Home » All posts
အစိုးရမင်းများ မှတ်သားအတုယူ ကြကုန်
in
ပြန်လည်မျှဝေခြင်း,
လူကြီးမင်းများသို့
- on 8/22/2015
- No comments
အမေရိကန် သံအမတ်ကြီးက ရခိုင်ဖက်မှာ လယ်ထဲဆင်းပြီး ပျိုးပါဝင်ကြဲပစ်လိုက်တာ
တို့ဆီက ဝန်ကြီးတွေက .... အမြဲ နုပျိုနေကြတယ် !
in
ဇင်ဝေသော်,
ပေါ့ပေါ့ပါးပါး
- on 8/22/2015
- No comments
မြန်မာပြည်က ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ စောင့်လိုက်ရတဲ့ နှစ်တွေ၊ ဂရိတို့များ တစ်နှစ်တစ်ကြိမ်၊ သုံးနှစ်အတွင်း သုံးကြိမ်။ လက်ရှိသမ္မတပေါက်စက နှုတ်ထွက်စာ တင်ပြန်သတဲ့။ တို့ဆီကတော့ နှုတ်မထွက်ဘူး၊ နောက်တစ်ကြိမ်၊ ပြည်သူက တောင်းဆိုရင် စသည်။
စလုံးနဲ့မြန်မာ တူတာက ဝန်ကြီးတွေကို လစာကောင်းကောင်းပေးထားမှ အကျင့်ပျက်မှု ကင်းရှင်းမှာဆိုတဲ့ အယူအဆပဲ။ မတူတာက သူတို့ စီနီယာဝန်ကြီးတွေက လူငယ်တွေကို နေရာပေးဖို့ဆိုပြီး နှုတ်ထွက်ပေးချိန်မှာ တို့ဆီက ဝန်ကြီးတွေက တစ်ယောက်မှ အသက်ကြီးပြီလို့ သူတို့ကိုသူတို့ မထင်တာပဲ။ အမြဲ နုပျိုနေကြတယ်။
နှဲကောင်းရင် ရွာသားနားမထောင်ရတော့ဘူး
in
ဇင်ဝေသော်,
အမှတ်တရ
- on 8/21/2015
- No comments
ရွာမှာ ဆရာမရှိဘဲ ပါရမီအရ နှဲမှုတ်ကောင်းတဲ့ လူတစ်ယောက်ရှိပါတယ်။ အစပိုင်းတော့ ရွာနဲ့နီးစပ်ရာ ပွဲလေးတွေမှာ ဝင်ကူ၊ ဝင်မှုတ်ပေါ့။ သူ့အကြောင်းကို မန္တလေးရှိ စိန်ကျော်ဆင့်တိုလို ဆိုင်းဝိုင်းကြီးတွေကအစ ကြားပြီးကမ်းလှမ်းလာတော့ သူက ရွာပွဲတွေမှာ မမှုတ်နိုင်တော့ဘူး၊ မန္တလေး ပါသွားတယ်။ ဒါ့ကြောင့် ရွာက ဒကာကြီးတစ်ယောက်က နှဲကောင်းရင် ရွာသားနားမထောင်ရတော့ဘူး ပြောရာက အဲဒီစကားတွင်သွားရော။
နောက်ပိုင်း အဲဒီစကားပုံက စာသင်သား ဦးဇင်းတွေ၊ ကိုရင်တွေဆီ ရောက်သွားတယ်။ စာမေးပွဲတွေ အဆင့်ဆင့်အောင်တဲ့ကိုယ်တော်၊ တရားဟောကောင်းတဲ့ကိုယ်တော် ပေါ်ပေါ်လာတိုင်း ဒီကိုယ်တော်ကတော့ ရွာပြန်မနေတော့ပါဘူးဆိုတဲ့အဓိပ္ပါယ်နဲ့ " နှဲကောင်းရင် ရွာသားနားမထောင်ရတော့ဘူး" လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဒီပြသနာက ကမ္ဘာနဲ့ချီတဲ့ ပြသနာပါ။
ကျောင်းထိုင်ဆရာတော် ပင့်ဆောင်ကိုးကွယ်လိုပါသည်ဘုရား
in
3D ဘာသာရေး,
ဇင်ဝေသော်
- on 8/21/2015
- No comments
ဟိုတလောလေးကမှ ဒီအကြောင်း ပြောဖြစ်ကြသေးတယ်။ နောက် ဆို ကျောင်းလွတ်တွေ အများကြီးရှိလာမှာပါဆို။ တကယ်လား မသိဘူး။ ပါလာပြီ။ စိတ်ဝင်စားတဲ့ ညီနောင်တွေ ဆက်သွယ်တော်မူကြပေရော့။ (ဦးတေဇဝန္တ ကွန်မင့်အရ ၂၀၁၄ က ကြော်ငြာပါတဲ့ဘုရား။ ဘုန်းကြီး ရ၊ မရ တော့ မသေချာသေး၊ ကြိုးစားကြည့်ပေါ့ဘုရား။ ဖုန်းတစ်ချက်ပါပဲ။)
![]() |
| photo from Aung Pyi Sone Aye's facebook |
လူငယ်တွေဆီမှာ အဓိက မြန်မာ့ ကိုယ့်ကျင့်တရား တန်ဖိုးတွေ မရှိတော့ဘူးလို့ ပြောလို့ မရပါဘူး
in
ဇင်ဝေသော်,
အမျိုးသားရေး
- on 8/21/2015
- No comments
ဂျင်းဘောင်းဘီဝတ်၊ ကိုကာကိုလာသောက်နေတိုင်း အနောက်တိုင်း ကို ထောက်ခံတယ် ပြောလို့ မရဘူး၊ အရှေ့အလယ်ပိုင်းက ဂျင်းဘောင်းဘီဝတ်၊ ကိုကာကိုလာသောက်နေတဲ့ လူတစ်စုရဲ့ ခါးမှာ အမေရိကန်လေယာဉ်ကို ဖောက်ခွဲဖို့ ဗုံးတွေ ခါးပတ်လာနိုင်တယ်။
(ဟန်တင်တန်)
ဂျင်းဘောင်းဘီဝတ်၊ ပြင်သစ်မိတ်ကပ်လူး၊ အနောက်တိုင်းတီးဝိုင်းပုံ တီရှပ်ဝတ်ထားတဲ့ လူငယ်တွေဆီမှာ အဓိက မြန်မာ့ ကိုယ့်ကျင့်တရား တန်ဖိုးတွေ မရှိတော့ဘူးလို့ ပြောလို့ မရပါဘူး။ အလောင်ဘုရား ဝတ်စုံ မဝတ်လည်း ခေတ်သစ် စစ်သားတစ်ယောက်ဟာ နိုင်ငံကို ချစ်မြတ်နိုးစွာ အသက်ပေးကာကွယ်ခွင့် ရှိနေပါတယ်။





