ကြိုးဟောင်းနဲ့ ပြန်ချည်လာတဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝ ( ၂ )


ကြိုးဟောင်းနဲ့ ပြန်ချည်လာတဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝ ( ၁ ) မှအဆက်

၃။ The Oscillating family narrative

အကျိုးသက်ရောက်မှု အကြီးမားဆုံးကတော့ သူတို့အရွယ်နဲ့အညီ အဆိုးတွေရော၊ အကောင်းတွေပါ ထိန်ချိန်မထားဘဲ ပြောပြခြင်းလို့ ဆိုပါတယ်။
“တို့ မိသားစုထဲမှာ အဆိုးတွေရော၊ အကောင်းတွေပါ ဆုံတွေ့ခဲ့ရတယ်။ ငါတို့ မိသားစုပိုင် စီးပွားရေးဟာ သိပ်ကောင်းခဲ့တယ်။ မင်းတို့ အဘိုးဆိုရင်လည်း ( ) အဖွဲ့အစည်းမှာ အလွန်အရေးပါခဲ့တဲ့ လူကြီးလူကောင်း တစ်ယောက်ပေါ့။ ပြီးတော့ ( ) ဆေးရုံရဲ့ ဘုတ်အဖွဲ့ထဲမှာလည်း ပါဝင်တယ်”
“အဲသလိုပဲ။ အဆိုးတွေလည်း ရင်ဆိုင်ခဲ့ရတယ်။ မင်း ဦးလေးဆိုရင် ( ) အမှုနဲ့ အဖမ်းခံခဲ့ရဖူးတယ်။ ( ) ခုနှစ်က ငါတို့ ရပ်ကွက် မီးလောင်လို့ တို့အိမ်ပါ ပါသွားတယ်။ ဘာမှ သယ်ယူချိန် မရခဲ့ဘူး။ ဒီကြားထဲ အဖေက လည်း အလုပ်မရှိ ဖြစ်နေရတာ အကြာကြီးပဲ။ ဘာတွေပဲ ဖြစ်ဖြစ် တို့မိသားစု က မိသားစုပဲ။ အဆိုးနဲ့ကြုံလည်း ဒီမိသားစု၊ အကောင်းနဲ့ကြုံလည်း ဒီ မိသား စု၊ လက်တွဲညီညီနဲ့ ရင်ဆိုင်ခဲ့၊ မျှဝေခဲ့စားခဲ့ကြတယ်။”

ဒီလို စကားတွေဟာ ကလေးရဲ့ မိသားစုအပေါ်ထားတဲ့ စိတ်ဓာတ်ပါ ပြောင်း လဲခိုင်မာ လာစေတယ်လို့ ဆိုပါတယ်။
သူတို့ကိုယ်တိုင် မိသားစုနဲ့ တစ်သားတည်း ဖြစ်သွားတော့မှ သူတို့ တွေး ပုံခေါ်ပုံတွေဟာ သူတို့အတွက်ဆိုတဲ့ အဆင့်ကို ကျော်သွားပြီး မိသားစု အ တွက် ဆိုတဲ့ အဆင့်ကို ရောက်သွားတယ်လို့ သိရပါတယ်။

မိသားစုနဲ့ ပတ်သက်တာတွေကို ပြောဖို့ အခွင့်အလမ်း ရှာကြရာမှာတော့ အရှေ့နဲ့အနောက် တူမယ် မဟုတ်တော့ပါဘူး။ အနောက် ယဉ်ကျေးမှု မှာတော့ မိသားစုလိုက် ဟောလီးဒေး ခရီးထွက်စဉ်၊ ဈေးဝယ်သွားစဉ် တွေမှာ ကြုံသလို ပြောပြပေးနိုင်ပါတယ်။
ဟောလီးဒေးတွေ ထွက်လေ့သိပ်မရှိတဲ့ မြန်မာတွေမှာတော့ ကလေးတွေနဲ့ အတူ အိပ်ယာဝင်ချိန် လသာတဲ့ ညအခါတွေမှာ သူတို့ အိပ်မပျော် ခင် ပြော ပနိုင်ပါလိမ့်မယ်။ ဒါကြောင့်ပဲ လူကြီးသူမတွေက အိပ်ယာဝင် ပုံပြင်တွေ ပြောပြခဲ့ကြတာကိုးလို့ စဉ်းစားမိရင်း ကျေနပ်ရပါတယ်။

ကိုယ့်ခံစားမှုနဲ့ ပြောရရင် ကျနော့်အဖေဟာ သုံးပတ်လောက် အချုပ်ကျ ခံခဲ့ရဖူးတယ်။ ဝါကုန်သည်လုပ်ရင်း တော်တော် ပိုက်ဆံရှိတဲ့အထဲ ပါဖူးတယ်။ ဒါပေမဲ့ ကျနော် လူမှန်း တကယ်သိလာတဲ့ အချိန်မှာတော့ ဒါတွေက မရှိတော့ပါဘူး။ ဒါပေမဲ့ အဖေဟာ အချုပ်ခံခဲ့ရဖူးတယ်ဆိုတာနဲ့ သူဟာ တောသား တစ်ယောက်အနေနဲ့ တိုင်းကိုယ်စားလှယ် (တောင်သူလယ်သမား) အဆင့်အထိ ရောက်ခဲ့ရဖူးတယ်ဆိုတဲ့ အဖေ၊ အမေတို့ ပြောပြခဲ့တာတွေဟာ ဒီနေ့အထိ ပြတ်ပြတ်ထင်ထင် ရှိနေဆဲပါပဲ။
ဒါကြောင့် ဒီစိတ်ပညာ သိပ္ပံဆောင်းပါးကို စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ခံစား ယုံကြည်လိုက်ရတယ်။

တကယ်တော့ ကျနော်တို့ခေတ်က လူတိုင်းလိုလိုဟာ အိပ်ယာဝင် ပုံပြင်တွေ နဲ့ သိပ် မဝေးခဲ့ကြပါဘူး။ လူတိုင်းကိုယ်စီမှာ မတူညီတဲ့ ပုံပြင်တွေ ရှိနေကြပါ တယ်။ ဒီပုံပြင်တွေဟာ ကျနော်တို့ဘဝရဲ့ ဦးတည်ရာကို တစ်တပ် တစ် အား ထောက်ပံ့ပေးခဲ့တယ်ဆိုတာ ငြင်းလို့ မရပါဘူး။

ကွန်ပျူတာ၊ အင်တာနက်တွေကြောင့် အိပ်ယာဝင် ပုံပြင်တွေနဲ့ ဝေးပြီး ရင်း ဝေးနေကြရတဲ့ မိသားစုဘဝတွေဟာ ပြဿနာကို ရင်ဆိုင်ရာမှာ အရင် လို စည်းစည်းလုံးလုံး မရှိလှဘူးလို့လည်း ထောက်ပြကြတယ်။ ဒါကြောင့် ဒီဆောင်းပါးဆရာကတော့ …

“If you want to have a happy family, create, refine, and retell the stories of your family’s positive moments and your ability to bounce from the difficult ones” လို့ ပြောထားတယ်။

ပိုပြီး ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ချင်ရင် ကလေးတွေကို စိတ်ဝင် စားဖွယ် ဖြစ်အောင် မိသားစုရဲ့ အားသာချက်၊ ကောင်းကွက်တွေကို ရှာကြံပြောပေးပါ။ အခက်အခဲတွေကြားက သင် ဘယ်လို ရုန်းကန် ထိုးဖောက်ခဲ့တယ်ဆိုတာကိုလည်း ပြောပေးပါတဲ့။

အိပ်ယာဝင် ပုံပြင်တွေဟာ ဘဝမှာ အရေးပါတယ်ဆိုတာ သိကြပေမဲ့ ဒါဟာ မိသားစု ပျော်ရွှင်ရေး သိပ္ပံပညာဆိုတာ အခုမှ သိခွင့်ရလိုက်တဲ့အတွက်တော့ Dr. Duke တို့ကို ကျေးဇူးစကား ပြောခဲ့မှ တာဝန် ကျေပါလိမ့်မယ်။


 ဇင်ဝေသော်

ရွက်ကြမ်းရေကျို အဘိုး မဟုတ် (၃ )

ဘယ်လောက် ခေတ်မီပါတယ်ပြောပြော ထိုးကွင်းမင်ကြောင် နဲ့ ပတ်သက် လို့တော့ လီကွမ်းယုလည်း ခါးခါးတူးတူး ငြင်းဆန်ဆဲပဲ။ မြန်မာလူကြီးပိုင်းေ တွနဲ့ ယဉ်ကျေးမှုကတော့ ဒီအထဲမှာ " အိမ်ထောင်ပြု၊ ဘုရားတည် " ပါ ထည့်ထားပါတယ်။ တချိန်တုန်းကတော့ ယောက်ျားတွေဆိုရင် ပေါင်မှာ ထိုး ကွင်းတွေရှိမှ ယောက်ျားပီသတယ်လို့ဆိုခဲ့ဟန်တူပါတယ်။ ဒီ ယဉ်ကျေး မှု ပျောက်သွားခဲ့ပြီး နောက်ပိုင်း ဒီယဉ်ကျေးမှုက အနည်းငယ်တော့ ဖက်ရှင်တစ်ခုအနေနဲ့ ပြန်လည်ရှင်သန်လာဟန်တူပါရဲ့။ သူပြောတဲ့ ခဏခံ ဖက်ရှင်လို့ပဲ ယုံကြည်မိတယ်။

မေး ။ ။ နောက်ထပ် ဥပမာတစ်ခုလောက် ထပ်ပေးရရင် စင်္ကာပူအခြေစိုက် ထိုးကွင်းမင်ကြောင် အဖွဲ့က ဆေးမင်ကြောင်ဆွဲတာကို အနုပညာတစ်ခု အနေနဲ့ လက်ခံလာဖို့ ကြိုးစားနေကြတယ်။

ဖြေ ။ ။ ဒါကိုတော့ အကြံကောင်းဉာဏ်ကောင်းလို့ မထင်ပါဘူးကွာ။ ဒီ ကိစ္စကိုတော့ ပြင်းပြင်းထန်ထန် ဆန့်ကျင့်တယ်။ ပြန်ဖျက်ချင်ပြီဆို ရင်ေ တ်ာတော်နာကျင်ပြီးမှ ဖျက်လို့ရတဲ့ကိစ္စမို့လို့။ အဓိပ္ပါယ် လုံးဝ မရှိဘူး။ မလို ချင်ရင် ခွာပစ်လိုက်လို့ ရတာမျိုးကို ကပ်ထားပေါ့ကွာ။ ဖျက်လို့မရ၊ နောက် ပိုင်း နောင်တရမယ့် သေရာပါ ကိစ္စမျိုးကို လုပ်တာကတော့ ရူးလို့ပါ။ ငါ အား မပေးဘူး။ ချက်ချင်း MICA ကိုခေါ်ပြီး ပြောတာ။ (Ministry of Information, Communication and Art (ပြန်ကြားရေး၊ ဆက်သွယ်ေ ရးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

“သတင်းစာကို ပြောလိုက်၊ မရူးနဲ့လို့။ တို့မှာ ပြဿနာတွေ အလုံအလောက် ရှိပြီးသား။ ဘာ့ကြောင့် ပြဿနာအသစ် ထပ်ရှာနေရတာလဲ” လို့ ပြောလိုက်တယ်။ ဒါကို ခွင့်ပြုလိုက်ရင် အကျိုးအမြတ် ရမှာက ထိုးကွင်း မင်ကြောင် ထိုးမယ့်လူတွေ။ သူတို့ပဲ အကျိုးရှိမယ်။

မေး ။ ။ ဒီကိစ္စအတွက် လူထုသိအောင် ကြေညာတာမျိုးတွေကို မစ္စတာ လီ ဆန့်ကျင်တယ်ပေါ့။

ဖြေ ။ ။ ဟိုတုန်းက လျှို့ဝှက်လမ်းသရဲတွေခေတ်ကို ပြန်ရောက်သွားတာ ထင်ပါရဲ့ကွာ။ သာမန် အမျိုးသား၊ အမျိုးသမီးတွေမှာ ဆေးမင်ကြောင် မရှိပါ ဘူး။ အရင်က ဒါမျိုးတွေကို ထောင်ထဲမှာပဲ တွေ့ရတာ။ လူတစ်ယောက် မှာ ပြစ်မှု ဘယ်နှစ်ခု ဆေးမင်ကြောင် ဘယ်နှစ်ခုစတာတွေပေါ့။

မေး ။ ။ ယဉ်ကျေးမှုရေစီးက ပြောင်းသွားမယ်ဆိုရင် ဆေးမင်ကြောင်ကိစ္စက လူကြားထဲမှာ လူမှုရေး ပြဿနာ မရှိလောက်တော့ဘူး။ ဒါဆိုရင်ကောမစ္စတာ လီ ရဲ့ သဘောက ဘယ်လိုလဲ။

ဖြေ ။ ။ သူတို့ ဆယ်ကျော်သက်ကလေးတွေအတွက် ကောင်းတယ်ထင်ပြီး မိဘတွေကိုယ်တိုင် ခေါ်လာပြီး ဆေးမင်ကြောင် ထိုးခိုင်းကြတာဆိုရင်တော့ အဲ့ဒါ သူတို့အလုပ် ဖြစ်သွားပြီလေ။ မိဘတွေက သူတို့ကလေးတွေကို ဆေး မင်ကြောင်ရုပ်တွေနဲ့ မမြင်ချင်လောက်ပါဘူး။ အထူးသဖြင့် သမီး မိန်းကလေးတွေ ကိုယ်ပေါ်မှာပေါ့။

ရေးကူးဝတ်စုံလို ဝတ်စုံကို ဝတ်ပြီဆိုပါတော့၊ ရုပ်ကလေးကလှတပတနဲ့ ဆေး မှင်ကြောင်အရုပ်တွေ ပေါ်လာပြီး ပုံပျက်ပန်းပျက်ကို ဖြစ်ကရော။ ကျန်တဲ့လူတွေက ပြောကြမှာ “ဟ … ဘာဖြစ်လာတာလဲ” (ရီလျက်) “ဘာဖြစ်လို့ ဒီအရုပ်ကြီးတွေ ပေါ်လာတာလဲ။ ငါတို့ လာမထိနဲ့နော်” ဆိုတာမျိုးတွေလေ။

မေး ။ ။ လူငယ်တွေ ကြားမှာတော့ ဆေးမင်ကြောင်က တကယ် ပေါ်ပြူ လာ ဖြစ်နေတာ။

ဖြေ ။ ။ ရူးရူးမိုက်မိုက်နဲ့ လျှောက်လုပ်ကြတာ။ လူလတ်ပိုင်းလည်း ရောက်ရော နောင်တ ရကြရရော။ ငါ့ကလေးတွေ ကိုယ်ပေါ်မှာသာ ဆေးမင်ကြောင် ရုပ် တွေ့လို့ကတော့ နင်ရူးနေသလားလို့ မေးမှာပဲ။ (ရီလျက်) လျှို့ဝှက်လမ်းသရဲအဖွဲ့လို့ ထင်မှာပေါ့။ ဂျပန်က ယာကူဇာတွေဆို ကိုယ်ပေါ် မှာ ဆေးမင်ကြောင်ရုပ် လှလှလေးတွေနဲ့။ ဒီတော့ ဆေးမင်ကြောင်ရုပ်က လူထုအမြင်မှာတော့ မကောင်းမှု တစ်ခုခုနဲ့ ဆက်စပ်နေတယ်။

မေး ။ ။ ဒီသတင်းက တုန်လှုပ်စရာပဲ။ စင်္ကာပူက လူငယ်တွေဟာ ယာကူဇာ ဆေးမင်ကြောင်ရုပ်တွေ အပေါ် တော်တော် ရူးရူးမူးမူး ဖြစ်နေကြတာ။

ဖြေ ။ ။ အေးလေ … နောက်မှ နောင်တ ရကြမှာပေါ့။ ဆေးမင်ကြောင် ပြန် ဖျက်ဖို့ ငွေကုန်ကြေးကျ ကလည်း မသေးလှဘူး။ ဒါတွေက သူတို့ ဘဝအ တွက် ဘာတွေများ အထောက်အကူ ဖြစ်နေလို့လဲ။ ငါသာ အလုပ် ရှင် ဖြစ်ပြီး ဆေး မင်ကြောင်နဲ့လူသာ လာပြီး အလုပ်လျှောက်လို့ကတော့ မခန့်ဘူး။ ဒါက ခဏတာ ခံတဲ့ အူကြောင်ကြောင် ဖက်ရှင်ပါကွာ။

မေး ။ ။ ကမ္ဘာ့သမိုင်း တစ်လျှောက်လုံးရဲ့ နိုင်ငံရေးခေတ်ထဲ မှာ ဖြစ်နိုင် မယ်ဆိုရင် ဘယ်လို ခေတ်ထဲမှာ နိုင်ငံရေးသမား ဖြစ်ချင်ပါသလဲ။ ဘယ်လို နိုင်ငံရေးသမားမျိုး ဖြစ်ချင်ပြီး ဘာ့ကြောင့် သူလို ဖြစ်ချင်တာပါလဲ။

ဖြေ ။ ။ နိုင်ငံရေးက လူကြိုက်များတဲ့ ကစားပွဲ တစ်ပွဲပါ။ ငါက နိုင်ငံရေး သမားကို မဖြစ်ချင်တာ။ အခြေအနေတွေက ငါကို တွန်းပို့လိုက်တာ။ ဗြိတိသျှတွေ အရေးနိမ့်၊ စိတ်ဓာတ်တွေပျက်စီး၊ ဂျပန်တွေရဲ့ ရက်စက်မှု၊ ဗြိတိသျှက အထွက် ကွန်မြူနစ်နဲ့ ငါတို့ကြား အာဏာ အလုအယက်၊ ဒါတွေက အခုလို လီကွမ်းယုဖြစ်အောင် တွန်းပို့လိုက်တာပဲ။
အရူးချေးပန်း လျှောက်ပြောတာ။
နိုင်ငံရေးသမား ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့ဘူး။

မေး ။ ။ ဒါဆို မစ္စတာလီက ဘာဖြစ်ချင်တာလဲ။

ဖြေ ။ ။ ရှေ့နေပဲ ဖြစ်ချင်တာ။
(ဆက်ရန်)


 ကမ်းလက် 

အစိုးရလည်း ပါတယ်၊ အစိုးရချည်းလည်းမဟုတ်


လေးငါးနှစ်ကာလကတည်းက မြုံနေတဲ့ သတင်းတစ်ပုဒ်က ပွင့်လင်းလာ တဲ့ ပြည်တွင်းနိုင်ငံရေးကြောင့် စထရိတ်တိုင်းစာမျက်နှာပေါ် ခုန်တက် လာတော့တယ်။ အဲဒါက ပြည်တွင်းထဲက ဒရက်ကူလာ အေးဂျင့်များနဲ့ စင်္ကာ ပူကို ရွှေရောင်အိပ်မက်တွေနဲ့ ရောက်လာတဲ့ အိမ်ဖော်မိန်းကလေးတွေ ရဲ့ ဖက်မမျှတဲ့ သတင်းတစ်ပုဒ်ပါ။ မြန်မာအိမ်ဖော်မိန်းကလေးတွေ ထွက်ပြေး တာ ပိုများ သတဲ့။ ဒီသတင်းရဲ့ နောက်ဆက်တွဲ သတင်းက ၂၀၁၀ ကတည်း က လစာ တစ်ပြားမှ မရ တဲ့။ ဒီသတင်းနှစ်ပုဒ်ခေါင်းစည်းကို ဆက်စပ်ကြည့် ရင်ပဲ ဘာကြောင့် သူတို့ ထွက်ပြေးကြတယ်ဆိုတာက ပေါ်လွင်နေပါပြီ။

ထွက်လာကတည်းက ဘယ်တော့မှ ကျေမှာမှန်းမသိတဲ့ အကြွေးတွေနဲ့ ထွက်လာခဲ့ကြရတယ်။ ခြောက်လဆိုရင် ကျေပါပြီ၊ တစ်နှစ်ဆိုရင်ကျေပါပြီနဲ့ ဒီမှာ ဝင်တဲ့ဝင်ငွေက ဟိုမှာတင်ခဲ့တဲ့ အကြွေးရဲ့ အတိုးကို ကာမိလေဟန် မတူကြဘူး။ ဒါနဲ့ပဲ့ သုံးလေးနှစ်ကြာသည်အထိ လစာက ကိုယ့်လက် ထဲ ရောက်မလာခဲ့ဘူး။ မြန်မာ အိမ်ဖော်တစ်ယောက်ရဲ့ လစာက ဆင်းဒေါ်လာ ၄၀၀ နဲ့ ၄၂၀ ကြားမှာရှိတယ်လို့ သိရတယ်။ ဒါဆို တစ်နှစ်မှာ အကြွေး သုံးထောင်ကျော်တော့ ကျေနေပြီပေါ့။ သင်တန်းကြေး၊ လေယာဉ်ခ၊ အေးဂျင့်ဖီးလ် စတာတွေက ဒီထက် ဘယ်လောက်များ ပိုကုန်ကျနေသလဲ။ ဒီမေးခွန်းရဲ့ အဖြေက ပြည်တွင်း ဒရက်ကူလာတွေရဲ့ ပါးစပ်ထဲမှာပဲ ရှိတယ်။ တချို့က ရပါတယ်။ တစ်လ ကို ဒေါ်လာ တစ်ဆယ်စ နှစ်ဆယ်စ တဲ့။ သူတို့ထွက်ပြေးတော့ လူမှု ကူညီစောင်ရှောက်ရေး အဖွဲ့တွေဆီ။

ဝမ်းနည်းစရာကောင်းတာက ဒါတွေကို ဖန်တီးသူတွေက နိုင်ငံခြားသားတွေ မဟုတ်ဘဲ ကိုယ့်လူမျိုးတွေ။ နိုင်ငံခြားသားတွေကရော ဘယ်လောက် သူတော်ကောင်းနေလို့လဲ လို့ မေးစရာရှိပါတယ်။ လူကတော့ ဘယ်နိုင်ငံသား မဆို လူပါပဲ။ ဒါပေမဲ့ သူတို့မှာက တင်းကြပ်တဲ့ ဥပဒေရှိတယ်။ အဲဒီ ဥပဒေက တားထားတယ်။ နှစ်နိုင်ငံ နီးစပ်ရေးကို အသေအလဲ ကြိုးစားနေတဲ့ ( သို့ ) အပျိုစင် ဈေးကွက်ထဲကို လက်ဦးမှု စောစောစီးစီးရယူနေချင်တဲ့ စလုံး အစိုး ရနဲ့ စီးပွားရေးသမာတွေဟာ မြန်မာ့အရေးကို အရင်ထက် စိတ်ဝင်စားလာ ကြတယ်၊ အနည်းဆုံး စိတ်ဝင်စားဟန် ပြလာကြတယ်။

လတ်တလော ကူညီစောင့်မဖို့ ( တတ်နိုင်သလောက် ကြားဝင်ဖြေရှင်းပေး တာမျိုး ) တာဝန်ရှိနေတာက မြန်မာသံရုံးပေါ့။ မြန်မာသံရုံးကရော ဒီလို ကိစ္စကို အသေးအမွှားကိစ္စ၊ သံရေး တမန်ရေးကိစ္စမဟုတ်လို့များ ထင်နေ မလား။ မထင်လောက်ဘူးလို့တော့ တွက်ရတာပါပဲ။
ကိုယ့်ဖက်က မှားတာ၊ ဥပဒေဖောက်တာမျိုးဆိုရင်တော့ သံရုံးလည်း မကယ်နိုင်ပါဘူး။ ဒါပေမဲ့ "မိဘရှိတဲ့ကလေးနော်၊ မတရားတာတော့ လာ မလုပ်နဲ့" လို့ ဟန့်ထားလို့ရတာပေါ့။

အသက် ၁၉ နှစ်ကတည်းက အသက်လိမ်ပြီးထွက်လာတဲ့ မိန်းကလေး ကတော့ အလုပ်ရှင်တွေ အကြိမ်ကြိမ်ပြောင်းတာတောင် သုံးနှစ်ကြာသည် အထိ လစာ တစ်ပြားမှ မရသေးပါ တဲ့။
အုပ်ချုပ်ပုံ မစွံတော့ ဆင်းရဲ၊ ဆင်းရဲရာက လိမ်၊ လိမ်ရာက ဒုက္ခရောက်။ ဘယ်ယတြာက ဒါတွေပျောက်အောင်လုပ်ပေးနိုင်မှာလဲ။

သေချာတာက အေးဂျင့် ဒရက်ကူလာတွေကိုတော့ "သူတို့ကံနဲ့ သူတို့ " ဆိုပြီး "ကံ" လက်ထဲပဲ ဝကွက်မအပ်သင့်ဘူး။
ကံမလာခင် ဥပဒေနဲ့ကို နာနာဆော်ပါမှ။ နို့မို့ အိမ်ဖော်လုပ်ဖို့တောင် အလိမ် အညာကမလွတ်။ ဒီလောက်လိမ်တာတောင် အဆင်မပြေ။
အဲဒီ လိမ်လည်မှုကပင် ဒရက်ကူလာကို ပိုပြီး လက်ရဲဇက်ရဲ ဖြစ်စေတယ်။



 ဇင်ဝေသော်

ရဟန်းမှာလည်း ကံဆိုးသောနေ့ ရှိ၏ (တနင်္ဂနွေ အပျင်းပြေ )


ကျောင်းမှာ တနင်္ဂနွေနေ့တိုင်း ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား များအတွက် နေ့လည်စာချက်ပေးတတ်သော နန်စီ ညိုမှာ ၆ နှစ် ၇ နှစ် အရွယ်ခန့်ရှိ သွက်လက်ချက်ချာသည့် မြေးလေးရှိသည်။
သူနဲ့ မတွေ့တာ အတန်ကြာပြီဖြစ်သည့် အတွက် ယနေ့တွေ့တော့မှ စကား စမည်ပြောရင်း သူ့နာမည်ကို မေးမိသည်။

"What's your name,boy?"
ထိုအခါသူက
"I had already told you last year. I won't tell you again." တဲ့။

သူ့ကိုဆောရီးဆိုရုံမှလွဲ၍ သူ့နာမည်ကိုပင် မသိလိုက်ရပေ။ ရဟန်းမှာလည်း ကံဆိုးသောနေ့ ရှိ၏၊





သီဟနာဒ 

ကြိုးဟောင်းနဲ့ ပြန်ချည်လာတဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝ ( ၁ )


ကျွန်တော်တို့ ငယ်စဉ်ဘဝက လူကြီးသူမတွေ ပြောခဲ့ဖူးတဲ့ အိပ်ယာဝင် ပုံပြင်တွေဟာ ကြီးလို့ လူလားမြောက်လာတဲ့အထိ အသိထဲမှာ နက်နက်နဲနဲ ရှိနေတတ်တယ်။ ဒီပုံပြင်တွေရဲ့ ထိရောက်မှုကို ရှေးလူကြီးသူမတွေက ကိုယ် တိုင်ထပ်တူ ခံစားပြီး ပြောခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အိပ်ယာဝင် ပုံပြင်တွေရဲ့ အကျိုးသက်ရောက်မှုတွေဟာ ခေတ်သစ် စိတ်ပညာသိပ္ပံနဲ့ သက်သေပြလို့ ရတယ်ဆိုတာတော့ ကျနော်တို့ လူကြီးသူမတွေ သိသွားနိုင် မယ် မဟုတ်ပါဘူး။

" What a happy family life? " ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး မွေးစား ရင်း ဆောင်းပါး တစ်ပုဒ် ပြန်ရေးလိုက်မိပါတယ်။
ဒေါက်တာ Duke ဟာ ကလေးတွေနဲ့ဆိုင်တဲ့ စိတ်ပညာကို သုတေသနပြုနေ တဲ့ Emory တက္ကသိုလ်က ပါမောက္ခ တစ်ယောက်ပါ။ အထူးသဖြင့် အခက် အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ ဘယ်သူတွေက ပိုပြီး ခံနိုင်ရည် ရှိတယ် ၊ ပြဿနာကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တယ်၊ ပိုပြီး ရင့်ကျက်တယ် ဆို တာတွေနဲ့ ပတ်သက်လို့ သူ သိချင်နေခဲ့တာပါ။

အဖြေရဲ့ သဲလွန်စက တွေ့မယ့်တွေ့တောလည်း ကလေးတွေကို စာသင်ပေးေ နတဲ့ သူ့ရဲ့ဇနီး ဆာရာဆီက ရခဲ့တယ်။ သူမ သတိထားမိတာက မိသားစု ရဲ့ နောက်ခံသမိုင်းကို ကောင်းကောင်း သိထားတဲ့ ကလေးတွေဟာ အခြား ကလေးတွေထက် ပိုပြီး တည်ငြိမ်ရင့်ကျက်တယ် ဆိုတာပါ။

အဲဒီ သဲလွန်စကို အခြေခံပြီး ဒေါက်တာ Duke နဲ့ သူ့ လုပ်ဖော်ကိုင် ဖက် ဒေါက်တာ Robyn တို့က ‘Do you know’ ဆိုတဲ့ မေးခွန်း (၂၀) နဲ့ ကလေးတွေကို စတင် စမ်းသပ်ခဲ့ကြတယ်။ မင်းသိသလားဆိုတဲ့ မေးခွန်း (၂၀) ထဲမှာ …
- မင်း အဘိုးအဘွားတွေက ဘယ်မှာ မွေးပြီး ဘယ်မှာ နေခဲ့ကြတာလဲ။
- မင်းမိဘတွေက ဘယ်ကျောင်းမှာ တက်ခဲ့ကြတာလဲ။
- သူတို့ ဘယ်မှာ စတင် စုံတွေ့ခဲ့ကြတာလဲ။
- မိသားစုထဲမှာ ကျန်းမာရေးစတဲ့ ဘယ်လို ပြဿနာတွေ ကြုံတွေ့ခဲ့ရဖူးသလဲ
- မင်းကို ဘယ်မှာ မွေးခဲ့တာလဲ။
စတဲ့ သူတို့ဘဝနဲ့ ဆက်စပ်နေတဲ့ မေးခွန်းတွေပါ။ အံ့ဩစရာ ကောင်းတာက အဲသလို မေးခွန်းတွေကို ဖြေဆိုနိုင်တဲ့ ကလေးတွေဟာ အတန်းထဲမှာ တည်ငြိမ်မှု အရှိဆုံးနဲ့ ပညာရေး၊ ကိုယ်ကျင့်တရားစတဲ့ အခက်အခဲတွေကို သူများထက် ပိုပြီး ကောင်းကောင်း ရင်ဆိုင်နိုင်တယ်ဆိုတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒီတော့ ကလေးတွေကို မိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့ အရွယ်နဲ့အလိုက် အဆိုးရော၊ အကောင်းပါ အသိပေး ပြောပြထားသင့် ပါတယ်။ မိသားစုအကြောင်းကို ပြောပြရာမှာ သုံးမျိုး ခွဲပြထားပါတယ်။

၁။ Ascending Family narrative
မိသားစုဘဝ အစရဲ့ နောက်ခံသမိုင်းကို ပြောပြခြင်းပါ။ ငါတို့ ဒီမြို့ကို ရောက် လာတော့ ဘာပစ္စည်းမှလည်း မရှိ၊ အသိအကျွမ်း ဆိုတာလည်း ကောင်းေ ကာင်းကန်းကန်း မရှိ၊ ကြိုးစားလိုက်ရတာ မနည်းပဲ။ ဒီလိုနဲ့ ကိုယ်ပိုင် (မိသား စုပိုင်) စတိုးဆိုင်လေး ဖွင့်လာနိုင်တယ်။ မင်းအဘိုးဆိုရင် အထက်တန်း ပညာရေးလောက်ပဲ သင်ယူနိုင်ခဲ့တယ်။ အဖေနဲ့ အမေတို့ အလှည့်ရောက်ေ တာ့ မှ တက္ကသိုလ်ပညာကို သင်ယူနိုင်တာ။ သားရေ (သမီးရေ) … ဒီတစ်ခါ သားအလှည့် (သမီးအလှည့်) ရောက်လာပြီ စတဲ့ စကားမျိုးတွေပါ။

သူတို့ကို လေးလေးပင်ပင် ဆုံးမစကားတွေ ပြောတာထက် အဲသလို မိသားစု ရဲ့ နောက်ခံသမိုင်းတွေကို ပြန်ပြောင်း ပြောပြတာဟာ ကလေးအတွက် ပိုပြီး သင့်တော်သလို သူ့အတွက်လည်း ပိုပြီး ခွန်အားတွေ ဖြစ်စေပါတယ်။

၂။ The Descending family narrative
ဒုတိယ ပြောပြသင့်တဲ့ စကားတွေကတော့ မိသားစုအကြောင်း ဆိုတာထက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ရွေးထုတ်ပြောပြခြင်းပါ။ ကားစီးချင်တယ် ဆိုတဲ့ ကလေးကို အဘိုးအဘွားတို့ လက်ထက်က (သို့မဟုတ်) သား (သမီး) ကို မမွေးခင်က အဖေတို့ အမေတို့လည်း ကားရှိခဲ့ဖူးတယ်။ အိမ်ယာတွေ ပိုင် ဆိုင်ခဲ့ဖူးတယ်။ ကံမကောင်း အကြောင်းမလှလို့ ဒါတွေအားလုံး ဆုံးရှုံးခဲ့ရတယ်။ သား (သမီး) တို့အလှည့်ရောက်ရင် ဒါတွေ ပြန်ရအောင် လုပ်နိုင်ဖို့ အဖေတို့ အမေတို့က မင်းတို့ရဲ့ ပညာရေးကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးနေတာ၊ ကြိုးစားနော် … စတဲ့ စကားမျိုးတွေပါ။
(ဆက်ရန်)


 ဇင်ဝေသော်