မြန်မာပြည်ရဲ့ လက်ရှိအနေအထားတွေကြောင့် ကစ်ဆင်းဂျားစာအုပ်က ပိုရုပ်လုံးကြွလာတယ်


အာရပ်နွေဦးအပြီး ညီညွတ်မှုအားကောင်းဖို့ဆိုပြီး အမျိုးသားရေးဝါဒနဲ့ အစ္စလာမ် စာအုပ်ကြီးဝါဒကို ရှေ့တန်းတင်ပစ်လိုက်တော့ အာရပ်နွေဦးရဲ့ ဒီမိုကရေစီဆိုတဲ့ မူလရည်ရွယ်ချက် ပျောက်သွားပြီး မွတ်စလင် ညီအကိုများ အဖွဲ့ ခေါင်းဆောင် မိုဟာမက် မော်စီက ၂၀၁၂ ရွေးကောက်ပွဲမှာ သမ္မတဖြစ် သွားရော၊ သူ့ကိုထောက်ခံတဲ့ ဘာသာရေးအဖွဲ့အစည်းတွေက မွတ်စလင် ညီအကိုများအဖွဲ့ထက်တောင် ပိုပြီး အစွန်းရောက်ကြတယ်။

အဏာတည်မြဲရေးအတွက် အစိုးရက နည်းလမ်းရှာနေချိန် အထက်ပါ အဖွဲ့ အစည်းတွေက အမျိုးသမီး အခွင့်အရေး၊ လူနည်းစုတိုင်းရင်းသားအရေးတွေ ကို အစ္စလာမ်ဘာသာတရားနဲ့ ဆုံးဖြတ်ဖို့ လှုပ်ရှားမှုတွေ လုပ်လာကြတော့ နိုင်ငံမငြိမ်မသက်ဖြစ်လာပြီး စစ်တပ်က အာဏာသိမ်းတဲ့ အဆင့် ရောက်သွားရော။ လက်ရှိအခြေအနေက ဆိုးလွန်း၊ ဘာသာရေး အစွန်းရောက်လွန်းတော့ စစ်တပ်က အာဏာသိမ်းတာကို ဒီမိုကရေစီကို တကယ်လိုလားတဲ့ လူအချို့ကတောင် သဘောတူလာရတယ်။

ဒီမှာ အမေရိကန်တွေဖက်က စဉ်းစားစရာတွေ....
အမေရိကန်အစိုးရက အဏာရှင်ကို တော်လှန်တိုင်း အားပေးနေရမှာလား?
တော်လှန်သူတွေကရော ဒီမိုကရေစီကို ဘယ်လောက် လေးစား လိုက်နာ သလဲ?
အမေရိကန်ရဲ့ အစဉ်အလာ ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဒီ နှစ်ခုကို မျက်ကွယ်ပြုတဲ့ အမေရိကန်သမ္မတဟာလည်း လူထုရဲ့ ထောက် ခံမှု မရနိုင်ဘူး။

ဒါနဲ့ အယောင်ဆောင် ပြောင်းလဲရေးကနေ အမေရိကန်က နောက်ဆုတ်။ အီဂျစ်လည်း လက်ရှိအနေအထား ရောက်သွားတော့တာပဲ။


Post a Comment