သား ရေ
" သား ဘယ်ကို သွားမလဲ " မေးတာဟာ
သား ခရီးစဉ်ကို ဟန့်တားဖို့ မဟုတ်ဘူး
အနည်းဆုံး သားကို လိုက်ပို့ခွင့် ရမလား
အများဆုံး သား ဘယ်မှာ ရှိတယ်ဆိုတာ သိချင်ရုံပါ။
သား ရေ
" သား ဘယ်ကို သွားမလဲ " မေးတာဟာ
သား ခရီးစဉ်ကို ဟန့်တားဖို့ မဟုတ်ဘူး
အနည်းဆုံး သားကို လိုက်ပို့ခွင့် ရမလား
အများဆုံး သား ဘယ်မှာ ရှိတယ်ဆိုတာ သိချင်ရုံပါ။
သား ရေ
" သား ဘယ်သူနဲ့ သွားမှာလဲ " မေးတာဟာ
သား သူငယ်ချင်းကို သံသယရှိလို့ မဟုတ်ဘူး
အနည်းဆုံး သား သူငယ်ချင်းအတွက် ဘာလုပ်ပေးနိုင်မလဲ
အများဆုံး သား ဘယ်သူနဲ့ ရှိနေတယ်ဆိုတာ သိချင်ရုံပါ။
သား ရေ
" သား ဘာကြောင့် သွားမှာလဲ " မေးတာဟာ
သား ကိုယ်ရေးကိုယ်တာကို စွက်ဖက်ဖို့ မဟုတ်ပါဘူး
အနည်းဆုံး သားကျရှုံးရင် ဘာလုပ်ပေးနိုင်မလဲ
အများဆုံး သား ရည်ရွယ်ချက်ကို ဂုဏ်ယူချင်ရုံပါ။

" သား ဘယ်လို သွားမှာလဲ " မေးတာဟာ
သား အစီအစဉ်ကို သံသယရှိလို့ မဟုတ်ဘူး
အနည်းဆုံး အဖေ လမ်းပြခွင့် ရမလား
အများဆုံး သား အစီအစဉ်ကို ဝမ်းမြောက်ချင်ရုံပါ။
သားရေ
" သား ဘယ်အချိန် ပြန်ရောက်မလဲ " ဆိုတာ
အချိန်နဲ့ ကန့်သတ်ချင်လို့ မဟုတ်ဘူး
အနည်းဆုံး မင်း အိမ်ပြန်လာမယ်
အများဆုံး မင်း အပြန် တံခါးစောင့်ဖွင့်လို့ ရချင်ရုံပါ။
အဖေ စကားတွေ သိပ်ပြောနေမိသလား
တစ်ဦးတည်းသော သားပဲ သားရယ်
အဖေ စကားနည်းတာ သားသိပါတယ်။ ။
( အဖေနဲ့ အဖေများ အားလုံးသို့ ...)
ကမ်းလက်
1 comments:
အဖေလည်း စကားနည်းတယ် ..
Replyဒါပေမယ့် အသံတွေ ကြားနေရတယ် .. ။
Post a Comment