ဘယ်မြေခွေးကို အစာကျွေးမလဲ

ပါဠိကောလိပ်ထဲမှ ကျောင်းသူတစ်ယောက်က အီးမေးပို့တာ အလွန်ဝါသနာ ပါသည်။ သူမ ဖတ်မိသမျှထဲမှ ကောင်းနိုးရာရာလေးများကို မိတ်ဆွေများ (ကျောင်းသားများအုပ်စု အီးမေး) ထံ မျှဝေခြင်းပင်ဖြစ်သည်။ တစ်နေ့လျှင် သူမ အီးမေးက ဆယ်စောင်မျှ ရှိသည်။ ဂျုတ်ပါသည်၊ ဘာသာရေး၊ နိုင်ငံရေး၊ ယူကျု၊ ဗွီဒီယို အစုံ ပါသည်။ အတန်ကြာသောအခါ ကျောင်းသား တစ်ဝက်ေ လာက်က သူတို့အီးမေးထဲ မပို့ဖို့ အကြောင်းပြန်လာကြတော့သည်။
ထိုသို့ မပြောသေးသမျှ သူမကတော့ ပို့မြဲ ပို့နေဆဲပင်။ အထူးသဖြင့် လူအ များ မကြိုက်သည်က နိုင်ငံရေးဆန်သည့် အီးမေးများဖြစ်သည်။

အမှန်တော့ ကွန်ပြူတာရှေ့ထိုင်ပြီး အွန်လိုင်းပေါ် တက်လိုက်သည်နှင့် တပြိုင်နက် လို၊ မလို၊ ကြိုက်၊ မကြိုက်သော သတင်းအချက်အလက်များ များပြားလွန်းလှသည်။ ကိုယ်ဘာယူမလဲ ဆိုသည်ကသာ ကိုယ့်ရွေးချယ် မှု ဖြစ်သည်။ အင်ဖော်မေးရှင်းများဖြင့် ပြည့်နှက်နေသည့် ကွန်ပြူတာပေါ်၌ သူမ၏ အီးမေးများကြောင့်တော့ ထွေထွေထူးထူး ပိုပြီးလေးလံလာစရာ မရှိ ဟု ယုံကြည်မိသည်။

ဒါဖြင့် ဒီပြဿနာက အွန်လိုင်းပေါ်မှာပဲ ရှိတာလား။ မဟုတ်ပါ။ ဘဝ ဆိုတာ က ပင်လို  မလို၊ ကြိုက် မကြိုက်သော အရာများဖြင့် ပြည့်နှက်နေ၏။ ဘဝထဲ မှ ယူသင့်သည်ထင်တာများကို (ဤ၌ တစ်ယောက်နှင့် တစ်ယောက် မတူနိုင် သလို တူဖို့လည်း မလိုအပ်လှပါ) ယူပြီး ထွက်သွားကြရမည်။ ထို အမျိုးသမီး ၏ အီးမေးများစွာထဲမှ သဘောကျမိသည့် အီးမေးလေး ပါလာသည်။ သူမလို ပဲ ထပ်ရှယ်လိုက်မိသည်။

အဇ္ဈတ္တရှိ အကောင်း အဆိုး (အကောင်း အဆိုးမြေခွေးနှစ်ကောင်) အားပြိုင် မှုမှာဘယ်သူနိုင်မလဲ ဆိုတော့ "ငါ့မြေး၊ မင်း ကျွေးတဲ့ မြေခွေးနိုင်မယ်" တဲ့။
ဘယ်မြေခွေးကို အစာကျွေးမလဲက အွန်လိုင်း၊ အီးမေးနဲ့ မဆိုင်လှဟု ထင် သည်။
(ဘာသာပြန် ပေးမထားပါ)

TWO WOLVES

One evening an old Cherokee told his grandson about a battle
that goes on inside people.
He said, "My son, the battle is between two wolves inside us all.

"One is Evil - It is anger, envy, jealousy, sorrow, regret, greed, arrogance, self-pity, guilt,
resentment, inferiority, lies, false pride, superiority, & ego.

"The other is Good - It is joy, peace, love, hope, serenity, humility, kindness, benevolence,
empathy, generosity, truth, compassion & faith."

The grandson thought about it for a minute & then asked his grandfather:
"Which wolf wins?"

The old Cherokee simply replied,
"The one you feed."

**တစ်မူး၊ တစ်မတ်၊ မူး၊ မတ်**

(နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအကြောင်း နှိုက်နှိုက် ချွတ်ချွတ်)

ဘာရယ်မဟုတ်ဘူး၊ ပိုက်ဆံအကြွေစေ့ ရေတွက်တာနဲ့ အစိုးရ ရာထူးတွေ သတ်မှတ်တာ တူနေပုံလေး စဉ်းစားမိလို့ပါ။ ဆက်စပ်မှု ရှိသလား၊ မရှိဘူး လားလည်း မသိဘူး။
အခုတော့ အကြွေစေ့တွေ ပျောက်ကုန်လို့ တော်တော်ငယ်တဲ့ လူငယ်တွေဆို သိချင်မှတောင် သိတော့မယ်။
ငါးပြား စေ့၊ ဆယ်ပြား စေ့၊ တစ်မတ် စေ့၊ ငါးမူး စေ့၊ ပြီးတော့ ကျပ်စေ့ တဲ့။
မတ်စေ့ပြီးတော့မှ မူးစေ့ လာပေမဲ့ သူက ၁ မူး မဟုတ်ဘဲ ၅ မူးဖြစ်နေတယ်။
၅ မူးက ပြား ၅၀ ဆိုတော့ တစ်မူးက ဆယ်ပြား ပေါ့။

အစိုးရ ရာထူးတွေသတ်မှတ်ရာမှာ ရှေးတုံးကတည်းက မူးကြီး၊ မတ်ရာ သေ နာပတိ ဆိုတာရှိခဲ့တယ်။ ( သေနာပတိ က ပါဠိဖြစ်နေလို့ (ဦး) သီဟနာဒကို အဓိပ္ပါယ်မေးတော့ သေနာ က ပါဠိမဟုတ်တော့၊ မြန်မာစကားဖြစ် သွားပြီ ၊ သေနာ က သေနာ ပဲတဲ့၊ ရှင်းရော။ ပတိ ကတော့ ပါဠိ၊ အဓိပ္ပါယ်က ဘုရင်၊ အစိုးရ၊ အကြီးအမှုး၊ လင်သား တဲ့။ စိတ်မကြည်လို့ ကောင်းကောင်းဖြေပေး တာ မဟုတ်ရင်တော့ ကျနော်လည်း မတတ်နိုင်တော့ဘူး)

ထားပါတော့။ မူး၊ မတ်။ မူးပြီးမှ မတ်လာတယ်။ ဒါပေမဲ့ မတ် ကို အခုခေတ်မှာ အမတ်လို့ (ဘာ လီမန်အမတ်၊ ညာ လီမန်အမတ် စသည်) ခေါ်ပြီး မူးကိုေ တာ့ အမူး လို့ မခေါ်ကြဘူး။ တကယ်က ဘာ လီမန်အမူး၊ ညာ လီမန် အမူး စတာတွေလည်း ရှိနေရမယ်။

ပိုက်ဆံအကြွေစေ့ ရေတွက်ရာမှာ မူး၊ မတ်၊ ကျပ်။
ဒါဆို နှစ်ခါ ခွဲ မူးမှ တစ်မတ်၊ ဆယ်ခါပြန်မူးမှ ကျပ်ပြည့်မယ်။ မတ်ကလည်း လေးမတ်ပေါင်းမှ ကျပ်ပြည့်မယ်။ ဒီလိုလား။ ဘယ်လိုကြီးလဲ မသိဘူး။ သိပ်တော့ မမိုက်ဘူး။ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးကိစ္စတွေက ရှုပ်ထွေး လွန်းတယ်။ ဉာဏ်မမီဘူး။

တို့ လူငယ်တွေ မဆိုးပါ

ခေတ်လူငယ်တွေက ဘယ်လို ဘယ်ညာ စသဖြင့် ပြောတတ်တဲ့ မိဘတွေ ဒီသတင်းမျိုးဖတ်သင့်တယ်။ သူတို့ ပျင်းလို့ လမ်းဘေးမှာ ဂီတာတီး၊ သီချင်း ဆိုတာ၊ ကွန်ပြူတာရှေ့က မထတာ၊ ချတ်ရုမ်းက မပြန်လာတာ ဒါတွေအား လုံးဟာ ဘာမှ မပြောပလောက်ဘူး။
မယုံရင်ကြည့်။
အမေရိကန်လူငယ်နှစ်ယောက် ဖြစ်တဲ့ ဂျိမ်းစ် အက်ဒဝါ့ဒ် (၁၅) နှစ်နဲ့ ချန်စီ လူနား ၁၆ နှစ်တို့က အလုပ်မရှိ ပျင်းလို့ဆိုပြီး အပြေးလေ့ကျင့်နေတဲ့ အော်ဇီ က ဘေ့စ်ဘောသမား ချဲရစ် လိန်းကို သေနပ်နဲ့ ပစ်လိုက်တာ သေရော။ ဥက္က လာဟိုးမားက ဒွန်ကန်မြို့မှာ။
သူတို့ ရာဇဝတ်မှု ကျူးလွန်ရခြင်းအကြောင်း ရဲအရာရှိ ရှင်းပြတာကို ဖတ် ကြည့်ပါအုံး။

"They were bored and just wanted to see someone die."
ပျင်းလွန်းလို့ တစ်ယောက်ယောက်သေတာမြင်ရရင် ကောင်းမှာဆိုပြီး ဆော် ထည့်လိုက်တာဆိုပဲ။
(ABCNews.com)

ဆရာမောင်သာရ ပြောတာကို အမှတ်ရတယ်။ လူငယ်တွေ လမ်းပေါ်မှာ ဆူတာ ဆူပါစေ၊ အဲ့ဒါ လွတ်လပ်ခြင်းရဲ့ သင်္ကေတ တဲ့။ ဂျပန်ခေတ်မှာဆို ဆူဖို့မပြောနဲ့ အသံတောင် မထွက်ဝံ့ဘူး (ဒီ အဓိပ္ပါယ်မျိုး) တဲ့။

သရဲကြီးလ နှင့် နံရံ၏ အခြားတစ်ဖက် (တိရောကုဋ္ဋ) သုတ္တန်

(မနေ့က ပြီးခဲသည့် General Transferring of Merits ပွဲအတွက် ဆောင်း ပါးဟောင်းကို အနည်းငယ် ပြင်ဆင်၊ ဖြည့်စွက်ပြီး ပြန်တင်လိုက်ပါသည်။)

သရဲကြီးလ ဟူသည် တရုတ်လူမျိုးများ လူနာ ( လ ကို အခြေခံ တွက်ချက်ေ သာ ) ပြက္ခဒိန်၏ ၇ လမြောက် လ ဖြစ်သည်။ ( ယခု နှစ်အတွက် စက်တင် ဘာ ၂၁ ရက် ဖြစ်သည် ) နံရံ၏ အခြားတစ်ဖက် သုတ္တန် ဟူသည် တိရော ကုဋ္ဋ သုတ်တည်း။ ( တီရ ဟိုမှာဖက်၊ ကုဋ တံတိုင်း၊ နံရံ ) ဘုရင် ဗိမ္ဗိသာရ ၏ ဆွေမျိုး ပြိတ္တာများကို အကြောင်းပြု၍ ဟောခဲ့သော သုတ် ( သို့ ) ဆာေ နသော ပြိတ္တာ သရဲများ ( Hungry ghosts ) ရှိသည်ဟု ထောက်ခံထားသော သုတ်လည်း ဖြစ်သည်။

စာပေ၌ တိုက်ရိုက် မလာသော်လည်း သရဲကြီးလ ရှိနိုင်၏ ဟု ယုံကြည်လိုက ယုံကြည်လို့ရသည်၊ မယုံကြည်က မယုံဘဲလည်း နေလို့ရသည်။ သို့သော် လူ့ ဘဝ ကတည်းက ဤ ( ၇ လမြောက် သရဲကြီးလ ) သညာကို စွဲစွဲ မြဲမြဲ ယူ ထားလျှင် သရဲ ဖြစ်ရာ၌လည်း အချိန် သိပ်မကြာသေးလျှင် ဤသညာက မပျောက်လောက်သေး ပေ။ ထို့ကြောင့် မယုတ် မလွန် ရှိတန်ရာ၏ ဟုသာ ဆိုချင်သည်။ ကိစ္စ မရှိ။ ဆွေးနွေးလိုသည်က လူမျိုးခြား သာသနာပြု ကိစ္စ ဖြစ်သည်။ သဘော မတူလျှင် ခွင့်လွှတ်ကြပါလော့။

လူမျိုးခြား သာသနာပြုဟူသည် မိမိယဉ်ကျေးမှူကို ဇွတ်အတင်း မိတ် ဆက်ြ ခင်း ထက် သူ့ ယဉ်ကျေးမှူထဲသို့ ဘုရား အဆုံးအမ ထိုးထည့် ပေးခြင်းဖြစ် သည်။ ရှင်းရန်လိုလမ့်မည်။ လူမျိုးတိုင်း၌ ယဉ်ကျေးမှူရှိ၏၊ ထို့ကြောင့် သူတို့ က ယဉ်ကျေးမှူကို မလို ဘုရား အဆုံးအမသာ လို၏။ ဤအချက်ကို သဘော ပေါက်လျှင် လူမျိုးခြား သာသနာပြုရာ၌ ပို၍ ခရီးပေါက်မည် ထင် သည်။ ( ကိုယ်တိုင်လည်း ဘာမှတော့ မဟုတ် )
ဤ၌ ပြည်ပ သာသနာပြု နှင့် လူမျိုးခြား သာသနာပြု မတူကြောင်း သတိ ထားသင့်သည်။ ပြည်ပ သာသနာပြု အောက်၌ ပြည်ပရောက် မြန်မာများ ပါဝင်၏။ လူမျိုးခြား သာသနာပြုဟူသည် တိုင်းတပါးသား၊ ယဉ်ကျေးမှုကွဲ လူမျိုးများကို သာသနာနှင့် မိတ်ဆက်ပေးခြင်းဖြစ်သည်။

ပုဂံ သမိုင်းကို ကြည်ရာ ရှင် အရဟံကြောင့် ထေရဝါဒ သာသနာ ရောက် သွားသော်လည်း ရှေးရိုးစွဲ နတ်၊ တန္တရ၊ မန္တရ တို့ မပျောက်ကွယ် ခဲ့။ ဘုရင် အနော်ရထာက အတင်း အကျပ် မကိုင်တွယ်သောကြောင့်ဟု သမိုင်း ပညာ ရှင်တို့ ဆိုသည်။ သို့သော် ဘာသာရေးဆိုင်ရာ ဩဝါဒကများက ရှင်အရဟံ ထံမှ ရသည်၊ ရှင်အရဟံက လမ်းညွှန်လျှင် ထေရဝါဒ သာသနာအပေါ် သည်းချေခိုက်နေသော ဘုရင် အနော်ရထာက ရှင်အရဟံ၏ ဩဝါဒကို မေ သွ ဖီ တန်ရာ။ သို့သော် ( သို့သော်တွေများနေပြီ၊ သို့သော် လိုနေ၍ သုံးဦးအံ့ ) ပညာမြင့်လာလျှင် ကိုးကွယ်မှုလည်း မြင့်လာမည် ဟု ၂၁ ရာစုဆန်ဆန် ဘုရင် အနော်ရထာသုံးသပ်ခဲ့သည်။ ယုံကြည်မှုဟူသည် အင်အားသုံးပြီး ယုံ ကြည်စေ၍လည်း မရတတ်။

ဆိုလိုသည်မှာ ရှေးရိုးစွဲ အသည်းခိုက် ယဉ်ကျေးမှုတို့ကို ဒေသနာနှင့် လုံးလုံး လျားလျား မဆန့်ကျင်လျှင် သာသနာပြုတို့ ကိုယ်တိုင်ကပင် သူတို့ ယဉ်ကျေး မှုကို ဝေဖန် ပုတ်ခတ်နေမည့်အစား ဒေသနာနှင့် ညှိကာ ပို၍ အဓိပ္ပါယ် ရှိေ သာ ယဉ်ကျေးမှုဖြစ်အောင် လမ်းညွှန်တတ်ကြသည်။ တရုတ်တို့ သရဲကြီး ကိစ္စ ဆိုလျှင် အနော်ရထာ မဆိုထားနှင့် အလွန် ရက်စက်သော တရုတ် ကွန်မြူနစ်ပင် လက်မြှောက်ရသည်။ မရပါ။
ထို့ကြောင့် အနော်ရထာမှန်သည်။ လူထု နှလုံးသားထဲက အစိမ်း အကျက် နတ်တို့ကို အနော်ရထာလည်း ဆွဲမထုတ်နိုင်။ သူတို့ အသိဉာဏ်ကသာ ဆွဲထုတ် နိုင်ပေမည်။ အတုယူလိုက ယူလို့ရသည်။

တရုတ်လူမျိုးများ လူနား ပြက္ခဒိန်၏ ၇ လမြောက် လ ဖြစ်သည့် သရဲကြီးလ ကို သီဟိုဠ် ဆရာတော်ကြီး တစ်ပါးက " စုပေါင်း ရေစက်ချပွဲတော်- General Transferring of Merits " ဟု သုံးလိုက်သည်။ ဘာကိုမှ မီးရှို့ရန်မလို၊ ဘုရားဆွမ်းကပ်၊ သံဃာများကို ဆွမ်းကပ် သင်္ကန်းလှူ၊ ကောင်းမှုများ ပြု၊ ထိုထို ပြိတ္တာတို့ကို ရေစက်ချ အမျှဝေပေးကြ။ သံဃာတော်တို့နှင် (ရွတ်ဖတ်နိုင်သော ဒကာ၊ ဒကာမအားလုံးတို့) က တိရောကုဋ္ဋ သုတ်ကို ရွတ်ဘတ် သရဇ္ဈာယ်ကြသည်။
တရုတ်လူမျိုးများလည်း ယဉ်ကျေးမှုကြောင့် ပျက်ရယ်ပြု မခံရ၊ လူသားများ လည်း ဒေသနာနှင့်အညီ ကုသိုလ် ပြုခွင့်ရ၊ စာအုပ်ထဲမှာ လှောင်ပိတ် မိေ နသော တိရောကုဋ္ဋ သုတ်လည်း သံဃာတော်တို့ နှုတ်၊ နှလုံးသားထဲရောက်၊ လူတို့လည်း ပါဠိတော် စစ်စစ် နာကြားခွင့်ရ ( ရဟန်းစီ၊ လူစီသော ဂါထာ မ ဟုတ်၊ ဘုရားသီခဲ့သော ဂါထာ အစစ်များ ဟု ဆိုလိုသည်။ ဘုရားဟော ဂါထာတော်များ အထင်အရှားရှိနေပါသေးလျက် ရှားရှားပါးပါး အချိန်လေး များ အတွင်း လူသီ၊ ရဟန်းသီဂါထာများကို သင်၊ ရွတ်နေကြသည်ကို စိတ် မကောင်းဖြစ်မိသဖြင့် ဤ အမှာကို ထည့်သည်။ )။
အလွန် ပညာပါပြီး အလွန်လည်း ကျေးဇူးများ၏။ တရုတ်မှာ၊ဂျပန်မှာ၊ အမေရိ ကန်မှာ၊ မြန်မာမှာ ရှေးဟောင်း ယဉ်ကျေးမှုများရှိကြ၏။ မတူကြ။သို့သော် ဒေ သနာက တူ၏။

လူမျိုးခြား သာသနာပြုဟူသည် အဆုံးအမ က ရှေ့က သွားမှ ခရီးတွင်သည်။ ယဉ်ကျေးမှုများက ရှေ့ကသွားနေလျှင် ထိုဝန်ကြောင့် ဒေသနာပင် တိုး အား လျော့သွားတော့သည်။ နိုင်ငံခြားသားများက ငါးပါးသီလပဲ ယူမည်။ ဩကာသ ကိုတော့ လိုက်ဆိုနေမည် မဟုတ် ဟူလို။

ဤစာဖြင့် ကျေးဇူရှင် ဆရာတော် မဟာဝီရ အား ဦးညွတ်ပါ၏။ တရုတ်သရဲ၊ မြန်မာသရဲ၊ သူရဲပေါင်းစုံ တိရောကုဋ္ဋ သုတ်ကို နာကြားခွင့်ရပြီး ကျွတ် လွတ်ကြပါစေသတည်း။

ကျွဲအုပ်နဲ့ ဘီယာ ဒဿန

ကျွဲအုပ်ကြီး တစ်အုပ်လုံး သွားနိုင်တဲ့ အမြန်နှုန်းဟာ အနှေးဆုံး ကျွဲပေါက်စ၊ ကျွဲအိုကြီးတွေ အပေါ်မှာ မူတည်တယ် (အုပ်စု မကွဲအောင် သူတို့ကို စောင့်ခေါ်နေရလို့)
ခြင်္သေ့၊ ကျား စတဲ့ သတ္တဝါကြီးတွေ အလိုက်ခံရရင် အဲဒီ အနှေးဆုံး ကျွဲတွေပဲ အစားခံရတယ်။
ဒါပေမဲ့ ကျွဲအုပ်ကြီး တစ်ခုလုံးရဲ့ အမြန်နှုန်းကို ကြည့်တော့ ဒါဟာ အားသာ ချက်ပဲ။
အနှေးဆုံး ကျွဲတွေကို စောင့်ခေါ်နေစရာ မလိုတော့လို့ မြန်မြန်သွားလို့ ရသွား တယ်။

လူ့ဦးနှောက်ဆိုတာ ဦးနှောက် ဆဲလ် တွေ စုပေါင်းလုပ်ဆောင်နေခြင်းဖြစ် တယ်။
ဘီယာကို သောက်သုံးခြင်းအားဖြင့် ဦးနှောက် ဆဲလ် တချို့ကို အယ်လ်ကိုဟောက အန္တရာယ်ပေးတယ်၊ (ဆဲလ်တွေ သေစေတယ်)
ဒါပေမဲ့ အယ်လ်ကိုဟောက သေစေတဲ့ ဆဲလ်တွေဟာ အား အနည်းဆုံး ဦးနှောက်ဆဲလ်တွေသာ ဖြစ်တယ်။
အားနည်းတဲ့ ဆဲလ်တွေကို ဘီယာက သတ်လိုက်တော့ အခြားအားကောင်း တဲ့ ဆဲလ်တွေ မြန်မြန်အလုပ် လုပ်လို့ရသွားတယ်။
ဒါ့ကြောင့် ဘီယာ ပုံမှန်သောက်သူဟာ မသောက်သူထက် ခေါင်းပိုပြေးတယ် ။ ဘရိုက် ပိုဖြစ်တယ်။





ဘီယာသောက်သုံးခြင်းအားဖြင့် သင့် ဦးနှောက် အလုပ်လုပ်နှုန်းကို မြှင့်တင် ပါ။
(ကိုးကား။ ။ ကြားဖူးနားဝ ကျမ်းစာ။)