မဘသနဲ့ ဆရာတော် ဦးတိလောကာဘိဝံသ အကြောင်း


အလွန်ရှည်လျားလှတဲ့ မဘသနဲ့ ဆရာတော် ဦးတိလောကာဘိဝံသ အကြောင်း သတင်းဆောင်းပါးကြီး ပါလာပါတယ်။

*မဘသဟာ အခုအခါ နိုင်ငံရေးထဲကို ပေါ်ပေါ်ထင်ထင် ဝင်လာတဲ့ ဘာသာရေးအဖွဲ့အစည်း ဖြစ်လာကြောင်း

*အစမှာ ပညာရှင်များ မပါဝင်ခဲ့ပေမဲ့ အခု ဥပဒေပညာရှင်တွေက ကူညီပံ့ပိုးလာနေကြောင်း

*ဆရာတော် ဦးတိလောကာဘိဝံသ သီတင်းသုံးရာကျောင်းကို နိုင်ငံခြား သံအရာရှိတွေ လာရောက်တတ်ကြောင်း

*အမေရိကန် သံအမတ်ကိုယ်တိုင် ဘာသာပေါင်းစုံ ညီညွတ်ရေးနဲ့ ဘာသာရေးဟာ နိုင်ငံရေးထဲ ဝင်မပါသင့်ကြောင်း ကိစ္စတွေနဲ့ပတ်သက်လို့ သွားရောက် ညှိနှိုင်းခဲ့ကြောင်း

*တစ်နိုင်ငံလုံးမှာ မဘသ ရုံးခွဲပေါင်း ၂၅၀ ရှိကြောင်း

* အဖွဲ့ချုပ်အနေနဲ့ မဘသကိုရော စစ်အာဏာရှင်အုပ်စုကိုပါ သူတင်ကိုယ်တင် ယှဉ်ပြိုင်ရဖွယ် ရှိနေကြောင်း ..........။



တောမီးလောင် တောကြောင်လက်ခမောင်း ခတ်


၁၉၅၇ ခု၊ မော်စကိုမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ ကွန်မြူနစ် ပါတီခေါင်းဆောင်များ အစည်းအဝေးမှာ အနုမြူစစ်ပွဲဖြစ်ခဲ့ရင်တောင် များပြားတဲ့ လူဦးရေ၊ ခိုင်မာတဲ့ ယဉ်ကျေးမှုကြောင့် တရုတ်က သေချာပေါက် အောင်နိုင်သူ ဖြစ်နေမယ်၊ ဒီစစ်ပွဲကြောင့် လူပေါင်း သန်းရာချီပြီး သေဆုံးမယ်ဆိုရင်တောင် တရုတ်ပြည်ဟာ သူ့ရဲ့ တော်လှန်ရေးလမ်းစဉ်ကနေ သွေဖီသွားမှာ မဟုတ်ဘူး ပြောခဲ့လို့ အားလုံး အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။.........
၁၉၇၁ ခုမှာ လျှို့ဝှက်ခရီးစဉ် အဖြစ် ဘေဂျင်းမြို့ကို ကျွန်တော် သွားတော့ ကျောက်အိန်လိုင်က သူ့ ခေါင်းဆောင်ရဲ့ သဘောထားကို “တောမီးလောင် တောကြောင်လက်ခမောင်း ခတ်” လို့ ဟာသသံစွက်ပြီး ပြောပြခဲ့ပါသေးတယ်။......
“ရှေ့သို့” ဆိုတဲ့ ကြွေးကြော်သံနဲ့ ၁၉၅၈ ခုမှာ အန္တရာယ်ကြီးလှတဲ့ စက်မှုတော်လှန်ရေးကြီး ပြုလုပ်ခဲ့ပြီး ၁၉၆၆ ခုမှာ ယဉ်ကျေးမှု တော်လှန်ရေးကြီး ဆက်လက်ဆင်နွှဲခဲ့ပါတယ်။ ဒီစီမံကိန်းကြောင့် ပညာတတ် လူငယ်မျိုးဆက် တစ်ဆက်လုံး နယ်စပ် ကို ရောက်သွားကြရပြီး မော်ရဲ့ ပန်းတိုင် အတွက် လူသန်းပေါင်းများစွာ လည်း အသက်တွေ စတွေးခဲ့ကြရပါတယ်။
တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်း မုန်းခြင်းအလျဉ်းမရှိဘဲ သတ်ဖြတ် လိုက် ရတာတွေကို မလွှဲသာမရှောင်သာတဲ့ သမိုင်း အလှည့်အပြောင်း တစ်ခုလို့ တရုတ် ခေါင်းဆောင်တွေက ယူဆခဲ့ကြပါ တယ်။

ကစ်ဆင်းဂျား၊ World Order

ကျန်တဲ့ ဘုန်းကြီးတွေလည်း အမျိုးချစ်ပါတယ်


ရပ်သီချင်းတွေနဲ့ အမျိုးချစ်ပြနေတဲ့ ဘုန်းကြီးကိုမြင်ရတော့ ရွာက ဒေါ်စိန့်ပြော တာကို သတိရမိတယ်။
ပွဲဈေးတန်းမှာ မုန့်ဆိုင်တွေ သူ့ဆိုင်ကိုယ့်ဆိုင် ပြိုင်ရောင်းနေကြတော့ တစ်ဖက်ဆိုင်က...
"လာကြနော်၊ ဒီဆိုင်က မုန့်တွေကမှ ကောက်ညှင်းအစစ်တွေနဲ့ လုပ်ထားတာ" လို့ အော်ရောင်းသတဲ့။
ဒီတော့ ဒေါ်စိန့်က...
"နင့်နယ်ဟယ်၊ မုန့်ကို ကောက်ညှင်းနဲ့လုပ်တာများ အထူးအဆန်းလုပ်ပြီး အသံနာအောင် အော်နေရသေးတယ်။ မုန့်ကို ဘယ်သူက ချောင်းထဲက သလဲနဲ့ လုပ်လို့ရမှာတုန်းဟဲ့" တဲ့။

ခုလည်း အဲသလိုပဲ။ ဒီဘုန်းကြီးနှယ် ရုပ်ပျက်၊ လက်ဖဝါးနာအောင် ရပ်သီချင်းတွေနဲ့ လက်ခုပ်တီးပြီး အမျိုးချစ်ပြနေရသေးတယ်၊ ကျန်တဲ့ ဘုန်းကြီးတွေလည်း အမျိုးချစ်ပါတယ်။

ဒီထက် နယ်ပယ် ကျယ်ကျယ် ဆုံးဖြတ်ချက်တွေနဲ့ မဲချူလို့ မရနိုင်တော့ဘူးလားလို့ပဲ


၁။ ထိုင်းဗုံးကိစ္စက ဘာသာရေးနဲ့ မဆိုင်သလို၊ နိုင်ငံရေးလိုလိုနဲ့ အခုတော့ ခေါင်းမြီးခြုံတွေပါလာပြီ။ ငှားရမ်းထားတဲ့ သူမအိမ်မှာ ဗုံးနဲ့ဆိုင်တဲ့ ပစ္စည်းတွေ တွေ့လို့ သူမနဲ့အတူ နောက်လေးယောက်ကို ထပ်ပြီး ဝရမ်း ထုတ် ထားရပါသတဲ့။

၂။ ကတော့ ဦးသိန်းစိန် လက်မှတ်ထိုးခဲ့တဲ့ တစ်လင်တစ်မယားနဲ့ လစ်ဗင်း တူဂဲသားကိစ္စပါ။ တစ်လင်တစ်မယားဥပဒေ တည်သွားရင် အဓိက ထွက်ေ ပါက်က လစ်ဗင်း တူဂဲသားဖြစ်လိမ့်မယ်ဆိုတဲ့ ခပ်လွယ်လွယ်ကောက်ချက်နဲ့ လစ်ဗင်း တူဂဲသားကို ခပ်နာနာ ဖိလိုက်ဟန် တူပါရဲ့။ အမျိုးသားရေးဝါဒီတွေရဲ့ မဲကို လှမ်းချူယူလိုက်တဲ့ ရွေးကောက်ပွဲဝင် ဆုံးဖြတ် ချက် ဖြစ်ဟန်လည်း တူတယ်။ ဒီထက် ပညာပါပြီး ဒီထက် နယ်ပယ် ကျယ်ကျယ် ဆုံးဖြတ်ချက်တွေနဲ့ မဲချူလို့ မရနိုင်တော့ဘူးလားလို့ပဲ တွေးမိပါတယ်။


တစ္ဆေဆိုတာ


စိုက်ခင်းတွေ ပိုးကျလို့ဆေးဖြန်းရင် ပိုးတွေက ဆေးမဖြန်းတဲ့ အခင်းဘက် ရွှေ့ပြေးကြတယ်။ တစ္ဆေသရဲတွေကရော အဲလိုလားမသိဘူး။ မနေ့ညက ၁၁ နာရီထိုးကာနီးမှ ဖုန်းဆက်လာတယ်၊ ခရစ်ယန်ဘာသာဝင်တွေ နေတဲ့အခန်းတွေက သူတို့ဘာသာရေးနဲ့အညီ ရွတ်ဖတ်ဆုတောင်းပြီး ဗုဒ္ဓဘာသာတွေနေတဲ့ဖက်က ဘာမှမလုပ်ရသေးတော့ အကောင်ဘလောင်တွေက မြန်မာ၊ ဗုဒ္ဓဘာသာတွေဖက်မှာ လာပြီး သောင်းကြမ်းနေလို့ တဲ့။ ၁၁ ထိုးခါနီးမို့ မသွားနိုင်တော့ တစ္ဆေဆိုတာ သူတို့ခြောက်လို့ မကြောက်ရင် စိတ်ညစ်ပြီး ပြန်သွားတာ၊ ကြောက်မနေနဲ့ လို့ပဲ အဖြေပေးလိုက်ရတယ်။ တကယ်လည်း တစ္ဆေက အဲသလိုပါပဲ။ သူတို့လည်း မကြောက်တဲ့လူဆို စိတ်ကုန်သွားတာ။