သင်္ဃမိတ္တာနေ့ ( သို့ ) မဟာဗောဓိနေ့


            အသောကမင်းကြီး မြန်မာ့ယဉ်ကျေးမှုမှာ နာမည်ကြီးသလောက် ကျွန်ုပ်တို့ သိသည့် အသောက အကြောင်းက နည်းလွန်းသည်။ရေတွင်း၊ ရေကန် ၊ စေ တီ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်၊ ကလိင်္ဂစစ်ပွဲ၊ ကိုးတိုင်း ကိုးဌာနသာသ နာပြု အစီအစဉ်၊ သေခါနီး သေကံ မကောင်း။ သိထားသမျှတွေကလည်း တူးဖော်တွေ့ရှိလာသော ကျောက်စာများနှင့် တေ့တေ့ဆိုင်ဆိုင် ကြည့်သော အခါ မိမိတို့ သိထားသလို သိပ်မဟုတ်လှတော့။တကယ်တော့ အသောက သည် လဲဂျင့်ထဲက လယ်ဂျင်ဒရီ မဟုတ်။ သူ့သမိုင်းသူ နက်နက်ကြီး တူး စိုက်သွားသူဖြစ်သည်။

            တူးဖော်တွေ့ရှိမှု၊ ပညာရှင်တို့ သုတေသနပြုမှုတို့ကို အခြေခံ စကားပြောရာ မဟာဝံသနှင့် ဒီပဝံသ တို့ပါ သံသယဖြစ်ဖွယ်၊ မေးမြန်းဖွယ်များစွာ ရှိလာခဲ့ သည်။ ညီတော်၊နောင်တော် ၉၉ ယောက်ကိုသတ်ပြီး နန်းတက်ခဲ့ရသည် ဆိုသည့် အချက်မျိုးကို ကျောက်စာများက လက်ခံဖို့ အင်တင်တင် ဖြစ်နေသည်။ ခမည်းတော် ဗိန္ဒုသာရမှာ သားတော် အရေအတွက် ဤမျှမရှိဟု သုံးသပ် လာကြသည်။ အသောကသည် စစ်ရေး စစ်ရာကို ကျွမ်းကျင်သော်လည်း ဤမျှ ရက်စက်ေ သာ၊ ညီတော်၊နောင်တော် ၉၉ ယောက်ကိုသတ်သော ( စဏ္ဍာသောက၊ လူ ကြမ်းကြီး အသောက ) ဖြစ်နိုင်ဖွယ်မရှိ။
ဗုဒ္ဓဘာသာ ဖြစ်လျှင် ဤမျှ ရက်စက် ကြမ်းကြုတ်သော ဘုရင်ပင် ဤမျှ နူးညံ့ သိမ်မွေ့သွားရသည်ကို ပြလိုသော ဗုဒ္ဓဘာသာရဟန်း စာရေးဆရာများကြောင့်ဗုဒ္ဓဘာသာ မဖြစ်မီ အသောကသည် ရှိရင်းစွဲ အသောကထက် ပိ၍ ရက်စက် ပုံ ပေါက်ခဲ့ရဟန်တူသည် ဟူသော ပညာရှင် သံသယတို့ကို မဟာဝံသ၊ ဒီပဝံ သတို့ ကိုးကားဖြေဆိုကာမျှဖြင့် မရနိုင်တော့။ ထိုထိုသို့သော သံသယ စကား တို့ကြောင့်ပင် အသောကမင်ကြီးက ပို၍ စိတ်ဝင်စား စရာ ကောင်းနေပြန်ေ သးတော့သည်။
ကျွန်ုပ်တို့ မသိသေးသည့် အသောက အကြောင်းကလည်း ကျယ်ပြော လှချေသေး၏။

            မည်သို့ဖြစ်စေ ယခု လပြည့်နေ့၌ သီဟိုဠ်သို့ သင်္ဃမိတ္တာ ထေရီနှင့် ဗော ဓိညောင်ပင်ငယ် ရောက်ရှိခဲ့သည်ဟု ယုံကြည်ကြရသည်။ သီဟိုဠ်သားတို့ အထွတ်အမြတ်လည်း ထားကြသည်။ ဤနေ့ကို သင်္ဃမိတ္တာနေ့ ( သို့ ) မဟာဗောဓိနေ့ ဟု ခေါ်တွင်သည်။

            ဤမှာပင် မနက်ဖြန်မှာ သင်္ဃမိတ္တာနေ့ ( သို့ ) မဟာဗောဓိနေ့ ကျင်းပကြဦး မည်။



" မဟာဗောဓိ ပူဇာ ဂါထာ "
ဣမေ ဧတေ မဟာဗောဓိ၊ လောကနာထေန ပူဇိတာ။
အဟမ္ပိ တေ နမဿာမိ၊ ဗောဓိရာဇာ နမတ္ထုတေ။

This great tree of Enlightenment
The Lord of the world reverenced.
I too shall salute you.
May there be homage to you, O great Bodhi.


( သိင်္ဃမိတ္တာ စာလုံးပေါင်းကတော့ စဉ်းစားဖွယ် ဖြစ်သည်ဟု ယူဆမိသည်၊ အားလုံး၌ Sanghamitta ဟုသာ တွေ့ရသည်။ အဓိပ္ပါယ်လည်း ပါသည်။)


 သီဟနာဒ

ဂလိုဘယ် သက်သတ်လွတ်ကိစ္စ ( ပေါက်တတ်ကရ )


သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်ပြီး ပြောနေခဲ့ကြတာ များလှပြီ။ အရှေ့ရော၊ အနောက်ရော။ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးတွေရော၊ တိရစ္ဆာန် မကာကွယ်မစောင့်ရှောက်ရေးတွေရော။ မြန်မာပြည်မှာဆို ဆရာတော်တွေရော၊ ဂိုဏ်းဆရာတွေရော၊ ဘာသာရေး တီးမိခေါက်မိ ရှိသူတွေရောပဲ။
ဘယ်သူတွေ ဘာပြောပြော အာရှက (အိန္ဒိယက ) ကျောင်း သားလေးတွေက လော့ဂျစ်မှာ သူများတွေထက် သာနိုင်တယ်။ မယုံရင် သူတို့ တက်စ်ဘုတ်ကိုသာကြည့်။

"easily cheat, tell lies, they forget promises, they are dishonest and tell bad words, steal, fight and turn to violence and commit sex crimes”

အသာစားသူတွေဟာ လိမ်တယ်၊ ကောက်တယ်၊ ကတိဖျက်တယ်၊ မရိုး သား၊ နှုတ်ကြမ်း၊ အကြမ်းဖက်၊ ကာမေသု လွန်ကြူး " တဲ့။

အိန္ဒိယ " New Healthway " ဆိုတဲ့ ကလေးပညာပေး ကျောင်းသုံး စာအုပ် က ဆက်ရှင်းပြတယ် meat-eaters are “lazy, sluggish and short-lived”. တဲ့။
စဉ်းစားစရာဆိုလို့ ပျင်းနေ၊ မလုပ်ချင် မကိုင်ချင်ဖြစ်နေ၊ အသက်တိုနေရတာနဲ့ အထက်က ရာဇဝတ်မှုတွေ ကျူးလွန်ချိန်မှ ရှိပါတော့မလား ဆိုတာပါပဲ။

အိန္ဒိယမှ မဟုတ်ပါဘူး။ ဟောင်ကောင် တရုတ် ဖတ်စာအုပ်ထဲမှာလည်း ( သူ က ရာဇဝတ်မှုကို အစားအစာနဲ့ မခွဲဘူး )
“Foreign children fight in the playground but Chinese children do not fight in the playground.”
ဖတ်စာအုပ်ထဲမှာတော့ မရှိသေးဘူး။ စင်္ကာပူမှာလည်း ဖောရိန်းသားတွေ များ လာလို့ ရာဇဝတ်မှုတွေပိုများလာတဲ့ အကြောင်းတွေ ပြောနေကြတာ ကြာပြီ။
ဆိုင်၊ မဆိုင်တော့မသိဘူး။ လူများရင်တော့ ပြဿနာ များမှာပေါ့။

ထားပါတော့။ သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်လို့ အမြင်တွေကတော့ ဘယ်တော့မှ တူမှာ မဟုတ်ပါဘူး။ အထူးသဖြင့် သက်သတ်လွတ်နဲ့ ကိုယ် ကျင့်တရား ဆက်စပ်ရင်ပေါ့။

BC10,000 မှာ Ugg က မီးကို ရှာတွေ့တယ်။ သူလည်း မီးကို ရှာတွေ့ရော လူတွေက ချက်စရာမလိုတဲ့ စလပ်ကို စားကြဖို့ ပြောလာကြန်တယ်။ သူ့တွေ့ရှိမှုကို တန်ဖိုးမထားကြလို့ သူ့ကို အားနာစရာကောင်းနေတယ်။

AD 900 မှာ သက်သတ်လွတ်သမား Vikings တွေက အင်္ဂလန်ကမြို့တွေ ကို ရက်ရက်စက်စက် နှိပ်စက် ဖျက်ဆီးကြတယ်။
ရွာသားတွေခမျာ သမီးတွေ၊ ဇနီးတွေ၊ အိမ်ဖော်တွေ၊ အားလူး၊ ခရမ်းချဉ်သီး၊ မုန်လာဥ အဖြူ အနီတွေ ဖွက်ထားကြရတယ်။ သူတို့က အသားရှောင်ပေ မယ့် ရှေ့မှာ ပြောခဲ့တာတွေကို မရှောင်ကြဘူးလေ။

AD 1120 မှာ ဥရောပ အရှေ့ပိုင်း သက်သတ်လွတ်သမား barbarian hordes တွေက စိုက်ပျိုးထားသမျှ ကြက်သွန် အဖြူ အနီတွေအားလုံး တူးပြီး လုယူကြလို့ သက်သတ်လွတ်မဟုတ်တဲ့ တောင်သူတွေ တော်တော် ခံလိုက် ရတယ်တဲ့။
ဒါက သက်သတ်မလွတ် သမားတွေရဲ့ အကြောင်းပြချက်၊မဆိုးဘူးထင်တယ်။

သက်သတ်လွတ်ကိစ္စတွေ ပြောတာများလာတော့ တချို့က အိုလံပစ် အားက စား ပြိုင်ပွဲကိုတောင် နိုင်ငံအလိုက် မပြိုင်ဘဲ အစားအစာနဲ့ ခွဲပြိုင်ရင် ကောင်း မယ်လို့ အကြံပြုလာနေကြပြီ။
ဥပမာ သက်သတ်လွတ်အသင်း၊ သက်သတ်မလွတ်အသင်း၊ ကုန်းသတ္တဝါစားအသင်း၊ ရေသတ္တဝါစားအသင်း၊
မီးလွတ်အသင်း၊ မီးမလွတ်အသင်း စသဖြင့်ပေါ့။

အကြိုက်ဆုံးကတော့ ဖေးဘရိတ် မစ္စတာ ဂျင်းမ်ရဲ့ အောက်က အကိုးအကား ပါပဲ။
"To all you hunters who kill animals for food, shame on you; you ought to go to the store and buy the meat that was made there,where no animals were harmed." အသားစားဖို့ တောလိုက်တဲ့ မုတ်ဆိုးတွေ၊ ခင်ဗျားတို့ အစားရှက်တယ်။ အသားရောင်းတဲ့ဆိုင်မှာ သွား ဝယ်၊ အဲ့ဒီမှာ ထုတ်လုပ်တယ်၊ ဘယ်သတ္တဝါကိုမှ ညှင်းဆဲ၊ သတ်ဖြတ်နေစရာ မလိုဘူး "

ကဲ ဒါဆို ဗုဒ္ဓဘာသာများတဲ့ မြန်မာတွေကရော ဘာပြောကြမလဲ။ ( ပြောနေကြတာတော့ များနေပြီ )
သိသလောက် ၅ ပါးသီလထဲမှာတော့ အစားအစာနဲ့ပတ်သက်လို့ တစ်ခုပဲပါ တယ်၊ နောက်ဆုံးကဟာ။
အဲဒါ သက်သတ်လွတ်၊ မီးတော့မလွတ်ဘူး ထင်တယ်။ ( တချို့လွတ်၊ တချို့ မလွတ်ထင်တယ် ) ထင်တယ်ဆိုတာ သေသေချာချာ မသိလို့ ဆိုလိုတာပါ။

ဒါနဲ့ စကားမစပ် စာပေဟောပြောပွဲမှာ ဖိတ်ထားတဲ့ စာရေးဆရာ ( စာရေး ဆရာမ တွေ မပါ ) တွေကို နယ်ခံတွေက
" အသောက်အစား မရှိတဲ့ ဆရာတွေ ထမင်းစားကြွကြပါ ခင်ဗျား " လို့ ထမင်းစားဖိတ်တော့ တစ်ယောက်မှ မထကြဘူး တဲ့။ " တဲ့ " ဆိုတော့ တဆင့်ကြားပေါ့။ ။


 ဇင်ဝေသော်

ခရစ္စမတ် ဟာသများ


ကျောပေါ်မှာ မမြင်ချင်လို့ပါ

မြင်းစီးထားတဲ့ လမ်းပြပုလိပ်နဲ့ စက်ဘီးအသစ်စီးလာတဲ့ ကလေးတစ်ယောက် လမ်းမှာတွေ့ကြတယ်။
ရဲက
" စက်ဘီးလေးက လှတယ်၊ စင်တာ ( Santa ) ကပေးထားတာလား "
" ဟုတ်တယ် "
" စင်တာကိုပြော၊နောက်နှစ်ဆိုရင် နောက် မီးလုံးပါ ပါတဲ့ စက်ဘီးပေးပါလို့ "
နောက် မီးလုံးမပါလို့ ဆိုပြီး ရဲက ကလေးကို ဒဏ်ငွေ ( ၂၀ ) ရိုက်၊ ဖြတ်ပိုင်း ပြန်ပေးလိုက်တယ်။

ဖြတ်ပိုင်းကိုယူ၊ စက်ဘီးပေါ်တက်လိုက်ပြီး ကလေးက
" မြင်းကြီးက လှလိုက်တာ၊ စင်တာ( Santa ) က ပေးထားတာလား "
ကလေးကို ပြန်နောက်ချင်တဲ့ ရဲက
" ဟုတ်တယ်၊ စင်တာက ပေးထားတာ "
" စင်တာကိုပြောပေးပါ၊ နောက်နှစ်ဆိုရင် stupid ဦးနှောက် ကို မြင်းခေါင်းထဲမှာပဲ ထားပေးပါ၊ မြင်း ကျောပေါ်တင်ပေးမထားပါနဲ့လို့ "
ပြောရင်းဆိုရင်း ကလေးက စက်ဘီးစီးပြီး ထွက်သွားတယ်။



လျှို့ဝှက်တာဝန်

ချပ်ကျောင်းကနေ ထွက်လာတော့ ဂျက်က ကျနော့်ရှေ့မှာ။ တရားဟော ဆရာက အပြင်က ရပ်စောင့်ရင်း ထွက်လာတဲ့လူတိုင်းကို လက်ဆွဲနှုတ် ဆက်နေတယ်။
ဂျက်ကို လက်ဆွဲနှုတ်ဆက်အပြီး တရားဟော ဆရာက
" မင်းလည်း ဘုရားသခင်ရဲ့ တပ်မဟာထဲ ( Army of the Lord! ) ဝင်သင့်တယ် "
" ကျနော်က ဝင်ပြီးသားပါ ဗျာ "
" ခရစ္စမတ် နဲ့ အီစတာပွဲ ရက်က လွဲလို့ မင်းကို တွေ့လည်း မတွေ့မိပါလား "
ဂျက်က တိုးတိုးလေး သူများ မကြားစေချင်တဲ့ ပုံစံနဲ့
" I'm in the secret service." တဲ့။

ဈေးဝယ်စောမှု

ခရစ္စမတ်နေ့ဆိုတော့ စိတ်ကောင်းဝင်နေတဲ့ တရားသူကြီးက ချိုချိုသာသာပဲ တရားခံကို စစ်ဆေးတယ်။
" ဘယ်အမှုနဲ့ တရားစွဲခံရတာလဲ "
" စောစောစီးစီး ခရစ္စမတ်ဈေးဝယ်ထွက်မှုပါ "
" ဟင် ဒါက တရားဥပဒေ ချိုးဖောက်တာမှ မဟုတ်ဘဲ၊ ဘယ်လောက်များ စောသွားလို့လဲ "
" စတိုးဆိုင်မဖွင့်ခင် စိတ်ကြိုက် ဈေးဝင်ဝယ်လိုက်မိလို့ပါ "
( အွန်လိုင်းခရစ္စမတ် ဟာသများမှ )


 ကမ်းလက် 

အင်္ဂလိပ်စာ အမှားများ


ခရစ္စမတ်နေ့မို့ " ဗုဒ္ဓဘာသာနဲ့ စစ်တပ် " အစား အပျင်းပြေ ဟာသလေးများ ကိုပဲ တင်ပေးလိုက်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အင်္ဂလိပ်စာ အမှားလေးတွေ မို့ ဘာသာမပြန်ဘဲ သူ့အတိုင်းထားလိုက်ပါတယ်။

ဟော်တယ်ဝန်ထမ်းနဲ့ ဘီသိုဗင်

Writer Simon Winchester phoned the concierge at the Mandarin Oriental hotel to ask him for some Beethoven.
The usual concierge was off so Simon spoke to a young staff member.
“Do you know who Beethoven is?”
“No. What room is he in?”
“No, no, he’s dead.”
“Oh. We’d better call security.”

ကိုယ့်ကိုယ်ကိုယ် ဖုန်းဆက်လို့မရ

Colin Robertson called his own office at the Commission for Canada.
“This is Colin Robertson. I’d like to speak to—”
“Mr Robertson is not here.”
“No. THIS is Mr Robertson. I want—”
“Why are you calling yourself?”

ဒါဆို ဒီညတွေ့မယ်

Paul Frankland phoned Café de Paris in Lan Kwai Fong.
"My name is Frankland. I wish to cancel my reservation for tonight."
"You have a reservation for two people at 8 pm."
"Yes. I wish to cancel it."
"May I have your telephone number?"
"Why do you need my number if am canceling my reservation?"
"Okay. Thanks. See you tonight."

မနေ့က ရောက်ရင် ခေါ်ပါ
Alan Skyrme phoned an export firm in Kowloon. A receptionist answered:
"Mr Chan’s office."
"Is he available?"
"He is out of town. He is due back from his trip yesterday."
"If he was due back yesterday, can I get hold of him?"
"Please call back yesterday."

လျှပ်စစ်မီး မရောင်းပါ

Craig Sanderson’s house was suffering a power cut. He decided to phone Park ’n’ Shop supermarket to see if it was open, or whether it had also had a blackout.
"Is that Park n shop?"
"Yes."
"Do you have any electricity?"
"No, sir. We don’t sell electricity."

မနက်စာ ရောင်းချိန်
Simon phoned a Wyndham Street restaurant to ask about its menu.
“You have an all-day breakfast?”
“Yes sir.”
“When do you open?”
“Lunchtime, sir.”


 ကမ်းလက် 

မော်ဒန် ကလေးအဖေအသစ်များအတွက် Baby Manual


Microswift Baby 0.1 ကို မှာယူတဲ့အတွက် ကျေးဇူးတင်ပါသည်။ ရိုရိုသေသေ ကိုင်တွယ်မည်ဆိုလျှင် သင့်ကို နှစ်ပေါင်းများစွာ ပျော်ရွှင်စေပါ လိမ့်မည်။
But first, take a moment to register. Click here to register now.

Baby 0.1. ကို အသုံးမပြုမီ အောက်ပါလမ်းညွှန်ချက်များကို သေသေချာချာ ဖတ်ပါ။
သင့်ရဲ့ Microswift Baby 1.0 သည် Microswift Woman 2.0. ခေါ်သည့် container နဲ့အတူ ရောက်ရှိလာမည်ဖြစ်သည်။ ထို container ကို စနစ်တ ကျ ထားရမည်၊ မအေးလွန်း၊ မပူလွန်းသော ရာသီဥတုနှင့်ကိုက်ညီသည်။ ထို container ကို လွှတ်မချရ၊ အလေးအပင်များ သယ်ဆောင်ရန် မခိုင်းရ။ သို့သော် မည်မျှ ဂရုစိုက်စေ ထို container က မထင်မှတ်သော တုန့်ပြန်မှု ရှိနေတတ်သည်။ ဖြစ်ရိုးဖြစ်စဉ်ဟုသာ သဘောထားပါ။




( ၁ )
ပထမဆုံး Baby 0.1. ကို container မှ ထုတ်ယူရမည်။ ထိုအခါ အခက်အခဲ အနည်းငယ်ရှိနိုင်သည်၊ စိုးရိမ်စရာ မရှိပါ။ အထူးသတိပြုရန်မှာ Baby 0.1. ကို ထုတ်ယူရာ၌ ကျောက်လှည့်၊ တူ၊ ရဲတင်း စသည်တို့ကို မသုံးရန်ဖြစ်သည်။
သင်တွေ့ရမည့် ပစ္စည်းတို့သည်
Baby 0.1
Placenta
Umbilical cord တို့ဖြစ်သည်။
(If any of these are not present, please see your dealer.)

( ၂ )
Once Baby 1.0 is out of the package၊ သူကိုယ်တိုင် စတင် အလုပ်လုပ် မည်။ အလုပ်မလုပ်သေးဘူးဆိုလျင် တင်ပါးလိုနေရာမှာ ညင်သာစွာ ပုတ်ပေး လိုက်ပါ။ ( ရဲတင်း စသည် မသုံးရ )
အလုပ်လုပ်ခြင်းဟူသည် " အူဝဲ အူဝဲ အူဝဲ " ဟူသော အသံထွက်လာခြင်း ကို ဆိုလိုသည်။ ထို အူဝဲကြောင့် စိုးရိမ်စရာမရှိ။

( ၃ )
Baby 0.1 အပြင်ရောက်လာပြီးနောက် ဘက်ထရီ ချက်ချင်းသွင်းထားရမည်။ ဘက်ထရီသွင်းရန် container ၏ storage device နှစ်ခုမှ တစ်ခုခု နှင့် ဆက်သွယ်ထားရမည်။ ဆက်သွယ်ရာ၌ Baby 1.0 ၏ မျက်နှာပေါ်ရှိ နှင်း ဆီနုရောင် ဂျက်ပင်အပေါက်နှင့် ( သူ့ကို Mouth ဟု တက်ကနီကယ် တမ်း ဖြင့် ခေါ်သည် ) ဆက်သွယ်မှသာ ဘက်ထရီဝင်မည်။ အခြားဂျက်ပင်အပေါက်များနှင့် ( ဥပမာ Ear or Nostril ) ဆက်သွယ်လျှင် ဘက်ထရီ လုံးဝ မဝင်ကြောင်း သတိပြုပါ။
ဘက်ထရီ တစ်ခါသွင်းထားလျှင် နာရီအတော်ကြာ ခံသည်၊သို့သော် ဘက်ထ ရီကို ပုံမှန်သွင်းပေးရမည်၊ ပုံမှန်ဆိုရာ၌ ညချိန်ပါ ပါဝင်သည်။

( ၄ )
Baby 0. 1 ကို ဘက်ထရီသွင်းရာ၌ မူလ အော်ရီဂျင်နယ် container ၏ storage device နှစ်ခုကိုသာ အမြဲ အသုံးပြုဖို့လိုအပ်သည်။ သို့မဟုတ်ပါက ရေရှည်၌ Baby 0.1 ၏ ပါဖောင်မင့်ကို တနည်းမဟုတ် တနည်း ထိခိုက်လာနိုင်သည်။
၎င်း Baby 0.1 ညစ်ပတ် ပေရေခဲ့သော် washing machine ထဲ ထည့်ပြီး မလျှော်ရ၊ တစ်ရှူး ( သို့ ) နူးညံ့သောအဝတ်ဖြင့်သာ သန့်စင်ပေးရမည်။ ထိုထက်ပိုပြီး ဆိုးရွားသော် ( သို့ ) Baby 0.1 မှ မကောင်းသော အနံ့အသက် လိကောက် ( ယိုစိမ့် ) ဖြစ်သော် သင်ကိုယ်တိုင် ဖြေရှင်းမရတော့ပါ။ ထိုကိစ္စကို ဖြေရှင်းရန် Woman 2.0 ထံ ပြန်ပို့ပေးပါ။

( ၅ )
Enjoy Baby 0.1 ။ သင့် ဆွေမျိုးများ၊ မိတ်ဆွေမျာကို ပြနိုင်သည်၊
Baby 0.1 ကို လက်ခံ၊ သုံးစွဲပြီးသည့်နောက် နောက်ထပ် Microswift Babies.များ ဆက်လက်လိုချင်လာလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်မိပါသည်။
And if you don’t – well, there’s a no returns policy. So get used to it.

Ref : The Baby Manual The for Modern Men
By: Mr Jam


 ဇင်ဝေသော်