သင်္ဃမိတ္တာနေ့ ( သို့ ) မဟာဗောဓိနေ့


            အသောကမင်းကြီး မြန်မာ့ယဉ်ကျေးမှုမှာ နာမည်ကြီးသလောက် ကျွန်ုပ်တို့ သိသည့် အသောက အကြောင်းက နည်းလွန်းသည်။ရေတွင်း၊ ရေကန် ၊ စေ တီ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်၊ ကလိင်္ဂစစ်ပွဲ၊ ကိုးတိုင်း ကိုးဌာနသာသ နာပြု အစီအစဉ်၊ သေခါနီး သေကံ မကောင်း။ သိထားသမျှတွေကလည်း တူးဖော်တွေ့ရှိလာသော ကျောက်စာများနှင့် တေ့တေ့ဆိုင်ဆိုင် ကြည့်သော အခါ မိမိတို့ သိထားသလို သိပ်မဟုတ်လှတော့။တကယ်တော့ အသောက သည် လဲဂျင့်ထဲက လယ်ဂျင်ဒရီ မဟုတ်။ သူ့သမိုင်းသူ နက်နက်ကြီး တူး စိုက်သွားသူဖြစ်သည်။

            တူးဖော်တွေ့ရှိမှု၊ ပညာရှင်တို့ သုတေသနပြုမှုတို့ကို အခြေခံ စကားပြောရာ မဟာဝံသနှင့် ဒီပဝံသ တို့ပါ သံသယဖြစ်ဖွယ်၊ မေးမြန်းဖွယ်များစွာ ရှိလာခဲ့ သည်။ ညီတော်၊နောင်တော် ၉၉ ယောက်ကိုသတ်ပြီး နန်းတက်ခဲ့ရသည် ဆိုသည့် အချက်မျိုးကို ကျောက်စာများက လက်ခံဖို့ အင်တင်တင် ဖြစ်နေသည်။ ခမည်းတော် ဗိန္ဒုသာရမှာ သားတော် အရေအတွက် ဤမျှမရှိဟု သုံးသပ် လာကြသည်။ အသောကသည် စစ်ရေး စစ်ရာကို ကျွမ်းကျင်သော်လည်း ဤမျှ ရက်စက်ေ သာ၊ ညီတော်၊နောင်တော် ၉၉ ယောက်ကိုသတ်သော ( စဏ္ဍာသောက၊ လူ ကြမ်းကြီး အသောက ) ဖြစ်နိုင်ဖွယ်မရှိ။
ဗုဒ္ဓဘာသာ ဖြစ်လျှင် ဤမျှ ရက်စက် ကြမ်းကြုတ်သော ဘုရင်ပင် ဤမျှ နူးညံ့ သိမ်မွေ့သွားရသည်ကို ပြလိုသော ဗုဒ္ဓဘာသာရဟန်း စာရေးဆရာများကြောင့်ဗုဒ္ဓဘာသာ မဖြစ်မီ အသောကသည် ရှိရင်းစွဲ အသောကထက် ပိ၍ ရက်စက် ပုံ ပေါက်ခဲ့ရဟန်တူသည် ဟူသော ပညာရှင် သံသယတို့ကို မဟာဝံသ၊ ဒီပဝံ သတို့ ကိုးကားဖြေဆိုကာမျှဖြင့် မရနိုင်တော့။ ထိုထိုသို့သော သံသယ စကား တို့ကြောင့်ပင် အသောကမင်ကြီးက ပို၍ စိတ်ဝင်စား စရာ ကောင်းနေပြန်ေ သးတော့သည်။
ကျွန်ုပ်တို့ မသိသေးသည့် အသောက အကြောင်းကလည်း ကျယ်ပြော လှချေသေး၏။

            မည်သို့ဖြစ်စေ ယခု လပြည့်နေ့၌ သီဟိုဠ်သို့ သင်္ဃမိတ္တာ ထေရီနှင့် ဗော ဓိညောင်ပင်ငယ် ရောက်ရှိခဲ့သည်ဟု ယုံကြည်ကြရသည်။ သီဟိုဠ်သားတို့ အထွတ်အမြတ်လည်း ထားကြသည်။ ဤနေ့ကို သင်္ဃမိတ္တာနေ့ ( သို့ ) မဟာဗောဓိနေ့ ဟု ခေါ်တွင်သည်။

            ဤမှာပင် မနက်ဖြန်မှာ သင်္ဃမိတ္တာနေ့ ( သို့ ) မဟာဗောဓိနေ့ ကျင်းပကြဦး မည်။



" မဟာဗောဓိ ပူဇာ ဂါထာ "
ဣမေ ဧတေ မဟာဗောဓိ၊ လောကနာထေန ပူဇိတာ။
အဟမ္ပိ တေ နမဿာမိ၊ ဗောဓိရာဇာ နမတ္ထုတေ။

This great tree of Enlightenment
The Lord of the world reverenced.
I too shall salute you.
May there be homage to you, O great Bodhi.


( သိင်္ဃမိတ္တာ စာလုံးပေါင်းကတော့ စဉ်းစားဖွယ် ဖြစ်သည်ဟု ယူဆမိသည်၊ အားလုံး၌ Sanghamitta ဟုသာ တွေ့ရသည်။ အဓိပ္ပါယ်လည်း ပါသည်။)


 သီဟနာဒ

Post a Comment