တော်လှန်ရေးပြီးစကာလက အုပ်ချုပ်သူတွေဟာ တော်လှန်ရေး အကွဲအပြဲ ကြားကနေ ပေါ်ထွက်လာတဲ့ လူတွေသာ ဖြစ်နေပြီး နိုင်ငံရေး သဘော တရားတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်မှု မရှိကြဘူး။ သူတို့ကပဲ လူကြိုက်များ တဲ့ အမျိုးသားရေးဝါဒကို ရှေ့တန်းတင်ကြွးကြော်လာကြလို့ ဒီမိုကရေစီ မကျတဲ့ အမျိုးသားရေးဝါဒတွေ အရှေ့အလယ်ပိုင်းမှာ အမြစ်တွယ်လာခဲ့တယ်.....................။
နောက်ခံသမိုင်းအားဖြင့် သူတို့နဲ့တူညီတဲ့ အီရတ်ရဲ့ ဆက်ဒန်ဟူစိန်ကတော့ ပိုပြီး အစွန်းရောက်တဲ့ ဘာသာရေး ဘက်မလိုက် စစ်အုပ်ချုပ်မှုနဲ့ အုပ်ချုပ်နေ ခဲ့ပြီး သူအုပ်ချုပ်စဉ် ၁၉၇၀ နဲ့ ၁၉၇၉ ကာလအတွင်းမှာ ခြိမ်းခြောက်မှုတွေေ ရာ၊ ရက်စက်မှုတွေပါ ပါဝင်ခဲ့တယ်။ (အစတော့ အမှန်တကယ် အမျိုးသားခေါင်းဆောင်ပါ၊ နောက်တော့ သူက သမ္မတဖြစ်သွားတယ်)
(World Order)
ကစ်ဆင်းဂျားကတော့ လုပ်ပြန်ပြီ....
အဲဒီအချိန်က အရှေ့အလယ်ပိုင်းရှိ စစ်အစိုးရတွေ၊ ဘုရင်တွေနဲ့ အာဏာရှင် အစိုးရတွေဟာ သဘောထားကွဲလွဲမှုကိုပဲ သူတို့ကို အကြည်ညိုပျက်အောင် လုပ်မှုလို့ ယူဆထားကြတော့ ဖွံ့ဖြိုးတိုးတက်တဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့ (သို့) ဗဟုဝါဒ ယဉ်ကျေးမှုထွန်းကာဖို့ အခွင့်မသာခဲ့ဘူး ဖြစ်သွားပြီး အဲဒီ အကျိုးဆက်တွေက (၂၁) ရာစုရောက်ချိန်အထိ အမျှင်မပြတ်နိုင် ဖြစ်သွားခဲ့ရပါတယ်။
Post a Comment