိုတော့မှ
" အတိအကျပဲ " တဲ့။
(R.D, March,2005 )

ဇင်ဝေသော်

 

ဖရီးသင့်ကား ( Free Thinker ) များလာရခြင်း အကြောင်းရင်းတစ်ခု


" ယဉ်ကျေးတဲ့ ကမ္ဘာ့ နိုင်ငံကြီးတွေဟာ သူ့လူမျိုးမဟုတ်၊ သူ့ပြည်တွင်း မှာ မွေးတာလည်းမဟုတ်၊ ကိုးကွယ်မှုချင်း လုံးဝမတူမှန်းလည်းသိတဲ့ သူများနိုင်ငံတွေက ဒုက္ခသည်တွေကို ကိုယ်တာတွေထားပြီး ဘာလို့များ နှစ် စဉ် လက်ခံနေကြတာပါလိမ့်"

လွန်ခဲ့တဲ့ နှစ်လလောက်က ယူကေရဲ့ ယုံကြည်ကိုးကွယ်မှုနဲ့ ဆက်စပ်နေတဲ့ သတင်းတစ်ပုဒ် ပါလာတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ဒီနှစ်တွေမှာ ဖရီးသင့်ကားတွေ ပိုလို့တိုးပွားလာနေတယ်တဲ့။ ယူကေမှာဆိုတော့ ဒီ ဖရီး သင့်ကားတွေ ဘယ်ကခွဲထွက်လာတာလဲဆိုတာ စဉ်းစားရတာ သိပ် မခက် လှပါဘူး။ မဆိုစလောက် ဗုဒ္ဓဘာသာ၊ ကိုလိုနီပါ အိန္ဒိယန်း ဟိန္ဒူတချို့ကလွဲ ရင် ခရစ္စယန်နဲ့ အစ္စလမ်က ( ခရစ္စယန်ထဲက ပိုများနိုင်တယ် ) ခွဲထွက် လာ တာတွေပဲ ဖြစ်ဖို့များပါတယ်။
ဘာဖြစ်လို့ ဖရီးသင့်ကားဖြစ်ကြရတာလဲဆိုတဲ့ အဖြေကတော့ အများကြီး ရှိနေနိုင်ပါတော့တယ်။
သေချာတာက ဘာသာရေး အဆုံးအမတွေအပေါ် သံသယရှိမှု၊ ကောင်းေ နပြီးတာပဲ ဘာသာမရှိလည်း ပြဿနာမရှိဆိုတဲ့ ယုံကြည်မှု၊ နောက်ပြီး ဘာသာရေးနောက်ခံ အကြမ်းဖက်မှုတွေလည်း သေချာပေါက် ပါနိုင်ပါတယ်။ အစိုးရကို ပေးရမယ့်အခွန်ကိုမပေးလို့ အဖမ်းခံရနိုင်ပေမဲ့ ဘယ်ဘာသာကိုမှ မကိုးကွယ်လို့တော့ လာဖမ်းလို့ မရဘူးလေ။

အကြမ်းဖက်မှုတိုင်းမှာ ဟိုဖက် ဒီဖက် ခိုင်လုံတဲ့အကြောင်းပြချက်တွေ ရှိနေ ကြတာချည်းပါပဲ။ သူမှန် ငါမှန်က တုတ်ထမ်း ဓားထမ်းငြင်းမှရတာမျိုးပါ။ ဘယ်တော့မှလည်း တုတ်၊ ဓားနဲ့ အဖြေရှာလို့ မရတတ်ဘူး။
မိတ္ထီလာကနေ ရမည်းသင်းကို ကူးသွားတယ်။ ဘယ်သူက ဘယ်သူ့ကို ဘာတွေ မခံမရပ်နိုင်အောင်လုပ်ထားလို့ ဒီလိုတွေ ဖြစ်ရတာလဲဆိုတာ ရမည်းသင်းမှာ မနေဖူးသူတွေ ကျကျနန မသိနိုင်ဘူး။ ဒီ မခံမရပ်နိုင်မှုတွေ ကို ဖော်ထုတ်ဖို့ ဒီမိုကရေစီကို စောင့်နေကြရတာလား၊ ဒါဆိုရင်တော့ ဒီမိုကရေစီလည်း ဓားစားခံ ( ဒုတ်စားခံလို့ ခေါ်ရင်လည်း ရမယ်ထင်တယ် ) ဖြစ်သွားရပြန်တယ်။ ပြီးတော့ ရှေ့ ခြေတစ်လှမ်းတက်လာတဲ့ နိုင်ငံတော်ဟာ နောက်တစ်လှမ်း ( တချို့က နှစ်လှမ်းလို့တောင် ပြောကြတယ် ) ပြန်ဆုတ်သွားတယ်။

ယဉ်ကျေးတဲ့ ကမ္ဘာ့ နိုင်ငံကြီးတွေဟာ သူ့လူမျိုးမဟုတ်၊ သူ့ပြည်တွင်း မှာ မွေးတာလည်းမဟုတ်၊ ကိုးကွယ်မှုချင်း လုံးဝမတူမှန်းလည်းသိတဲ့ ဒုက္ခသည်တွေကို ကိုယ်တာတွေထားပြီး ဘာလို့များ နှစ်စဉ် လက်ခံနေကြ တာပါလိမ့်။
ဆိုက်ပရပ်ကိစ္စက ပိုကြီးကျယ်နေတော့ မြန်မာ့သတင်းက ( တစ်ပိုင် တစ်နိုင် ကိုယ့်အသံနဲ့ကိုယ် အော်နေကြရတဲ့ ဖေ့စ်ဘုတ်ကလွဲရင် ) အင်္ဂလိပ်လို သတင်းစာတွေမှာ ဒုတိယနေရာ ရောက်သွားတယ်။
ကံကောင်းတယ် လို့ ပြော ရမလား၊ ကံမကောင်းတာတော့ သေချာတယ်။

ဒီလိုတွေ ကြုံတွေ့ရတာများရင် ကမ္ဘာမှာ ဖရီးသင့်ကားတွေ ပိုများလာမယ်ဆို တာ ဗေဒင်မေးစရာ မလိုလောက်ဘူး။ ဘာသာရေး ပြဿနာတွေ လတ်တလော ပြေလည်ဖို့ အဖြေရှာတွေ့ကြသေးဟန်လည်းမတူသေးဘူး။ အရင်က ဘာသာရေးအခြေခံ ပြဿနာတွေဆိုတာ နယ်ချဲ့မှုတွေနဲ့ ရောထွေးနေတယ်။ အခုလည်း နယ်မြေလုမှုက မပြီးသေးဘူး၊ ဒါ့အပြင် အခု ဘာသာရေးပြဿနာတွေက ဒုတ်၊ ဓား၊ မီးတုတ်၊ မုဒိမ်းကျင့်၊ အလံမီးရှို့၊ ရုပ်တုဖျက်ဆီး၊ လက်ဖြစ်ဗုံး၊ စက်ဖြစ်ဗုံး၊ ကားဗုန်း၊ လေယာဉ်ဗုံး ၊ ရော့ကက်တွေနဲ့ ဆက်စပ်နေတယ်။
ကံကောင်းထောက်မစွာပါပဲ ဘာသာရေး အစွန်းရောက်သူတို့ထံမှာ အနုမြူဗုံး ရှိကြသေးဟန် မတူဘူး။
ဤသို့ သတ်ကြပုတ်ကြဖြင့် အတန်ကြာသောအခါ..............


 ဇင်ဝေသော်

ပြန်ချင်သည့် ကွန်မင့်များ


"Kyaw Winmyint: သော ကြာ နေ့ ဆို ရင် နေ့ လည် 12:15 မှ 1:45pm ခန့် အ ထိ လောက် ပါ ။ အ ချိန် လွဲ နေ တော့ ဒါ မ ဟုတ် လောက် ပေ ဘူး
2 hours ago via mobile · Unlike · 2"


ကိုကျော်ဝင်းမြင့်၏ အထက်ပါ ကွန်မင့်နှင့်ပတ်သက်၍ ရှင်းလို့ရသမျှ ရှင်းပြ ချင်သည်။ အသေးစိပ်များကား ကော်မတီထဲမှာပင် ရှိရမည်ဖြစ်သည်။

၁ ။ ယင်း ဗလီ၏အမည်မှာ Masjid Darul Aman ဖြစ်ပြီး လိပ်စာက1, Jalan Eunos ဖြစ်သည်။

၂ ။ အစ္စလမ်တရားပွဲနှင့် ပတ်သက်ပြီး

Talk on "Islam" Our way of life
1 ) The meaning of Islam
2 ) The basic teaching of Islam
3 ) Who are Muslims?
4 ) Why Islam is still relevant today.
5 ) Islam the most misunderstood and underrated religion.
6 ) Qs and As

By Mr Haron Akhtar, a religious teacher.
Sun day, 31st of March,
Venue: Mangala Hall
Time 12:45 pm to 2 pm.

၃ ။ (ကားပါကင်နှင့် ပတ်သက်ပြီး ) အထက်ပါ ကွန်မင့်ရှင်က မြန်မာပြည်ထဲမှ ဆိုလျှင် စင်္ကာပူမှာရှိနေသော ဗလီ၊ ချပ်ကျောင်းနှင့် ဗုဒ္ဓဘာသာကျောင်းတို့ လည်ပတ်နေပုံကို ကျကျနန မသိနိုင်လောက်ပေ။ မိမိတို့ကျောင်းမှာပင် တနင်္ဂနွေနေ့ဆိုလျင် နံနက် ၉ နာရီမှာစသော ဆန်းဒေး ဓမ္မသင်တန်းများ၊ ပါဠိကောလိပ်တန်းများ ၊ ဘုရားရှိခိုး၊ တရားထိုင်၊ ပဋ္ဌာန်းရွတ်တို့ဖြင့် ည ၉ နာရီရောက်မှ ပြီးဆုံးသည်။ ထို Masjid Darul Aman ဗလီမှာလည်း သော ကြာနေ့များတွင် တစ်နေ့လုံးလိုလို လူစည်ကားနေသည်ကို တွေ့ရပါ၏။

မေတ္တာဖြင့်

သီဟနာဒ

 

Unlikely ( ဖြစ်နိုင်ခြေ သိပ်မရှိ )


ယခုလ ( မတ်လ ) ၃၁ ရက်နေသည် ငါးရက်မြောက် တနင်္ဂနွေဖြစ်သည်။ ဆိုလိုသည်မှာ ပုံမှန်လည်ပတ်နေသည်ထက် တနင်္ဂနွေ တစ်ရက် ပိုနေ သည် ။ ထို့ကြောင့် ဘာသာဝင်အချင်းချင်း တစ်ယောက်ကို တစ်ယောက်၊ တစ်ဘာ သာကို တစ်ဘာသာ ပိုမိုနားလည် သည်းခံနိုင်ကြစေရန် ရည်စူးပြီး အစ္စလာမ် ပညာရှင်တစ်ယောက်ကို ဗုဒ္ဓဘာသာကျောင်း၌ ဖိတ်ကြားပြီး အစ္စလာမ်ကိုး ကွယ်ယုံကြည်မှုနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာများကို ပြောဟောပေးရန် ဖိတ် ကြားဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ဤသည်ကပင် စင်္ကာပူ၏ အခြေခံမူပင်ဖြစ်ပြီး ကောင်းမွန်သော စနစ် ဟု လည်း ထင်မြင်မိသည်။
ယင်းကိစ္စကို ကော်မတီဝင်းများနှင့်် ဆွေးနွေးကြစဉ်
" ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပါတယ်၊ ဒါပေမဲ့ တစ်ခုလောက်မေးချင်တယ်။ ဗုဒ္ဓဘာသာကျောင်းမှာ အစ္စလာမ်ပညာရှင်တစ်ယောက်က အစ္စလာမ်ကိုး ကွယ် ယုံကြည်မှုအကြောင်း ပြောဟောခွင့်ရသလို ဗလီထဲမှာရော ဗုဒ္ဓဘာ သာပညာရှင်တစ်ယောက်က ဗုဒ္ဓဘာသာရဲ့ ကိုးကွယ်ယုံကြည်မှု အကြောင်း ပြောဟောခွင့်ရနိုင်မလား " ဟု အစည်းအဝေး၌မေးရာ
ကော်မတီဝင်းများအာလုံး တညီတညွတ်တည်း "Unlikely. At least not now" ဟု ဖြေကြသည်။

သောကြာနေ့ ညနေပိုင်းများမှာ ဗုဒ္ဓဘာသာကျောင်းများအတွက် ထွေထွေ ထူးထူး ဘာသာရေး အက်တီဗီတီမရှိသော်လည်း မွတ်စလင်များအတွက် ဝတ်ပြုဆုတောင်းခြင်းများဖြင့် ဗလီထဲမှာ စည်းကားနေတတ်သည်။ မလှမ်းမကမ်းမှာရှိသော ဗလီတစ်ခုက သူတို့ဘာသာဝင်များအတွက် ကားရပ် ရန်နေရာ အခက်အခဲရှိသဖြင့် ကားပါကင် ကျယ်ကျယ်ပြန့်ပြန့်ရှိသော မိမိနေ ထိုင်ရာကျောင်း၏ ကားပါကင်၌ သောကြာနေ့ ညနေတိုင်း ကားထား ခွင့် တောင်းခံလာကြသည်။ ကော်မတီနှင့်ဆွေးနွေးကြရာ အတူတကွ ညီညွ တ် စွာ ပူးပေါင်းနေထိုင်ရေး စင်္ကာပူ၏ဥပဒေနှင့်သော်လည်ကောင်း၊ လူသား ချင်း၊ ဘာသာချင်း ရိုင်းပင်းကူညီခြင်း အခြေခံ လူ့ဥပဒေနှင့် သော် လည်ကောင်း၊ ဗုဒ္ဓအဆုံးအမနှင့်သော်လည်ကောင်း ညီညွတ်ပေသည်။

ထို့ကြောင့် သတ်မှတ်ပေးထားသောနေရာတို့၌ ကားရပ်ထားနိုင်ကြောင်း၊ ထို သတ်မှတ်ပေးထားသောနေရာတိုကို လမ်းညွှန်ပေးနိုင်ရန် တာဝန်ရှိသူ တစ်ယောက် ကျောင်း ပရဝုဏ်ထဲမှာ ရှိနေရန်လိုကြောင်း၊ တစ်ခုခုဆို ထိုသူက ဖြစ်သမျှကို တာဝန်ယူ ဖြေရှင်းရန်လိုအပ်ကြောင်း၊ ကားရပ်ထားခွင့် သည် ညနေ ၃ နာရီခန့်မှ ၇ နာရီခွဲခန့်အထိသာဖြစ်ကြောင်း ဥပဒေထားကာ ခွင့်ပြုရန် သဘောတူခဲ့ကြသည်။
ကော်မတီ အစည်းအဝေးမှာပင်
" မိမိတို့ ဗုဒ္ဓဘာသာ အခါကြီး ရက်ကြီးများမှာ ဗုဒ္ဓဘာသာဝင်များအတွက် ကားပါကင်အခက်အခဲ ရှိလာရင်ကော သူတို့ဗလီထဲမှာ ကားရပ်ထား ခွင့် ပြုလောက်သလား " မေးရာ
ရှေးနည်းအတိုင်းပင် ကော်မတီဝင်းများအာလုံး တညီတညွတ်တည်း "Unlikely" ဟု ဖြေကြသည်။

လီကွမ်းယုကတော့ အတူတကွ ညီညွတ်စွာ ပူးပေါင်းနေထိုင်ရေးနှင့် ပတ် သက်ပြီး ၁၇ ရာစုဆန်သော အစ္စလမ်ယုံကြည်မှုကို စိုးရိမ်မိကြောင်း အမုန်း ခံ ပြောထားခဲ့သည်။ ဤ၌ ဘာသာရေး အဆုံးအမနှင့်လည်း မသွေ ဖည် ခေတ်နှင့်လျှော်ညီစွာလည်း နေထိုင်နိုင်သော အစ္စလမ်ဘာသာ ဝင်များ ကို မဆိုလိုပါပေ။ ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ နှစ်ဖက်စလုံး အလျှာ့ပေးစရာများရှိနေသည်ကို လူတိုင်းသဘောပေါက်နိုင်သည်။

အထက်ပါ မိမိ၏ မေးခွန်း အဖြေသည် "Unlikely" ဖြစ်နေသော်လည်း သူတို့နှင့် ပို၍ရင်းနှီးလာသလိုခံစားရပြီး တစ်ယောက်နဲ့ တစ်ယောက် အပြုံး ချင်းဖလယ်မှုများလည်း ပို၍များလာခဲ့ကြသည်ကိုမူ ဝန်ခံရပါလိမ့်မည်။ ယုံကြည်မှု မတူကာမျှဖြင့် အမုန်းပွားနေရန်မလိုသလို ဘာကိုမှ မယုံကြည်သူ ကလည်း အခြားသူတို့ ယုံကြည်မှုအတွက် ဘာမှ ဝေဖန်နေစရာ မလိုတော့ပါ ။
တချို့လူ့အဖွဲ့အစည်းက လစ်ဘရယ်ဆန်ဆန် ဥပဒေကို တောင်းဆိုသော် လည်း တချို့လူ့အဖွဲ့အစည်းက ပို၍တင်းကြပ်သော ဥပဒေကိုတောင်းဆိုနေ ဟန်ရှိသည်။ စင်္ကာပူက ဤဟန်ချက်ကို ကောင်းကောင်း ထိန်းထားနိုင်ဆဲဖြစ် သည်ဟု တွေ့မြင်ရပါသည်။

သီဟနာဒ