ရွှေကူမေနှင်းထံသို.အိတ်ဖွင့်ပေးစာ (အလင်းရောင် ဆိုသူရဲ့ တုန့်ပြန်ချက်)


ရှယ်မရလို့ ကော်ပီ၊ ပေ့စ်လိုက်ရကြောင်း။ ဦးတင်မောင်ဝင်းဝေါပေါ်က အလင်းရောင် ဆိုသူရဲ့ တုန့်ပြန်ချက်။

ရွှေကူမေနှင်းထံသို.အိတ်ဖွင့်ပေးစာ

၁၉၉၀ တုန်းက NLD ကနေ ရွေးကောက်ပွဲဝင်သေးတယ်ဆို ၊ နောက်မှ ပါတီ က ထွက်သွားပြီး ဒီလိုတွေဖြစ်တယ်ပြောတာပဲ ။ ဆရာမကိုပြောပြချင်တာက အီစွတ်ပုံပြင်လေးပါ ၊ အပင်မြင့်ပေါ်က မှည်.၀င်းနေတဲ့စပျစ်သီးတွေ က ချဉ်များနေသလား ဆရာမရယ် ၊ ဆရာမရယ်နော် ။ ဒါလေးပါပဲနော် ..
---------------------------------------------------------------------
(၁)

ဖွတ်ကလိတွေအကြောင်းနည်းနည်းပြောဦးမယ် ။ ဖွတ်ကလိတွေက တကယ်တော့ သနားစရာဗျ သူတို.မှာကိုယ်ပိုင်ဥာဏ် ကိုယ်ပိုင်ဟန် ကိုယ်ပိုင် အတွေးအခေါ်ဘာမှမရှိဘူး ။

(၂)လူမကြည်.ဘဲပါတီကိုမဲပေးပါပြောတော့ ဆရာမကပြောတယ် " ဒီ သဘော တရား၊ဒီခံယူချက်က နှစ်ပေါင်းခုနစ်ဆယ်လောက်နောက်ကျသွားပါပြီ "။ တကယ်တော့ သဘောတရားကနောက်ကျတာမဟုတ်ပါဘူး ဆရာမရယ် ဆရာမက နှစ်ပေါင်းခုနစ်ဆယ်လောက်ကျန်နေခဲ့တာပါ ။ နှစ်ပေါင်း ခုနစ်ဆယ် မကျန်ခဲ့ရင်တောင် န၀တ နအဖ လက်ထက်ကနေ ဆရာမဦးနှောက်တွေရှေ. ဆက်တက်မလာတာပဲဖြစ်ပါလိမ့်မယ်ခဗျာ။ ဒါမှမဟုတ်လည်း အခုထိ နိုင် ငံရေးအမြင်မှန်အောင်မကြည်.တတ်သေးတာပါ။ ဆရာမပြောတယ် နယ်ချဲ. လက်အောက်ကနေ လွတ်ရမှာမို. ဗိုလ်ချုပ်ကပြောခဲ့တယ်၊ အခုရော ဘာထူးလဲ ဆရာမ စစ်အာဏာရှင်လက်အောက်ကနေ လွတ်မြောက်အောင် လုပ်နေရ တာပါ။ ဘယ်မှာလဲစစ်အာဏာရှင်လို.ဆရာမ ငြင်းချင်သေး လား၊ အမှန်တရား ဆိုတာ ပန်ကန်ပြားနဲ.ဖုံးသလိုဖုံးလို.မရပါဘူး၊ လွှတ်တော်ထဲ ပြည်သူ.ဆန္ဒ မပါဘဲ ၀င်နေတဲ့ အစိတ်သား၊ သူတို.ထိန်းချုပ်ထားတဲ့ ဖွဲ.စည်းပုံပုဒ်မတွေဟာ
လယ်ပြင်မှာဆင်သွားသလို. စစ်အာဏာရှင်ဆိုတာမီးမောင်းထိုးပြနေပါတယ်။ မိုးကြိုးပစ်တာကို ထန်းလက်နဲ.ကာဖို.မကြိုးစားပါနဲ.၊ ဆင်သေကို ဆိတ်သားရေ နဲ ဖုံးဖို.မကြိုးစားပါနဲ.။ အဲဒါတွေကိုဖယ်ရှားပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ်လုပ်ဖို. လူမကြည်.ဘဲပါတီကြည်.မဲပေးပါပြောတာဟာ အင်္ဂလိပ်လက်အောက်ကနေ လွတ်အောင်လွတ်တဲ့ ဖဆပလ နဲ. အခု စစ်ကျွန်အောက်ကနေ လွတ်အောင လုပ်နေတဲ့ NLD ဘယ်နေရာများ ပုံစံမတူဖြစ်နေရတာလဲ ။

NLD ကို ပါတီကိုကြည်.မဲမပေးဘဲ ၊ လူတွေကြည်.မဲပေးပါလို. မဲတွေကွဲပြီး ကြံ.ဖွတ်က အစိုးရလုပ်အုပ်ချုပ်ပြီး စစ်အစိုးရလက်အောက်က မလွတ်ခဲ့ ဘဲ နိုင်ငံပျက်ခဲ့ရင် ပြည်သူတွေ ပြီးခဲ့တဲ့ ၅ နှစ်တာလို. ဒုက္ခဖြစ်ခဲ့ရင် ဆရာမ ဘာတာဝန်ယူမှာပါလဲ ၊ ဆရာမ အဲဒီစစ်အစိုးရကိုဖယ်ရှားဖို. ဘယ်လိုတွေများ လုပ်ဆောင်မယ်ဆိုတာ သိချင်စမ်းပါဘိဗျာ။

အင်္ဂလိပ်နဲ. အခုလက်ရှိ စစ်အာဏာရှင်ဘယ်သူဆိုးတယ်ယှဉ်ဦးမလား။ ပညာ တတ်ပြီးလူစိတ်နည်းနည်းရှိတဲ့ အင်္ဂလိပ်နဲ. ကိုယ်ကျိုးတခုတည်းကြည်.ပြီး ပညာမဲ့တဲ့ စစ်အစိုးရ ဘယ်သူက ပိုဆိုးလဲဆိုတာ ဆရာမလည်းစာဖတ်သူမို. ကျွန်တော်ရှင်းပြစရာလိုမယ်မထင်ပါဘူး အင်္ဂလိပ် နှစ်ပေါင်း ၁၀၀ ကျော် အုပ်ချုပ်ပြီးဖြစ်ခဲ့တဲ့ နိုင်ငံအခြေအနေနဲ. စစ်အစိုးရ နှစ်၅၀ အုပ်ချုပ်ပြီးဖြစ် ခဲ့ တဲ့နိုင်ငံအခြေအနေ သဘာဝသယံဇာတ ၊ အင်္ဂလိပ်ခေတ်ဂျပန်ခေတ် သတင်းလွတ်လပ်ခွင့်အခြေအနေအကျဉ်းသားတွေကို ထားတဲ့ အခြေအနေ၊ သယံဇာတကို ယူတာခြင်းတူတူ နောက်လူတွက်ကြည်.တဲ့အင်္ဂလိပ်နဲ. ဘယ်သူအတွက်မှမကြည်.တဲ့ အစိုးရ ယှဉ်ပြောနေဖို.လိုမယ်တောင် မထင်။
နောက်အင်္ဂလိပ်က အခုအစိုးရထက်လူကြီးလူကောင်းပိုပီသတယ် ဖာမကျဘူး ဆိုတာသမိုင်းတွေဖတ်ဖူးတယ်ဆိုရင် ဆရာမသိမှာပါ။ အင်္ဂလိပ် ကိုမြှောက်ေ နတာ မဟုတ်ဘူးနော်၊ မကောင်းတာခြင်းတူတောင် ဘယ်သူပိုဆိုးနေတယ်ဆိုတာပြောပြနေတာ ၊မုဒိန်းကျင့်ပြီးမှ ကိုယ်ဝန်ရမှာစိုးလို. သန္ဓေတားဆေးတိုက်တာဟာ ကျေးဇူးတင်စရာလို.
ကျွန်တော်တော့မမြင်ပါဘူး ။ ဒီလိုဒီခေတ် ဒီစနစ်ကိုမှ မမြင်ဘဲ ပြည်ထောင်စုတွေဘာတွေလျောက်ပြောနေတာ
သူများနှစ်ခုနစ်ဆယ်ကျန်တယ်ပြောရင်ဆရာမက သီပေါမင်းခေတ်က နိုင်ငံရေးသုံးသပ်ချက်အမြင်တွေဖြစ်နေတယ်လို. အားနာနာနဲ.ပြောရမှာပဲဆရာမရယ် ။

နောက်ထပ်ပြောဦးမယ် ၊" လူကိုမကြည်.နဲဆိုတာ လူထုကိုစော်ကားတာ " ။ ဟေ ဒါပြောတာကို လူထုကိုစော်ကားတာလို. ဆရာမစွတ်ဆွဲတယ်ဆို ၊ ပြည်သူကိုပါးရိုက်မယ် ထမင်းတနပ်ပဲစား ၊ မီးမလာရင် ဖယောင်းတိုင်ထွန်း
ပြောတုန်းက ၊ ရေဘေးဒုက္ခသည်တွေကို ဒါမျိုးအလကားစားရလို. ဖြစ်ပါစေဆုတောင်းမနေနဲ.တို.ပြောတုန်းက ဆရာမ ဘယ်နားများသွားအိပ်ပျော်နေတုန်းဗျာ ။ ဆရာမ အသံထွက်တာ ကျွန်တော်မတွေ.ခဲ့ရပါလား ။
လူထုကို ဒေါ်စုက အမိန်.ပေးတယ်ဘာညာဆိုပြီး ဆရာမ စည်းလွတ်ဝါးလွတ်တွေပြောတာ ရှက်ဖို.ကောင်းပါတယ် ၊ ဘယ်သူတွေက ပြည်သူတွေအပေါ် အမိန်တွေအာဏာတွေနဲ.အုပ်ချုပ်နေတယ် ဆိုတာ ပြည်သူလူထုက ဟောဒီ
ရင်ဘတ်ကြီးနဲ.အပြည်.သိနေတာပါဗျာ ။

နောက်တခု ရှစ်ပူးတွေနဲ. ဆရာမ လှည်.တိုက်ပြန်တယ်နော် ၊ တကယ်တိုင်းပြည်အတွက်အနစ်နာခံနေတဲ့သူတွေဆီက ဘာသံမှမကြားရပါလား သူတို.အားလုံးရင်ထဲရှိနေတာ နေရာမဟုတ်ဘူးဆရာမ ၊ စစ်အစိုးရ
ပြုတ်ကျရေးပဲ ၊ ဒီတော့ ဘယ်သူပါပါမပါပါ ဘယ်အရာဟာအရေးကြီးဆုံးဆိုတာမြင်တယ်ဆရာမ ၊ ဓမ္မပဒထဲက ခြင်္သေ့နဲ.ခွေးလို.ပေါ့ခင်ဗျာ ။ ခွေးဆိုတာ ဂဲလာရင်လမ်းကြောင်းမမြင်ဂဲကိုသာကိုက်တတ်၏ ၊ ခြင်္သေ့သည်ကား
ဂဲမြှားလာရာ လမ်းကြောင်းကို လိုက်ပြီး ပစ်သူကိုနှိမ်နင်းတတ်၏တဲ့ ။ သူတို.အားလုံးက အရင်းအမြစ်ကိုမြင်တဲ့သူတွေကြီးပါပဲဆရာမရယ် ။ ဒါကြောင့်ရန်မဖြစ်ကျတာပေါ့ဆရာမရယ် ။ အရင်းအမြစ်ကိုမြင်ဖို. သိပ်အရေးကြီးတယ်ဆရာမရေ။

(၃)

နောက်တခု ဆရာမကပြောပြန်တယ် လူကောင်းလူဆိုး ၊ ကျွန်တော်ကတော့ ဗြောင်ပြောမယ်နော် စိတ်မဆိုးကြေး ။ NLD က လွှတ်တော်အမတ်တွေက ဘာမှအသုံးမကျရင်တောင် ကြံ.ဖွတ်ထက်တော့ သာမှာကြီးပဲ ၊
ဘာဖြစ်လို.လဲ သူခိုးမပါလို.ဘဲ ၊ ကိုယ်ကျိုးစီးပွားလုပ်မယ့်သူမပါလို.ဘဲ ၊ အဲဒါတချက်တည်းနဲ.တင်မဲပေးပျော်နေပါပြီဆရာမရယ် ၊ ကြံ.ဖွတ်အမတ်တွေနဲ.အခြားဘာပါတီညာပါတီအမတ်တွေ NLD လို ပိုင်ဆိုင်မှုကြော်ငြာဖို.ဆရာမ
အာမခံရဲလား ၊ သတ္တိရှိတယ် လူဆိုးလူကောင်းကွဲချင်တယ်ဆို ဆရာမ အဲဒါလေးဖြစ်ဖို.ကြိုးစားကြည်.လိုက်စမ်းပါခင်ဗျာ ။ ပြည်သူတွေလူကိုရွေးပြီး မဲပေးလို.ရတာပေါ့ဗျာ ။ စိန်သလားဟေ့ မောင်တို.ရေပေါ့ဗျာ ။

နောက်လွှတ်တော်အမတ်ဆယ်သိန်းလာပြောနေသေးလို.ထပ်ပြောပေးလိုက်ပါဦးမယ်ဆရာမရယ် ၊ ဆယ်သိန်းအလကားလာယူပြီးအိပ်ငိုက်နေတဲ့သူတွေကို အရင်ပြောပါဆရာမရယ် ၊ ဘယ်သူတွေ ဘာတွေမှန်းမသိတဲ့ ၊ ဘာတွေလုပ်မယ်
မှန်းမသိသေးတဲ့သူတွေကို ဆရာမက ဆယ်သိန်းညာယူမယ်လို.ပြောနေတာဟာ သဘာဝမကျပါဘူးဗျာ ။ ဆရာမ အခုမှ ဆယ်သိန်းကိစ္စလာပြောနေတယ် ပြည်သူအကျိုးမပြုတဲ့ အလုပ်တွေလုပ်နေပြီး လွှတ်တော်ထဲဝင်ပေါက်ပန်းဆေးပြော
နေတဲ့ လွှတ်တော်အမတ်တွေကို ဆရာမ ထောက်ပြတာ တခါမှမတွေ.ဖူးသေးဘူး ။ ဘက်မျှချင်ရင် ရိုးသားမှုဆိုတာ အခြေခံရပါတယ်ဆရာမ ။ဆရာမ ပြည်သူအတွက်ဆိုရင် ပြည်သူဆန္ဒမပါဘဲ ၀င်နေတဲ့အစိတ်သားကို ဖယ်ရှားဖို.ကြိုးစားပေးရပါမယ်ဆရာမ ။ ပြီးတော့
စာရေးစားတယ်ဆိုတာ ပြည်သူကျွေးတဲ့ထမင်းစားတာပါပဲ ၊ ပြည်သူ.ထမင်းစားပြီး ပြည်သူလုထုကို ဖိနှိပ်နေတဲ့ စစ်အစိုးရကို ဖယ်ရှာပေးဖို.မကြိုးစားဘဲ ဖယ်ရှားဖို.ကြိုးစားပေးနေသူကို ပြောနေတယ်ဆိုတာ ဘယ်လိုစေတနာမျိုးလဲလို.
သံသယဖြစ်စရာကြီးဆရာမရယ် ။ ဆရာမအခုလုပ်နေတဲ့ပုံစံကို ဥပမာပေးလိုက်ပါဦးမယ် ။ ဥပမာက နည်းနည်းရိုင်းပြီးထင်ရှားလေတော့ နားနဲ.မနာဖ၀ါးနဲ.နာပါဆရာမ

ဆရာမလုပ်နေပုံက ကိုယ့်နှမသားချင်းကို လူတယောက်က အတင်းခွပြီး ဗလက္ကာရလုပ်ဖို.ကြိုးစားနေတာကို မဖယ်ရှားဘဲ ဘေးကနေကြည်.နေပြီး ၊ " နောက်လူတက်လာရင်ရော ဘယ်လိုခွမှာလည်း ၊ ညာလိုခွမှာလည်း ၊ နောက်တက်မှာက
လူကောင်းလား ၊ လူဆိုးလား ၊ လူဖြူလား လူမဲလား လုပ်နေသလိုပါပဲ " ဆရာမ လက်ပေါ်ပဲ နဖူးတင်တင် ၊ နဖူးပေါ်ပဲလက်တင်တင် စဉ်းစားပါ ၊ အပေါ်ခွနေတဲ့ သူကို အရင်ဖယ်ထုတ်မလား နောက်လူကိုတွေးအပြစ်တင်မလား ။
လူဖြူမို. မကြိုက် လူမဲမို.မကြိုက် ၊ မူမကောင်းလို.မကြိုက်လုပ်နေမလား ဆိုတာလေးပါ ။ အရေးကြီးတာနဲ. အရေးပါတာကို ခွဲခြားသိပါလေဆရာမရယ် ၊ နွားရှေ.ထွန်ကျူးသလိုဖြစ်ရင် မလိမ်မာ အခါခါမိုက်ကျွန်တော့်ကိုတော့ နားလည်ပေးပါ ။

(၄) ဆရာမ တကယ်ပြည်သူအပေါ်စေတနာရှိတယ် ဆိုရင် မျှမျှတတဖြစ်အောင် လွှတ်တော်ထဲက အစိတ်သားထွက်သွားဖို.တွန်းအားပေးပါ ။ အဲဒါထွက်သွားပြီး စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ခဲ့တဲ့အချိန်မှာ ဒေါ်စုက ပါတီကိုပဲကြည်.မဲ့ပေးပါ
လူမကြည်.ပါနဲ.ဆို ဆရာမကြိုက်တဲ့အပြစ်တင်လိုက်စမ်းပါဗျာ ။ ကဲ့ရဲ.လိုက်စမ်းပါ ၊ရှံ.ချလိုက်စမ်းပါဗျာ ။ အခုက ဖဲဒိုင်ကလည်းသူတို. ဖဲချိုးတော့လည်း သူတို. ၊ ဖဲဝေတော့လည်းသူတို. ဖဲသမားတွေကလည်း ဒီလူတွေပဲဖြစ်နေတဲ့
အခြေအနေကနေ ပြည်သူက စစ်စစ်မှန်မှန်ရွေးချယ်နိုင်မယ့် အခြေအနေတရပ်ကိုရောက်အောင်ဆရာမ စာတွေရေးလိုက်စမ်းပါဗျာ ၊ ကိုယ့်ကလောင်ကနေ ဖွတ်ရောင်မင်တွေမထွက်ပါနဲ.ဆရာမရယ် ။

၁၉၉၀ တုန်းက NLD ကနေ ရွေးကောက်ပွဲဝင်သေးတယ်ဆို ၊ နောက်မှ ပါတီကထွက်သွားပြီး ဒီလိုတွေဖြစ်တယ်ပြောတာပဲ ။ ဆရာမကိုပြောပြချင်တာက အီစွတ်ပုံပြင်လေးပါ ၊ အပင်မြင့်ပေါ်က မှည်.၀င်းနေတဲ့စပျစ်သီးတွေ က ချဉ်များနေသလား ဆရာမရယ် ၊ ဆရာမရယ်နော် ။ ဒါလေးပါပဲနော် ...........

လွန်တာရှိဝန္ဒာမိပါဆရာမခင်ဗျား ။

အလင်းရောင်

ဆရာမပုံကိုတော့ ခွင့်မတောင်းဘဲ ယူသုံးလိုက်ပါသည် ။ မူပိုင်ခွင့်အတွက် ဇူကာဘတ်ထံတင်ပြလိုက်ပါမည်။

Post a Comment