"ပြောတာက ဘာမှမဖြစ်ဘူး၊ ငါ့ကိုလိမ်ပြောရင် မုသာဝါဒ နော်၊ ငရဲကြီးမှာ" လို့ ရုပ်တည်ကြီးနဲ့ဖိန့်လိုက်တော့ တိုးတိုးလေး "W.P" တဲ့။ မြန်မာတွေ အများစုကလည်း ဘုန်းကြီးကဖိန့်လိုက်ရင် ပါသွားတတ်တယ်။ တချို့က အဖိန့်ကောင်းလှတယ်။
Home » All posts
ရဟန်းက တစ်ပမ်းသာ
in
ပြုံးစိစိ,
သီဟနာဒ,
ကျောင်းတွင်းမှတ်စု
- on 9/12/2015
- No comments
"ပြောတာက ဘာမှမဖြစ်ဘူး၊ ငါ့ကိုလိမ်ပြောရင် မုသာဝါဒ နော်၊ ငရဲကြီးမှာ" လို့ ရုပ်တည်ကြီးနဲ့ဖိန့်လိုက်တော့ တိုးတိုးလေး "W.P" တဲ့။ မြန်မာတွေ အများစုကလည်း ဘုန်းကြီးကဖိန့်လိုက်ရင် ပါသွားတတ်တယ်။ တချို့က အဖိန့်ကောင်းလှတယ်။
*၉၂ ပါတီ စာရင်းပေးပေမဲ့ USDP ပါတီနဲ့ NLD ကသာ တစ်နိုင်ငံလုံး ခြုံငုံမိ
in
Politics,
ဇင်ဝေသော်,
မောနင်း ပို့စ်
- on 9/12/2015
- No comments
USDP ပါတီက changing လို့ပြောချိန့်  NLD က real change လို့ ပြော။
*NLD က ကွန်စတီကျူးရှင်း ပြင်ဆင်နိုင်ဖို့အထိ ပါလီမန်ထဲမှာ လွှတ်တော် အမတ်နေရာ ရရှိဖို့ ကြိုးစား။
*ယခု ရွေးကောက်ပွဲအပြီး ငြိမ်းချမ်းစွာ အာဏာအလွှဲအပြောင်းဖြစ်စေဖို့ စစ်တပ်ခေါင်းဆောင်များနဲ့ နိုင်ငံရေးခေါင်းဆောင်များအပေါ် မူတည်။
*ရိုဟိန်ဂျာပြသနာက ရှိနေဆဲ။
*နိုင်ငံခြားရင်းနှံမြှုတ်နှံလိုသူတွေက လက်ရှိရင်းနှီးနေတဲ့ ဦးသိန်းစိန် ဒုတိယသက်တန်းအဖြစ် ဆက်လက်တည်ရှိနေမှာကိုပဲ လိုလားလောက်ဟု ခန့်မှန်းကြ။
ဟဲဟဲ ဒါလောက်ဆို ရပြီ
in
ဇင်ဝေသော်,
နိုင်ငံရေး ဂျုတ်
- on 9/11/2015
- No comments
ပြည်သူလူထုအကျိုးအတွက် အခုလို အလုပ်လုပ်နေခြင်းပါ၊ ယုံကြည်ရင် ကျနော့်ကို မဲပေးပါ။ နောင်တ မရစေရပါ။
ဇင်ဝေသော်
အာစီယံတိုင်းဒေသကြီး
စင်္ကာပူမဲဆန္ဒနယ်မြေ လွှတ်တော်အမတ်လောင်း ကိုယ်စားလှယ်။
ဟဲဟဲ ဒါလောက်ဆို ရပြီ။
"ဒါက ကွန်ဖီဒင်ရှယ်၊ သူများကို မပြောရဘူး" တဲ့
in
သီဟနာဒ,
ကျောင်းတွင်းမှတ်စု
- on 9/11/2015
- No comments
"ဒါက ကွန်ဖီဒင်ရှယ်၊ သူများကို မပြောရဘူး" တဲ့။ တကယ်လည်း မပြောကြဘူး၊ ရီနေကြတယ်။
"ဟင် တို့များ မဲလည်း မပေးရဘဲနဲ့ ဖေ့စ်ဘုတ်ပေါ်ကနေတောင် ပြောချ လိုက်သေးတယ်" လို့ စဉ်းစားရင်း ပြုံးမိသေး။ မတတ်နိုင်ဘူး၊ ဒီနေ့ ပို့စ်များသွားပြီ။
နည်းနည်းလေးတော့ လွဲနေတယ် ဦးဌေးဦး
in
ဇင်ဝေသော်,
လူကြီးမင်းများသို့
- on 9/11/2015
- No comments
ပို့စ်အဟောင်းပါဗျာ၊ ကြာပါပြီ။ အခုမှ ပြန်ပြီး ဖတ်နေ၊ ရှယ်နေကြလို့ ပြန်တင်ပေး
လိုက်တာပါ။
******************************************************************
၁။ လူကြီးမင်းစကားအရ"ဒီမိုကရေစီဆိုရင် နှစ်ဦးနှစ်ဖက် သဘောကျလို့ ရောင်း တာဝယ်တာကို ဝင်တားပိုင်ခွင့်မရှိဘူးနော်" တဲ့။
၂။ ဒီမိုကရေစီနဲ့ ကက်ပီတယ်လစ်ဇင်ကို တူသလိုလို မလုပ်ပါနဲ့ ဦးဌေးဦး။
၃။ အစိုးရရဲ့ ဝေဝါးဝါးပေါ်လစီကို လူထုက သဘောမတူခွင့် ရှိပါတယ်။
"ဒီမိုကရေစီဆိုရင် နှစ်ဦးနှစ်ဖက် သဘောကျလို့ ရောင်းတာဝယ်တာကို ဝင်တား ပိုင်ခွင့်မရှိဘူးနော်" ဒီမိုကရေစီဆိုတိုင်း နိုင်ငံခြားသားစိတ်ကြိုက်ဝယ်ယူလို့ မရပါဘူး။ ဝယ်လို့ "ရ မရ" က အိုပင်းမားကက်နဲ့ပဲဆိုင်ပြီး ဒီမိုကရေစီနဲ့ လုံးဝမဆိုင်ပါဘူး ဦးဌေးဦး။ အိုပင်းဆိုတဲ့အောက်မှာတောင် ဘယ်လောက် အိုပင်းသလဲဆိုတာတွေ အများကြီး ကျန်နေပါသေးတယ်။ ထားပါတော့။
ဒီနေ့ ကမ္ဘာ့ နိုင်ငံရေးနဲ့စီးပွားရေးသမားတွေက ဒီမိုကရေစီနဲ့ ကက်ပီတယ်လစ်ဇင် တို့ ဂလိုဘယ်ဖြစ်နိုင်မဖြစ်နိုင် ခွဲခြားပြီး ဆွေးနွေးကြပါတယ်။ လီကွမ်းယုအဆိုအရ ကက်ပီတယ်လစ်ဇင်က ဂလိုဘယ်ဖြစ်နိုင်ပြီး ဒီမိုကရေစီကတော့ ဂလိုဘယ် မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချပါတယ်။ ဒါဆို ဒီနှစ်ခု မတူဘူဆိုတာ ဦးဌေးဦး သဘောပေါက်လောက်ပါပြီ။
မပေါက်သေးရင် ဆက်ကြည့်ပါ။
၁။ တရုတ်။ ကက်ပီတယ်လစ်ဇင် ရာနှုန်းမပြည့် တပြည့်၊ ဒီမိုကရေစီ လုံးဝမဟုတ်ဘူး။ (စီးပွားရေးပြောင်း နိုင်ငံရေး မပြောင်း)
၂။ အိန္ဒိယ၊ ဒီမိုကရေစီရာနှုန်းပြည့်၊ ကက်ပီတယ်လစ်ဇင်ရာနှုန်း တစ်ဝက်တောင် မပြည့်ဘူး။ (အမျိုးသားရေး ဝါဒကြောင့်)
၃။ စင်္ကာပူ၊ အကန့်အသတ်နဲ့ ဒီမိုကရေစီ၊ ကက်ပီတယ်လစ်ဇင် ရာနှုန်းအပြည့်။ (ပြည်သူက ကန့်ကွက်ခွင်တော့ရှိတယ်၊ သူတို့အသံကိုနားထောင်ပြီး အစိုးရက တချို့ကို ဟန်ချက်ပြန်ညှိတယ်)
၎။ အနောက်၊ ဒီမိုကရေစီရာနှုန်းပြည့်၊ ကက်ပီတယ်လစ်ဇင် ရာနှုန်းပြည့်။ (ပေါ်လစီတွေ ကွဲနေသေးတယ်၊ ဝဲလ်ဖဲယား စတိတ် ဟုတ်၊ မဟုတ်။ ဥရောပက ၊ ဝဲလ်ဖဲယား စတိတ်။ အမေရိကားက ၊ ဝဲလ်ဖဲယား စတိတ် မဟုတ်ဘူး။ ဝဲလ်ဖဲယား စတိတ် ဟုတ်၊ မဟုတ်က ကက်ပီတယ်ဇစ်ဇင်ရဲ့ တိုးအား အနည်းအများကို ဖြစ် ပွားစေတယ်။ ဝဲလ်ဖဲယား စတိတ်မဟုတ်တဲ့ အမေရိကရဲ့ ကက်ပီတယ်လစ်ဇင်က တိုးအားပိုကောင်းသွားတယ်။ ဒီအတွက် ပြန်ပေးလိုက်ရတာက လူမှုရေး ပြသနာ အချို့ )
ဒီတော့
၁။ ဒီမိုကရေစီကျင့်သုံးတိုင်း ကက်ပီတယ်လစ်ဇင်ရာနှုန်းပြည့်စရာမလိုဘူး။
၂။ ကက်ပီတယ်လစ်ဇင် ကျင့်သုံးတိုင်း ဒီမိုကရေစီပြောလို့ မရဘူး။
သိပ်ပြီး စာဖတ်ခွင့်မရှိသေးတဲ့ လူထုကို မတူညီတဲ့(နိုင်ငံရေးနဲ့စီးပွားရေး တစ်ခြား စီပါ)ပေါ်လစီနှစ်ခုရောထွေးပြီး ရှုပ်သွားအောင် ခပ်တည်တည်မဖိန့်ပါနဲ့။ ကိုယ်တိုင်မသိလို့ဆိုရင်လည်း မသိသလို နေလိုက်ပါလားဗျာ။ အမြင်မတော်လည်း ဖြစ်မနေပါနဲ့။
ဦးဌေးဦး တကယ်လုပ်ရမှာက ဂလိုဘယ် ပေါ်လစ်တစ်နဲ့ ဂလိုဘယ် ကက်ပီတယ်လစ်ဇင်ကို ပိုပြီးကျေညက်အောင် ဖတ်ရှုလေ့လာရမှာပဲ ဖြစ်ပါတယ်။
ကျနော့် စတေးတပ်က ပေါ်လစီရဲ့ အဆိုးအကောင်းကို ဝေဖန်တာမဟုတ်ဘဲ ဝါးတားတား ဦးဌေးဦးစကားကို ထောက်ပြရုံပါ။
လေ့လာပါအုံး ဦးဌေးဦး။ တက်လမ်းရှိပါတယ်။

ဇင်ဝေသော်
(07/09/2014)