ငှက်မှာ အတောင် ဆင်မှာ အရောင်


စကားပုံ အသစ်ပဲ ပြောင်းရမလို။ "ငှက်မှာ အတောင် ဆင်မှာ အရောင်" လို့။
မွဲခြောက်ခြောက် ဆင်တစ်ကောင် ဝင်လာရင် ဘုန်းတော်ကြောင့်ဆိုပြီး အစိုးရဖက်သားတွေက ရေးကြပြောကြပေါ့။

အခု ဆင်မည်းခြောက်ကောင် (တစ်ကောင်ထဲတောင် မဟုတ်ဘူး) ဝင်လာတော့ ဘုန်းကံကြောင့် ဘာကြောင့် ညာကြောင့် အသံမကြားရဘူး။ အစိုးရက ဘာမှမပြောတော့ လူထုက ပြောကြတယ်။
မောင်ခင်ညွန့်လက်ထက်ကလည်း ဒီအတိုင်းပဲ၊ ထိုင်းက လွတ်လာတဲ့ သစ်ဆွဲဆင်ကို ဆင်ဖြူတော်ဆက်သခြင်းပဲ ခံရသလိုလိုနဲ့ ကောက်ဖမ်းထား လို့ ထိုင်းက တရားပဲ စွဲတော့မယ့်အထိ။ (သစ်ဆွဲသမားက သူ့ဆင်ကို ဘာလို့ ဆက်သနေမလဲ၊ ဆင်မရှိရင် သူ ထမင်းငတ်သွားမှာပေါ့)

ဘီဘီစီနဲ့တွေ့မှ အဲဒီကိစ္စက နားအေးသွားတာ။ ဆင်ဖြူတော် မဟုတ်ပါဘူး၊ ရောဂါကြောင့် ခရုသင်းစွဲနေတဲ့ဆင်ပါတဲ့။

Post a Comment