စကာား " စစ် " ပွဲ


၁ ။ မုသာဝါဒ။ စစ်ကြေငြာခြင်း။
 စေတနာဆိုး မုသာဝါဒဟာ လူမှုရေးပြဿနာ အားလုံးရဲ့ ရေသောက်မြစ်။

၂ ။ ဖရုသဝါစာ။ အသေခံ ဗုံးဖောက်ခွဲခြင်း။ 
တစ်ဖက်သား နာကျင်ဖို့ သူကိုယ်တိုင် အနာခံဖို့ အသင့်ပြင်ထားခြင်း။ ရှောင်ဖို့ သိပ်မလွယ်တဲ့ အကွာအဝေးရောက်မှ ဖရုသဝါစာကိုရော အသေခံ ဗုံးခွဲသူကိုပါ တွေ့မြင်ခွင့်ရ။ နှစ်ဦး နှစ်ဖက် ထိခိုက်၊ အနာတရ ဖြစ်ဖို့များ။

၃ ။ ပိသုဏဝါစာ။ စနိုက်ပါလို တိုက်ခိုက်ခြင်း။ 
ပိသုဏဝါစာပြောတတ်သူက ရှေ့မှာ မပြော၊ ကွယ်ရာကနေ ဆော်တယ်။  ဖရုသဝါစာလောက်ပင် လူမဆန်၊ သတ္တိမရှိ။ မုသာဝါဒ ပြောသူလောက်လည်း ( မဟုတ်တာတော့ မဟုတ်တာပေါ့ ) အရည်အချင်း မရှိ။ တစ်ယောက်နဲ့ တစ်ယောက်သာ နားလည်မှုလွဲ၊ ဘယ်သူ့လက်ချက်လည်းဆိုတာ ချက်ချင်း မသိရ။ ကျည်ဆံတွေသာ ရောက် ရောက်လာတယ် ဘယ်သူက ပစ်နေမှန်း မသိရတတ်။

၎ ။ သမ္မပ္ဖလာပ။ မစ်စ် ဖိုင်းယား၊ လွဲမှား ပစ်မိ၊ ဗုံးချမိခြင်း။ 
တစ်ဖက်သားကို နာကျင်စေဖို့ ဆန္ဒမရှိ။ ဒါပေမယ့် သူ့ကြောင့် တစ်ဖက်သားမှာတော့ မရှုမလှ။ စေတနာ မပါတော့ လက်တုန့်ပြန်လို့လည်းမရတတ်။ တချို့က စေတနာဆိုးမပါ၊ သူပြောချင်ရာ သူပြောတယ်၊ ဂရုမစိုက်တော့  ပြောတာတွေက တစ်ဖက်သားကို သွား သွားထိ။ သူကမသိ။ သိတော့မှ " ဆောရီး၊ အဲသလို မရည်ရွယ်ခဲ့မိ " တဲ့။

ခွေးက လူတွေ အိပ်ယာက နိုးစေလိုတဲ့ စေတနာ မပါ။ သူ ဟောင်ချင်လို့သာ ဟောင်တယ်။ ဘာ့ကြောင့်ပဲ ဟောင်ဟောင် လူ အိပ်ယာက နိုးတာကတော့ အတူတူပဲ။
( စောနေလတ်၊ လူလားမမြောက်သေးသော အတွေးများမှ )


 ကမ်းလက် 

Post a Comment