ဦးသန်းရွှေ အသက်ရှင်နေသေးရင် တရုတ်သမိုင်းကို လေ့လာပါ။


ဦးသန်းရွှေ အသက်ရှင်နေသေးရင် တရုတ်သမိုင်းကို လေ့လာပါ။
မေး ။ ။ ထိပ်တန်းအဆင့်က အရာရှိကြီးတွေ သဘောထားချင်း မတိုက်ဆိုင်လို့ ကွဲသွား တာမျိုးရော မဖြစ်နိုင်ဘူးလား။ ဝမ်ကျားပေါင် ရာထူးရှိနေစဉ်တုန်းက သူဟာ နိုင်ငံရေး ပြုပြင် ပြောင်းလဲ လိုသူ တစ်ယောက်အနေနဲ့ တွေ့မြင်ခဲ့ရတယ်။ ဒီမိုကရေစီနဲ့ တရုတ်လူမျိုးတွေရဲ့ စရိုက်လက္ခဏာတွေ အကြောင်းတောင် သူက ဆက်စပ် ပြောပြနေသေးတယ်။
ဖြေ ။ ။ ဒါပေမဲ့ သူက နံပါက်တစ် မဟုတ်ဘူး။ နံပါက်သုံးအဆင့်ပဲ ရှိတယ်။ နံပါက်သုံးအဆင့်က ဒါမျိုး ပြောတယ်ဆိုတာကလည်း ကောင်းတဲ့အချက်ပါပဲ။ အဲဒီတုန်းက ကျန်ဇီမင်းက အာဏာကို ကိုင်ထား တုန်းပဲ။ သူတို့ ထိပ်တန်းအဆင့် အရာရှိကြီးတွေကြားမှာ ဝမ်ကျာင်းပေါင်နဲ့ သဘောထား တိုက်ဆိုင်တာ ဆိုလို့ တစ်ယောက်စနှစ်ယောက်စပဲ ရှိမယ်ထင်တယ်။ သူတို့အားလုံးဟာ စေ့စေ့စပ်စပ် ရွေးချယ်ခံထားရတဲ့ လူတွေချည်းပဲ။ ဟုတ်ပြီ၊ ဒီစနစ်ဟောင်းကို စွန့်ပြီး လူထုအကြိုက် လိုက်ကြစို့လို့ ပြောကြလိမ့်မယ် ထင်သလား။ ရွေးကောက်ပွဲဆိုတာ တစ်ယောက်ယောက်က ဝင်ပြိုင်ပြီး မထင်မှတ်ဘဲ နိုင်သွားတာမျိုးတွေ ရှိတတ်တယ်။ ဒါမျိုး သူတို့ လုပ်ကြမှာ မဟုတ်ပါဘူး။
(လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

မြန်မာပြည် မိုးလေ၀သ အခြေအနေ


အင်တာနက်လိုင်းများ တစ်နိုင်ငံလုံးမကောင်းဘဲ ဖြစ်နေခြင်းကြောင့် လာမည့်လပိုင်းအတွင်း မျက်နှာတစ်ဖက်ကို လှည့်ထားရင်း သမ္မတကြီးအနေနဲ့ လုထုကို ငဲ့ညှာပြီး ဒုတိယသက်တမ်းအတွက် စဉ်းစားပေးပါရန် တောင်းဆိုကြမည့် အစိုးရ ၀န်ထမ်းများ လမ်းပေါ်မှာ မကြာမကြာ တွေ့မြင်လာရနိုင်ကြောင်း လေ့လာသုံးသပ်ရပါသည်။

အသက်ရှည်ချင်ရင် ကြွက်ခုတ်


ကြောင်တောင်မှ ကြွက်ခုတ်တဲ့ကြောင်က အသက်ရှည်သတဲ့။
ကမ္ဘာ့စံချိန်၊၂၆ နှစ်နဲ့ ၁၃ ရက်တဲ့။
ကျန်တာတွေလည်း အဲသလိုပဲ နေမှာ။


သဒ္ဓါဓိကဘုရားအလောင်း ရှိတာကို မေ့ထားလို့ လုံးဝမရဘူး


ဒီနေ့ တရုတ်ပြက္ခဒိန်အရ New Moon ပေါ့။ အရင် ဒု ဝါဆိုလပြည့်နေ့က ဓမ္မစက္ကပဝတ္တနသုတ် ရွတ်ပြီး အလှည့်ကျ ဒီညမှာ သစ္စဝိဘင်္ဂသုတ်ကို ရွတ်ကြတယ်။
အဓိပ္ပါယ်ကို ကျကျနန သူတို့ နားမလည်ကြပါဘူး၊ ဒါပေမယ့် ရွတ်နေကြပုံက သိပ်ပြီးအားရပါးရရှိတယ်။ သဒ္ဓါဓိကဘုရားအလောင်း ရှိတာကို မေ့ထားလို့ လုံးဝမရဘူး။

ခေါင်းပေါင်းစကြီးတွေကိုယ်စီနဲ့ ဒကာကြီးနှစ်ယောက်


ထင်တဲ့အတိုင်းပဲ၊ ခေါင်းပေါင်းစကြီးတွေကိုယ်စီနဲ့ ဒကာကြီးနှစ်ယောက် ဓာတ်ပုံက သတင်းစာမှာ ပြူးလို့။
ရန်ဖြစ်တန်း ကစားနေကြတာ ဟုတ်ပုံမရဘူး။ တကယ်ဆော်နေကြတာ။ 
တစ်စုံတစ်ရာ အမှားအယွင်းမရှိရင် ဦးသိန်းစိန်က နေရာဆက်ထိန်းပေးဖို့ အစီအစဉ်ရှိကြဟန် တူပါတယ်။
တရုတ်နဲ့ကွဲသွားတာဆိုလို့ ဒီမိုကရေစီသို့ ဝန်ခံတာ၊ ရွေးကောက်ပွဲ လုပ်ပေးမယ် ကမ္ဘာသိကြေငြာတာပဲ ရှိပါတယ်။


မြန်မာပြည် ရွေးကောက်ပွဲကလည်း နယူးယောက်မာရသွန် လုပ်အားပေး တစ်ယောက် ပြောသလိုပြောရမယ် ထင်ပါတယ်။
"ဘာလို့များ ငွေကုန်၊ အချိန်ကုန်ခံနေကြလဲ မသိဘူး၊ ကင်ညာက လူတစ်ယောက်ခေါ်ပြီး လည်ပင်းမှာ ဆုတံဆိပ် ဆွဲပေးလိုက်ရင် ပြီးတာပဲ၊ အခု မလိုအပ်ဘဲ အားလုံး အလုပ် ရှုပ်နေကြရတယ်" တဲ့။
(August 13 at 11:09pm)