ိ
မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၄ ) မှ အဆက်
မေး ။ ။ တန်းတူမရှိတဲ့ ပညာရေးစနစ်က နှစ်ပေါင်းရာချီပြီး…..
ဖြေ ။ ။ မဟုတ်ပါဘူး။ ဇီဝဗေဒအရကို မတူကြပါဘူး။ DNA ကိုကြည့် X ဟီးလစ် နှစ်ခုက မိန်းကလေးကို မွေးထုတ်ပေးတယ်။ X ဟီးလက်က Y ဟီးလတ်(စ်)ထက် ပိုကြီးနေရင် ယောက်ျားလေး မွေးထုတ်ပေးတယ်။ Y က ပိုသေးငယ်နေမယ်ဆိုရင် မိန်းကလေးက ယောက်ျားလေးတွေထက် သူမအဖေနဲ့ ပိုတူတယ်။ ယောက်ျားလေးတွေကျတော့ အမေနဲ့ ပိုတူသွားတယ်။ ငါ့သားနှစ်ယောက်ကို ကြည့်တော့ သူတို့နှစ်ယောက်စလုံးက သူတို့ အမေနဲ့ ပိုတူနေတယ်။ အဲဒါ ငါပြောတာ မဟုတ်ဘူး။ လူတွေက သူတို့ကို ကြည့်ပြီးပြောတာ။ ငါ့သမီးကျတော့ ငါ့အတိုင်းပဲ။
သီအိုရီတွေကို ငါဖတ်တယ်။ စိတ်လည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် အဲဒီသီအိုရီတွေက တကယ့်လက်တွေ့ဘ၀ထဲမှာ သက်သေပြနိုင်ရမယ်။ လူသားတွေရဲ့ဘ၀ဟာ တန်းတူရည်တူဖြစ်တယ်ဆိုတဲ့ သီအိုရီကိုတော့ ဘယ်တုန်းကမှ မှန်တယ် မထင်ခဲ့မိဘူး။
မေး ။ ။ လူ့အဖွဲ့အစည်းထဲမှာ လူတန်းစား ဘယ်လောက်ကွဲပြားတဲ့အထိ လက်ခံနိုင်တယ်လို့ ထင်ပါသလဲ။ ဒါကို အခြေခံပြီး လူတန်းစားပြဿနာကြီးတက်လာမှာရော မစိုးရိမ်ဘူးလား။
ဖြေ ။ ။ မင်းကိုယ်တိုင် အစိုးရနေရာကနေ ၀င်ကြည့်။ နှစ်ပေါင်း (၅၀) ကြာအောင် ငါ အတွေးတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြည့်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ညီမျှမှုကိစ္စနဲ့ ပတ်သက်ပြီး ငါယုံကြည်အောင် မင်း မလုပ်နိုင်ဘူး။ မင်းဘာမှ မပြောလည်းဘဲ ဘ၀ရဲ့ အခြေခံအချက်တွေကို လက်တွေ့ကျကျ ငါသိခဲ့ပြီးပြီ။ မင်း ငါ့ကို မပြောင်းလဲနိုင်ဘူး။ ၀န်ကြီးတစ်ယောက်ယောက်က မင်းယုံကြည်သလို ယုံကြည်မယ်ဆိုရင် မွေးရာပါ အခွင့်အရေး၊ လူသားတိုင်း တူညီတယ်ထင်ရင် သူတို့က ငွေတွေ၊ အချိန်တွေကို ဖြုန်းနေဦးတော့မှာ။ နောက်ဆုံးမှ ငါပြောတဲ့ဆီကို ပြန်ရောက်လာမှာ။
မေး ။ ။ လူထုမျှော်လင့်ထားမှုတွေ ပြောင်းလဲလာတဲ့အကြောင်း ပြောခဲ့တယ်နော်။ အထူးလိုအပ်ချက်တွေရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေပြောနေကြတာက နိုင်ငံတော်မှာ ကလေးပညာရေးထောက်ပံ့ဖို့ ရံပုံငွေတွေရှိတယ်။ ဒါပေမယ့် ထောက်ပံ့မှုက အတိုင်းအတာတစ်ခုအထိပဲဆိုတော့ ပုဂ္ဂလိကစေတနာရှင်တွေဆီသွားပြီး အကူအညီတောင်းနေကြရတယ်တဲ့။ ဒီအတွက် မစ္စတာလီ ဘယ်လိုခံစားရပါသလဲ။
ဖြေ ။ ။ ဦးနှောက်ချို့တဲ့ရှာတဲ့ ကလေးတွေအတွက် ကျောင်းတည်ဆောက်ပေးခဲ့တယ်။ Autism ကျောင်းတစ်ချို့နဲ့ (တစ်သီးတစ်သန့်ဆန်ပြီး သင်္ခန်းစာ၊ ပတ်ဝန်းကျင်တို့နဲ့ ကူးလူးဆက်ဆံမှုမရှိပဲ ပုံမမှန်ဦးနှောက်ဖွံ့ဖြိုးမှု) အမြင်အားမကောင်းတဲ့ ကလေးတွေအတွက် ကျောင်းတွေတည်ဆောက်ပေးခဲ့တယ်။ အရေးအကြီးဆုံးအချက်ကို အရင်လုပ်ရတယ်။ အခြေခံမပါပဲ ဘာမှဆက်လုပ်လို့မရဘူး။
မေး ။ ။ လူတွေပြောနေကြတာက ကျွန်တော်တို့မှာ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပြီးနေပြီ။ ဒါကြောင့် အခုအခြားနယ်ပယ်တွေဆီကို ဦးလှည့်သင့်နေပြီတဲ့။
ဖြေ ။ ။ ပြဿနာက ငွေမဟုတ်ဘူး။ ကျောင်းတွေကိုလည်ပတ်ပေးမယ့် စနစ်တကျ လေ့ကျင့်ပေးထားတဲ့ လူတွေလိုတာ။ ဆွံ့အနားမကြားကျောင်းတွေဆောက်၊ ကျောင်းတွေဖွင့်။ ဒီလိုလုပ်လို့ မရဘူး။ ဒီကျောင်းတွေမှာ အလုပ်လုပ်မယ့်သူတွေကို နှစ်ပေါင်းများစွာ လေ့ကျင့်ပေးရတာ။
ဒါတွေကို ဘယ်မှာသွားလေ့လာရမလဲ။ အမေရိက၊ ဗြိတိန်နဲ့ သြစတေးလျမှာ သွားလေ့လာရမယ်။ ပါလီမန်အမတ် ဒင်းနစ် ပွါက ဒီကိစ္စအတွက် အစိုးရက တာဝန်ယူဖို့ အတင်းတွန်းအားပေးနေတယ်။ တည်ဆောက်၊ ပြင်ဆင်ထားတဲ့ ကျောင်းတွေနဲ့ ကိရိယာတွေကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ ဆရာတစ်ယောက်ကို လေ့ကျင့်ပေးရင် နှစ်ဘယ်လောက်ကြာမလဲ။ ဒါနဲ့ သူမကို ငါပြောတယ်။ ဒီကျောင်းတွေကို အစိုးရက တာဝန်လွှဲပြောင်းယူမယ်ဆိုရင်တောင်မှ ကလေးတွေကို အားပေးတတ်၊ အရည်အချင်းမမှီတဲ့ ကလေးတွေနဲ့ အရောတဝင်ဆက်ဆံတတ်တဲ့သူတွေ အစိုးရက လိုနေဦးမှာပဲ- လို့။ အဲသလို တာဝန်နဲ့ အလုပ်တွေကို ကြီးကြပ်ဖို့ သူတို့လိုလူတွေလိုတယ်။ ဒါက သူမရဲ့ ပုဂ္ဂလိကခံစားချက်သက်သက် မဟုတ်ဘူး။ သူ့သားက အဲသလို ဦးနှောက်ပုံမမှန်တဲ့ ရောဂါရှိနေတော့ သူမက တကယ်ကိုလေးလေးနက်နက်ကြီး ခံစားနေရပြီး ငါတို့ကို တွန်းနေတာ။
ငါက လုပ်ဖော်ကိုင်ဖက်တွေကို ပြောတယ်။ ဒီလို ဆွံ့အ၊ နားမကြား၊ ဦးနှောက်ပုံမမှန်တဲ့ ကလေးတွေရဲ့ ကျောင်းတွေကိုကွပ်ကဲဖို့ ကလေးတွေရဲ့ မိဘတွေလည်း ဘုတ်အဖွဲ့ထဲမှာပါနေမှ ရမယ်လို့။ သူတို့မိဘတွေကမှ တကယ်စိတ်ဝင်တစား သူတို့ကလေးတွေအတွက် တကယ်ခံစားကြရတာ။ ငါ့မြေးကောင်လေးတစ်ယောက်မှာ Albino (ခရုသင်းစွဲ ရောဂါကြီးဖြစ်ပြီး ဆံပင်၊ အသားအရေတွေ ပုံမှန်မဟုတ် ဖြူဖွေးနေသောရောဂါ) ရောဂါ ရလာတယ်။ အဲဒီနောက် သူ့ကို ပုံမှန်ကျောင်းမှာပြန်ထည့်ဖို့ တော်တော်ခက်သွားတယ်။
ဆက်ရန် -
ပြဿနာက ငွေမဟုတ်ဘူး။ ကျောင်းတွေကိုလည်ပတ်ပေးမယ့် စနစ်တကျ လေ့ကျင့်ပေးထားတဲ့ လူတွေလိုတာ။ ဆွံ့အနားမကြားကျောင်းတွေဆောက်၊ ကျောင်းတွေဖွင့်။ ဒီလိုလုပ်လို့ မရဘူး။ ဒီကျောင်းတွေမှာ အလုပ်လုပ်မယ့် သူတွေကို နှစ်ပေါင်းများစွာ လေ့ကျင့်ပေးရတာ။
အရေးအကြီးဆုံးအချက်ကို အရင်လုပ်ရတယ်။ အခြေခံမပါပဲ ဘာမှဆက်လုပ်လို့မရဘူး။
(လီကွမ်းယု)

ဇင်ဝေသော်
Post a Comment