ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ 


မြတ်ဗုဒ္ဓဟောကြားခဲ့သော အဘိဓမ္မာ ဒေသနာတော်များကို လွယ်ကူစွာ လေ့လာနိုင်စေရန်နှင့် ဓမ္မသဘာဝကို ရှင်းလင်းစွာ သိရှိပြီး မိမိတို့ ၏ နေ့ စဉ်ဘ၀များတွင် အသုံးချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆရာတော် ဦးစက္ကပါလမှ အဘိဓမ္မာသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း သင်ကြားပို့ ချပေးသွားမည်ဖြစ်ပါသည်။

ထို့ ကြောင့် စင်္ကာပူနိုင်ငံတွင် နေထိုင်ကြသော ဓမ္မမိတ်ဆွေ သူတော်စင်များအနေဖြင့် ဗုဒ္ဓ၏ အဘိဓမ္မာ ဒေသနာတော်များကို သင်တန်းတက်ရောက် သင်ယူနိုင်ကြစေရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

သင်တန်းပို့ ချမည့်ဆရာတော် = ဦးစက္ကပါလ (မင်္ဂလ၀ိဟာရကျောင်း)

စတင်ဖွင့်လှစ်မည့်ရက် = ၂၀၁၅ ခုနှစ်၊ မတ်လ ၁ ရက်၊ တနင်္ဂနွေနေ့ 

အချိန်နှင့်နေ့ ရက် = ညနေ ၆ နာရီ မှ ၇း၃၀ နာရီထိ
(အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း)

သင်တန်းနေရာ = မင်္ဂလ၀ိဟာရကျောင်း (စင်္ကာပူ)၊
ဒုတိယထပ် (Chew Quee Neo hall)
30 Jalan Eunos,
Singapore 419415

သင်တန်းလမ်းညွှန် = Eunos MRT
Bus 7, 15, 21, 60, 67, 93, 854

ဓမ္မမိတ်ဆွေများအနေဖြင့် အောက်ပါဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာသို့ လည်း ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြပါကြောင်း အသိပေး တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်။ ။ ၉၁၆၃၁၅၂၉၊ ၈၁၉၁၀၈၂၂

အီးမေးလ်လိပ်စာ။ ။mingalarmaungme@gmail.com

မှတ်ချက်။ ။သင်တန်းသည် ဓမ္မဒါနအဖြစ် သင်ကြားပေးသော အခမဲ့ သင်တန်းဖြစ်ပါသည်။

မနက်ဖြန် ညနေ ၆နာရီအချိန် သင်တန်းမစတင်မှီ ကျောင်းသို့ လာရောက်ပြီး registration counter တွင် စာရင်းပေးသွင်းခြင်းဖြင့်  သင်တန်းတက်ရောက်နိုင်ကြပါသည်။

ကိုပေါနဲ့ ကျွန်တော်


မေ့လျော့မနေခဲ့ဘူးဆိုလျင် ၂၈ ရက်နေ့တိုင်းမှာ ကမ်းလက် လပတ်လည် အဖြစ် အမှတ်တရစာလေးများ ရေးမိတတ်ပါသည်။ အခု ကိုပေါနဲ့ ကျွန်တော် အကြောင်းကို ရေးချင်ပါသည်။
ကိုပေါသည် လွမ်းမိုးသီချင်းထဲက ကိုပေါမဟုတ်၊ နွားကျောင်းသား မဟုတ်၊ ကျနော့် ရွာသားမဟုတ်ပါ။ သို့သော် ကျနော်လိုပဲ ထောင့်သိပ်မကျိုးသူတစ်ယောက်တော့ ဖြစ်ပါသည်။ (ဒါက ကျနော့် သတ်မှတ်ချက်သာ ဖြစ်ပါသည်)

ကိုပေါနဲ့ကျနော် နောက်ဆုံးတွေ့ဖြစ်သည်က မန္တလေး ကျုံးဘေးမှာဖြစ်သည်၊ ထိုစဉ် သူ့ဇနီးဖြစ်လာမည့် ဂျပန်မလေးလည်း ဘေးမှာရှိသည် (သူမနာမည်ကို ကျနော်မသိပါ (သို့) မမှတ်မိပါ)။ သူတို့က (ဂျပန် ဗီဇာနဲ့ပတ်သက်ပြီး) အကြံ ဉာဏ်တောင်းသဖြင့် ကျနော်သိသလောက် ခပ်တည်တည်ပြောပြခဲ့ပါသေး သည်၊ သို့သော် ကျနော်ပေးသည့် အကြံဉာဏ်များက အလုပ်ဖြစ်လှမည် မဟုတ်ကြောင်း ယခု သဘောပေါက်မိသည်။ ကိုပေါနဲ့ကျနော်ကြားမှာ ဘုံ ယဉ်ကျေးမှု တော်တော်များများရှိပြီး ယခု ပြောပြချင်သည့်အချက်သည် ထို အထဲမှ တစ်ခုသာဖြစ်ပါသည်။ တိုတိုဆိုရလျင် ထို ဂျပန်မလေးနဲ့လက်ထပ်ပြီး ကိုပေါ ဂျပန်ကိုလိုက်သွားသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ကျနော့်မိတ်ဆွေတ်ယောက် (သူနဲ့ကိုပေါလည်း သိကြ၊ ရင်းနှီးကြပါသည်) ဂျပန်ရောက်သွားပြီး ကိုပေါနဲ့ တွေ့ဖြစ်ခဲ့သည်။ ကျနော့် မိတ်ဆွေစကားအရ ဇင်ဝေသော်ကိုလည်း ဂျပန်ရောက်ဖူးအောင် အလည်ခေါ်သင့်ကြောင်း သူက ကိုပေါကို အကြံပေးသည်။
ထိုအခါ ကိုပေါက
"ငါက ဘာအတွက် သူ့ကို အလည်ခေါ်နေရမှာလဲ၊ သူလာချင်ရင် သူဘာသာ လာလို့ ရနေတာပဲ။ ရောက်လာလို့ ငါ့ကို ဆက်သွယ်ရင် ငါလုပ်ပေးစရာရှိတာ လုပ်ပေးမှာပေါ့" (ဤ အဓိပ္ပါယ်မျိုးရှိသည့်စကား) ဟု ပြောလိုက်သည်။
ထိုအခါ ကျနော့်မိတ်ဆွေက ကျနော့်အစား ကိုပေါအပေါ် အနည်းငယ် အောင့်သက်သက်ဖြစ်ဟန်တူပါသည်။ ဒီအတိုင်းလည်း ကျနော့် ကို ပြန်ပြောပြသည်။
သို့သော် ကျနော်ကတော့ ကိုပေါကို ပိုလေးစား၊ ပိုချစ်သွားသည်။
"ကိုပေါ မပြောင်းလဲသေးပါလား"
***********************************************************************

မန္တလေးမှာကတည်းက ကျနော်တို့ဆက်ဆံရေးက ဒီအတိုင်းပဲ ရှိနေခဲ့ကြ သည်။ အတူ ထွက်သွားလို့ အတူပြန်ဝင်လာရမယ်ဆိုတာမျိုး မရှိ။ သူ့လမ်း သူသွား။ ကိုယ့်လမ်း ကိုယ်သွားဖြစ်သည်။
ကိုပေါပြောတာ မှန်ပါသည်။ တစ်ချိန်က နိုင်ငံခြားသွားဖို့ အဓိက အခက်အခဲက ဗီဇာနဲ့ ငွေဖြစ်သော်လည်း ယနေ့ ဒါတွေက သိပ်မခက်တော့ပါ။ အခု အခက် အခဲက သွားလိုစိတ်နဲ့ အချိန်သာဖြစ်ပါသည်။ ကျနော့်မိတ်ဆွေက မကျေ မနပ်ဖြင့် ပြောပြနေချိန်
"မဟုတ်ဘူးဟ၊ ဒါက ကိုပေါနဲ့ငါနဲ့ကြားက နားလည်မှု၊ ငါရောက်သွားရင် သူတတ်နိုင်တာ အကုန်လုပ်ပေးမှာ၊ ငါ့ကိုတော့ တကူးတကခေါ်နေ မယ့်ကောင် မဟုတ်ဘူး" လို့ ခပ်ပြုံးပြုံးရှင်းပြမိသည်။

အခု ကိုပေါပြောလို့သိရတာက သူ့မှာ သမီးလေးရှိသည်၊ သူမ အသက် ၁၄ နှစ်ရှိပြီ၊ သူ့သမီးလေးက သူနဲ့ ပိုတူသည် ဟုဖြစ်ပါသည်။
**********************************************************************

အကြောင်းတိုက်ဆိုင်လျင်တော့ ကိုပေါနဲ့အတူ သူနဲ့ ပိုတူသည်ဆိုသည့် သူ့သမီးလေးရော သူ့ဇနီးကိုပါ တွေ့ချင်ပါသေးသည်။ နေရာရွေးခွင့်ရလျှင် မန္တလေးတောင်ပေါ်၊ ဗျာဒိတ်ပေး ဘုရားဘေးက အအေးဆိုင်လေး တစ်ဆိုင် ကို ရွေးချင်ပါသည်။ အချိန်ပါ ရွေးခွင့်ရလျှင် နေဝင်ရီတရောကို ရွေးပါမည်။ သို့သော် တွေ့ခွင့် မရကြတောဘူးဆိုလျင်လည်း ပြသနာတော့ မဟုတ်လှပါ။ သူတို့ဘဝ အဆင်ပြေစေဖို့ဆန္ဒ ကျနော့်ဆီမှာ ရှိနေပါသည်။ ။

ဇင်ဝေသော်

လူငယ်ခြေကျ (စိုင်းထီးဆိုင်)

မိုက်တယ်ဟ။ နားထောင်ကြည့်။ စိုင်းခန်းလိတ်၊ စိုင်းထီးဆိုင် ငယ်မူငယ်သွေး။
တကယ် ရယ်သံ၊ ရှိုက်သံ အုပ်အုပ်နဲ့ သရော်၊ ဆော်ထားတာ။

 

ဘယ်ဘာသာတရားပဲဖြစ်ဖြစ် ပုံစံခွက်အတိုင်းရိုက်သွင်းရင် အစွန်းရောက်တွေပဲ ဖြစ်လာလိမ့်မယ်


၂၁ ရာစုမှာ ဘယ်ဘာသာတရားပဲဖြစ်ဖြစ် ပုံစံခွက်အတိုင်းရိုက်သွင်းရင် အစွန်းရောက်တွေပဲ ဖြစ်လာလိမ့်မယ်။ ဘယ်ဘာသာတရားဟောကြားချက်ဖြစ်ဖြစ် အရေးကြီးတာက လူပီသဖို့၊ လူသားဆန်ဖို့၊ လူ့အတွေးအခေါ်ရှိဖို့ပါပဲ။

အစ္စလာမ်ဘာသာမှာ သွေးချောင်းစီး နယ်စည်းများ ရှိတယ် (၂)


(Islam's Bloody Borders)

"အစ္စလာမ်ဘာသာရဲ့ သမိုင်းတလျောက်လုံးကို ပြန်ကြည့်မိတိုင်း မွတ်စလင်ေ တွဟာ အိမ်နီးချင်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ပြဿနာတွေ အမြဲရှိနေတတ် တယ်ဆိုတာ တွေ့ရပါမယ်"
(ဟန်တင်တန်)

(၁၉) ရာစုတလျောက်လုံး ရုရှားတွေဟာ အာရှအလယ်ပိုင်းမှာရှိတဲ့ မွတ်စ လင်တွေကို ထိမ်းချုပ်နိုင်ဖို့ စစ်အင်အားသုံးပြီး ဖြေရှင်းလာခဲ့တယ်။ ၁၉၈၀ - ခုနှစ်တွေအတွင်းမှာ အာဖဂန်နဲ့ ရရှားတွေအကြား စစ်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပြီး ရုရှားတွေ တပ်ဆုတ်ခဲ့ရတယ်။ အဲဒီနောက် တာဂျစ်ကစ္စတန်မှာ လက်ရှိအစိုးရ ကို တော်လှန်နေတဲ့ အစ္စလာမ်မစ်သူပုန်တွေအကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ ရုရှားတပ်က အစိုးရကို စစ်ရေးအကူအညီတွေ ပေးခဲ့ပါတယ်။

တရုတ်ပြည် ရှင်ကျန်း (Xinjiang) မှာလည်း ဝီဂါး (Uighur) နဲ့ အခြားမွတ်စ လင်တွေဟာ တရုတ်တွေနဲ့ ပဋိပက္ခတွေဖြစ်ပြီး ဆိုဗီယက်ကနေ ခွဲထွက်လာ တဲ့ သူတို့နဲ့ လူမျိုးစုတူ၊ ဘာသာတူ အခြားလူမျိုးတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့ ကြပါတယ်။
အိန္ဒိယကျွန်းဆွယ်မှာလည်း ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား သုံးကြိမ်တိုင်တိုင် စစ်ပွဲ ဖြစ်ခဲ့ပြီးပါပြီ။ အစ္စလာမ်ဘာသာဝင်တွေက ကက်ရှ်မီးယားအစိုးရကို အာ ခံတယ်။ နောက်မှ ဝင်ရောက်နေထိုင်လာတဲ့ မွတ်စလင်တွေက အာသံမှာ ရှိ တဲ့ ဒေသခံလူထုနဲ့ လူမျိုးစုတိုက်ပွဲ ဆင်နွဲတယ်။ အိန္ဒိယတစ်ပြည်လုံးမှာ မွတ် စလင်နဲ့ ဟိန္ဒူတွေကြားက အကြမ်းဖတ်မှုတွေဟာ မကြာမကြာ ဖြစ်ပွားလေ့ ရှိတယ်။ အဲဒီပဋိပက္ခတွေကိုလည်း အိန္ဒိယထဲမှာရှိတဲ့ ဘာသာနှစ်ခုစလုံးရဲ့ ဘာသာရေးအစွန်းရောက်တွေက သွေးထိုးလှုံ့ဆော် ပေးနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ လူနည်းစု ဗုဒ္ဓဘာသာတွေက အဆင့်အတန်း ခွဲခြားလို့ ဆိုပြီး အများစု မွတ်စလင်တွေကို ဆန္ဒပြနေကြတယ်။ တချိန်းတည်းမှာပဲ မြန်မာပြည်ထဲမှာတော့ လူနည်းစု မွတ်စလင်တွေက အများ စု ဗုဒ္ဓဘာသာဝင်တွေဟာ အဆင့်အတန်းခွဲတယ်ဆိုပြီး ဆန္ဒပြနေကြပြန်ပါ တယ်။
မလေးရှားနဲ့ အင်ဒိုနီးရှားမှာတော့ စီးပွားရေး လက်ဝါးကြီးအုပ်လို့ဆိုပြီး အဲဒီမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေကို အများစု မွတ်စလင်တွေက အကြမ်းဖတ်မှုတွေ မကြာမကြာ ပြုလုပ်နေကြ ပြန်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း ဗုဒ္ဓ ဘာသာအစိုးရကို မွတ်စလင် အကြမ်းဖတ်သမားတွေက ခွဲထွက်ရေး တောင်း ဆိုနေကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဖီလစ်ပိုင်တောင်ပိုင်းမှာ ကက်သိုလစ်ပြည်သူနဲ့ ကက်သို လစ်အစိုးရဆီက လွတ်လပ်ရေးဆိုပြီး မွတ်စလင်တွေက တောင်းဆိုနေကြပြန် ပါတယ်။
အင်ဒိုနီးရှားမှာတော့ လူနည်းစု ကက်သိုလစ်ဘာသာဝင် အရှေ့တီမော လူမျိုးတွေဟာ မွတ်စလင်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ ရုန်းကန်နေကြရပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဂျူးနိုင်ငံ တည်ထောင်လိုက်တဲ့အချိန်ကစလို့ အာ ရပ်တွေနဲ့ ဂျူးတွေအကြား ပဋိပက္ခတွေ ဆက်တိုက် ဖြစ်နေခဲ့ပြီး စစ်ပွဲလေး ကြိမ် ဖြစ်ပွားခဲ့တယ်။ ပါလက်စတိုင်းတွေက အစ္စရေးဥပဒေကို မလိုက်နာဘူး။ လက်ဘနွန်မှာလည်း မရွန်နိုင် (Maronite) ခရစ်ယန်တွေဟာ ရှီယစ်နဲ့ အခြားမွတ်စလင်တွေအကြားမှာ နိုင်ခြေမရှိတဲ့ တိုက်ပွဲတွေ ဆင်နေရတယ်။

အီသီယိုပီးယားမှာ အော်သိုဒေါက် အမ်ဟာရ (Amhara) လူမျိုးတွေက မွတ်စ လင်တွေကို ဖိနှိပ်ခဲ့လို့ဆိုပြီး အိုရိုမို (Oromo) မွတ်စလင်တွေက အီသီယို ပီး ယားနဲ့ တိုက်ပွဲဝင်နေကြတယ်။
အာဖရိက တစ်တိုက်လုံးကို ခြုံကြည့်ရင် မြောက်ပိုင်းမှာ အာရပ်တွေနဲ့ မွတ်စ လင်တွေကြားမှာ ပဋိပက္ခမျိုးစုံ ဖြစ်နေခဲ့သလို တောင်ပိုင်းမှာလည်း ခရစ်ယန် လူမည်းတွေအကြား ပဋိပက္ခတွေ ဖြစ်နေခဲ့တယ်။ သွေးထွက်သံယို အများဆုံး မွတ်စလင်နဲ့ ခရစ်ယာန်တွေကြားက စစ်ပွဲကတော့ ဆူဒန် မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပါ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီး သေဆုံးဒဏ်ရာ ရမှုတွေကလည်း သိန်းချီ ရှိပါတယ်။

နိုင်ဂျီးရီးယားရဲ့ နိုင်ငံရေးကလည်း မြောက်ပိုင်းမှာရှိတဲ့ ဖူလာနီ ဟောစာ (Fulani-Hausa) မွတ်စလင်တွေနဲ့ တောင်ပိုင်းရှိ ခရစ်ယာန် မျိုးနွယ်စုတွေ အကြား ပဋိပက္ခတွေက လွှမ်းမိုးထားပါတယ်။ တစ်ခါတစ်ခါ အကြမ်းဖတ်မှု၊ တစ်ခါတစ်ခါ စစ်တပ်က ဝင်ထိန်းမှုတွေ ရှိခဲ့ပြီး စစ်ပွဲတစ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ချက် (Chad) နိုင်ငံ၊ ကင်ညာနိုင်ငံနဲ့ တန်ဇန်းနီးယားနိုင်ငံတွေမှာလည်း အလား တူ မွတ်စလင် ခရစ်ယာန်စစ်ပွဲတွေ ရှိနေခဲ့ပါတယ်။
မွတ်စလင်တွေနဲ့ အခြား ကက်သိုလစ်၊ ပရိုတက်စတင့်၊ အော်သိုဒေါက်၊ ဟိန္ဒူ၊ တရုတ်၊ ဗုဒ္ဓဘာသာနဲ့ ဂျူးလူမျိုးတွေရဲ့ ဆက်ဆံရေးဟာ နေရာတိုင်းမှာပဲ အဆင်မပြေမှုတွေ ဖြစ်ပွားနေလေ့ ရှိပါတယ်။

အတိတ်ကို ပြန်ကြည့်ရင် အဲသလို အဆင်မပြေမှုတွေကတဆင့် အကြမ်းဖက် မှုတွေအထိ ဖြစ်သွားခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ ၁၉၉၀ - ခုနှစ်တွေမှာ အ ကြမ်းဖက်မှုပေါင်းများစွာ ဖြစ်ပွားခဲ့ပါတယ်။
အစ္စလာမ်ဘာသာရဲ့ သမိုင်းတလျောက်လုံးကို ပြန်ကြည့်မိတိုင်း မွတ်စလင်ေ တွဟာ အိမ်နီးချင်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ပြဿနာတွေ အမြဲရှိနေတတ် တယ်ဆိုတာ တွေ့ရပါမယ်။
ဒီမှာ စောဒကတက်လာနိုင်တာက အခု မွတ်စလင်နဲ့ မွတ်စလင် မဟုတ်သူတွေကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားနေသလို အခြား စီဗီလိုက်ဇေး ရှင်းတွေ ကြားမှာလည်း ဖြစ်နေတာပဲဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီစောဒက,က မမှန်ပါဘူး။ မွတ်စလင်တွေဟာ ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတစ်ပုံပဲ ရှိပါတယ်။ ဒါပေမဲ့ ၁၉၉၀ - ခုတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေထဲမှာ မွတ်စလင် စီဗီလိုက်ဇေးရှင်းက အခြား စီဗီလိုက်ဇေးရှင်းက လူတွေထက် အများကြီး ပိုလွန်နေပါတယ်။

ဆက်ရန်
ဇင်ဝေသော်