ရွာမှာ ဆရာမရှိဘဲ ပါရမီအရ နှဲမှုတ်ကောင်းတဲ့ လူတစ်ယောက်ရှိပါတယ်။ အစပိုင်းတော့ ရွာနဲ့နီးစပ်ရာ ပွဲလေးတွေမှာ ဝင်ကူ၊ ဝင်မှုတ်ပေါ့။ သူ့အကြောင်းကို မန္တလေးရှိ စိန်ကျော်ဆင့်တိုလို ဆိုင်းဝိုင်းကြီးတွေကအစ ကြားပြီးကမ်းလှမ်းလာတော့ သူက ရွာပွဲတွေမှာ မမှုတ်နိုင်တော့ဘူး၊ မန္တလေး ပါသွားတယ်။ ဒါ့ကြောင့် ရွာက ဒကာကြီးတစ်ယောက်က နှဲကောင်းရင် ရွာသားနားမထောင်ရတော့ဘူး ပြောရာက အဲဒီစကားတွင်သွားရော။
နောက်ပိုင်း အဲဒီစကားပုံက စာသင်သား ဦးဇင်းတွေ၊ ကိုရင်တွေဆီ ရောက်သွားတယ်။ စာမေးပွဲတွေ အဆင့်ဆင့်အောင်တဲ့ကိုယ်တော်၊ တရားဟောကောင်းတဲ့ကိုယ်တော် ပေါ်ပေါ်လာတိုင်း ဒီကိုယ်တော်ကတော့ ရွာပြန်မနေတော့ပါဘူးဆိုတဲ့အဓိပ္ပါယ်နဲ့ " နှဲကောင်းရင် ရွာသားနားမထောင်ရတော့ဘူး" လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဒီပြသနာက ကမ္ဘာနဲ့ချီတဲ့ ပြသနာပါ။
Post a Comment