ပျံလွန်တော်မူသွားတဲ့ သီဟိုဠ်ဆရာတော်ကြီးက ဝါတော်အကြီးဆုံးဆိုတော့ တခြားကျောင်းဘုန်းကြီးတွေကို ဆွမ်းစားပင့်တဲ့အခါ
"ဘယ်နေ့ တို့ကျောင်းမှာ ဘာ ပွဲရှိတယ်ဟေ့" ဆိုရုံနဲ့ သံဃာငယ်တွေက ဘာမှ မမေးရဲဘဲတက္ကစီငှားပြီး ကြွကြရတယ်။ ကျောင်းရောက်တော့ ကျောင်း က ဒကာတစ်ယောက်က တက္ကစီခပေးပေါ့၊ အပြန်လည်း အဲသလိုပဲ။
ဒါတော့ မဟုတ်သေးဘူးဆိုပြီး ရှေ့က ကျောင်းထိုင်သွားတဲ့ ဆရာတော်တွေ ကို ပြင်ဖို့လျှောက်ကြည့်တယ်။ လုပ်မသွားကြဘူး။
ကိုယ်ကျောင်းထိုင်ဖြစ်တော့မှ အစည်းအဝေးမှာ
"တနင်္ဂနွေနေ့၊ ပွဲရှိတဲ့နေ့တွေမှာ ကားရပ်စရာ နေရာမလောက်လို့ လမ်းဘေး မှာ ရပ်ခွင့်ပြုဖို့ အစိုးရဆီက ခွင့်တောင်းထားရတယ်။ ဒါတောင် ကိုယ်ပင့်တဲ့ ဆရာတော်တွေကို ကားနဲ့ အကြိုအပို့မလုပ်နိုင်ဘူးဆိုတော့ အဓိပ္ပါယ် လုံးဝ မရှိတော့ဘူး။ နောက်ပြီး အရင်ဆရာတော်ကြီးက ဝါအကြီးဆုံး၊ ငါက ကျောင်းထိုင်တွေထဲမှာ အငယ်ဆုံး၊ ကားအကြိုအပို့ လုပ်ကိုလုပ်မှ ရမယ်၊ Time to change" လို့ ပြောလိုက်တယ်။
အခုဆို ဆရာတော်အကြိုအပို့ကားတွေက သီးသန့်၊ ကားဆရာတွေ လည်း သီးသန့် အဖွဲ့လိုက်ပဲ။ ဘယ်သူက ဘယ်ကျောင်း၊ ကားနံပတ်က ဘာ။ ကားအရောင်က ဘာအရောင်၊ ဘယ်အချိန်ရောက်မယ်ဆိုတာ ကြို ဖုန်းဆက်။ အားလုံး ကွက်တိ။
သူမ ပေးတဲ့ ကတိကို
အကြောင်းကြောင်းကြောင့် မဖြည့်ဆည်းနိုင်ခဲ့ရင်တောင်
အနည်းဆုံး သူမ ဝန်ခံ ကတိပြုလိမ့်မယ်။
ဒီပွဲမှာ
သူမဟာ Nothing to lose
သူမဆီမှာလည်း Nothing left.....။
နိုင်ငံရေး ကစားပွဲဆိုတော့
အရောင်အသွေးကလည်း ကွဲပေမပေါ့
သာသနာဖျက်မကြီး ဆိုသူကဆို
ဒါပေမဲ့ ဓမ္မပဒ စတိုရီထဲကလို
ဆွမ်ခံကျွေးပါ့မယ် မယ်တော်ကြီး ဆိုတဲ့ရဟန်းတွေလည်း
မနည်းပါဘူး။
ခေတ်စကားနဲ့ ပြောကြည့်တော့
ဒေါ်စုကို ခိုင်းကြည့်ပါ
အန်တီစုကို ခိုင်းကြည့်ပါ
အမေစုကို ခိုင်းကြည့်ပါ
မယ်တော်ကြီးစုကို ခိုင်းကြည့်ပါ။ ။
ဇင်ဝေသော်
အမေရိကန် လေယာဉ်လိုင်းလို လေယာဉ်မှားပြီး
လော့စ် အိန်ဂျလိကနေ ဟာဝိုင်ယီကို မလွှတ်လိုက်မိပါစေနဲ့
(တော်ပါသေးရဲ့၊ ဓမ္မဘေရီဆရာတ်ေကြီးနဲ့ ဓမ္မဂင်္ဂါတို့ ပါမသွားလို့)
ပေ့ဂ်ျအကြီစားတွေကလည်း ဘလော့မယ်၊ အန်မယ် ပဲ။
ပရိသတ်ကလည်း အန်မယ်၊ ဖော်လို ဖြုတ်မယ် ပဲ။ ပိုင်နက်ကိုယ်စီ ရှိကြတယ်။
ဖေ့စ်ဘုတ်က တကယ်ကို လွတ်လပ်ခွင့်ပေးထားတာ။
အာရပ်နွေဦးအပြီး ညီညွတ်မှုအားကောင်းဖို့ဆိုပြီး အမျိုးသားရေးဝါဒနဲ့ အစ္စလာမ် စာအုပ်ကြီးဝါဒကို ရှေ့တန်းတင်ပစ်လိုက်တော့ အာရပ်နွေဦးရဲ့ ဒီမိုကရေစီဆိုတဲ့ မူလရည်ရွယ်ချက် ပျောက်သွားပြီး မွတ်စလင် ညီအကိုများ အဖွဲ့ ခေါင်းဆောင် မိုဟာမက် မော်စီက ၂၀၁၂ ရွေးကောက်ပွဲမှာ သမ္မတဖြစ် သွားရော၊ သူ့ကိုထောက်ခံတဲ့ ဘာသာရေးအဖွဲ့အစည်းတွေက မွတ်စလင် ညီအကိုများအဖွဲ့ထက်တောင် ပိုပြီး အစွန်းရောက်ကြတယ်။
အဏာတည်မြဲရေးအတွက် အစိုးရက နည်းလမ်းရှာနေချိန် အထက်ပါ အဖွဲ့ အစည်းတွေက အမျိုးသမီး အခွင့်အရေး၊ လူနည်းစုတိုင်းရင်းသားအရေးတွေ ကို အစ္စလာမ်ဘာသာတရားနဲ့ ဆုံးဖြတ်ဖို့ လှုပ်ရှားမှုတွေ လုပ်လာကြတော့ နိုင်ငံမငြိမ်မသက်ဖြစ်လာပြီး စစ်တပ်က အာဏာသိမ်းတဲ့ အဆင့် ရောက်သွားရော။ လက်ရှိအခြေအနေက ဆိုးလွန်း၊ ဘာသာရေး အစွန်းရောက်လွန်းတော့ စစ်တပ်က အာဏာသိမ်းတာကို ဒီမိုကရေစီကို တကယ်လိုလားတဲ့ လူအချို့ကတောင် သဘောတူလာရတယ်။
ဒီမှာ အမေရိကန်တွေဖက်က စဉ်းစားစရာတွေ....
အမေရိကန်အစိုးရက အဏာရှင်ကို တော်လှန်တိုင်း အားပေးနေရမှာလား?
တော်လှန်သူတွေကရော ဒီမိုကရေစီကို ဘယ်လောက် လေးစား လိုက်နာ သလဲ?
အမေရိကန်ရဲ့ အစဉ်အလာ ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဒီ နှစ်ခုကို မျက်ကွယ်ပြုတဲ့ အမေရိကန်သမ္မတဟာလည်း လူထုရဲ့ ထောက် ခံမှု မရနိုင်ဘူး။
ဒါနဲ့ အယောင်ဆောင် ပြောင်းလဲရေးကနေ အမေရိကန်က နောက်ဆုတ်။ အီဂျစ်လည်း လက်ရှိအနေအထား ရောက်သွားတော့တာပဲ။