တော်ကြပါတော့၊ အရိုက်ခံနေရတာက နှင်းရီပါ


အတွေ့အကြုံလေးတစ်ခု ပြောပါရစေဦး။
ရွာက နှင်းရီဆိုတဲ့ကောင်မလေး အခြားရွာက ပြန်လာတော့ သရဲပါလာပြီး အိမ်ရောက်တာနဲ့ ငိုလားရီလား ဖြစ်ပါလေရော။
ဒါနဲ့ ရွာရှိ ပယောဂဆရာကို သွားပင့်ကြသပေါ့။ ဒါပေမဲ့ နှင်းရီနဲ့အတူပါလာတဲ့ သရဲက ပယောဂဆရာထက် ဝါရင့်နေတော့ ပယောဂဆရာကို လုံးဝမကြောက်ဘူး။ ထော်လော်ကန့်လန့်တွေ ပြန်ပြောတယ်။
ဒီတော့ ပယောဂဆရာက နောက်ဆုံး ဆေးကြိမ်လုံးနဲ့ ရိုက်မယ်ခြိမ်းခြောက်ရော။ သရဲက မကြောက်ရေးချ မကြောက်ပဲ။

ဆိုပါတော့ ပယောဂဆရာက ရိုက်ရော။
လေးငါးချက်လောက် ရိုက်ပြီးတော့ နှင်းရီက မျက်ရည်တွေနဲ့ တောင်းပန်ရှာတယ်။
"တော်ကြပါတော့၊ အရိုက်ခံနေရတာက နှင်းရီပါ။ ကြိမ်ရွယ်လိုက်တာနဲ့ သရဲက အပြင်ရောက်သွားပြီ။ ကျမ ကြားဖူးတာက သရဲပူးလို့ရိုက်ရင် လူမှာ ဒဏ်ရာမကျန်ဘူး၊ သရဲပဲ ဒဏ်ရာရတယ်တဲ့။ ကျမ ကြောနဲ့တင်ပါးပေါ်က ဒဏ်ရာတွေ ကြည့်ကြပါဦး" ဆိုပြီး ပြလို့ ဘေးကလူတွေမှာ ရယ်ရမလို ငိုရမလိုပဲ။
ဆရာက မနိုင်တဲ့အခါ သရဲကိုရိုက်ပေမဲ့ ကိုယ့်ရွာသူပဲ ထိနေတတ်တယ်ဆိုတဲ့ သင်္ခန်းစာလေး ရလိုက်တယ်။

မှတ်ချက်။ လောလောဆယ် အတည်ပြုတဲ့ဥပဒေနဲ့ မဆိုင်ပါ။ ခ်ခ်။

Post a Comment