ကွမ်းကြိုက်သူ၊ ကော်ဖီကြိုက်သူနဲ့ ကြံရည်ရောင်းသူ


နေပူပူအောက်က သစ်ပင်ရိပ်အောက်မှာ ကွမ်းမပြတ် ဝါးတတ်သူ နဲ့ ကော်ဖီ စွဲသူတို့ဟာ ကြံရည်ခဏထိုင်သောက်ရင်း သူတို့ရဲ့ ဒဿနတွေကို လူ့ဘဝနဲ့ ဆက်စပ်ပြီး ဆွေးနွေးနေကြတယ်။

ကွမ်းကြိုက်သူ။ ။ လူ့ဘဝမှာ ဝန်းကျင်နဲ့ သဟဇာတဖြစ်မှုက သိပ်အရေးပါ တယ်ဗျ။ ကွမ်းယာလေးတစ်ယာမှာတောင် ကွမ်းရွက်၊ ထုံး၊ ဆေး၊ ကွမ်းသီး အချိုးညီမှ စားလို့ကောင်းတယ်။
ကော်ဖီကြိုက်သူ။ ။ ဒါကတော့ အငြင်းပွားစရာ မရှိပါဘူးဗျာ၊ ကွမ်းမှ မဟုတ်ပါ ဘူး။ ကော်ဖီတစ်ခွက်မှာလည်း ကော်ဖီ၊ သကြား၊ နွားနို့၊ ရေနွေးထည့်မှု ပမာဏ အားလုံးအချိုးညီမှ သောက်လို့ကောင်းတာပါ။

သူလုပ်နေရတဲ့အလုပ်ကို အခြေခံပြီး သူတို့ပြောနေတာတွေကို ကြံရည်ရောင်းသူက နားမလည်နိုင်ဘူး ဖြစ်နေတယ်။
ဒါနဲ့ သူတို့မှာထားတဲ့ ကြံရည်နှစ်ခွက်ကိုလာချရင်း



"ဆရာတို့ဆွေးနွေးနေတဲ့ ဒဿနတွေက သိပ်ကောင်းပါတယ်ဗျာ၊ ဒါပေမဲ့ ကြံရည်တစ်ခွက်မှာတော့ ဝန်းကျင်အဲသလောက် ကျယ်စရာမလိုဘူး ထင် တယ်ဗျ။ ကြံရည်ချို၊ မချိုက ဘာနဲ့မှ ညှိနေ၊ ညီနေစရာမလိုပါဘူး။ ကြံရင့်ရင်၊ ကြံမျိုးကောင်းရင် ချိုတယ်၊ ကြံ မရင့်၊ ကြံ မျိုးမကောင်းရင် မချိုဘူး။ ကျနော့် ဆိုင်က ကြံရင့်ပဲ သုံးပါတယ်။ သုံးဆောင်ကြည့်ကြပါအုံး"

အရှေ့တိုင်းရဲ့ Collectivism (သမဂ္ဂဝါဒ)နဲ့ အနောက်တိုင်းရဲ့ Individualism(ပုဂ္ဂလိကဝါဒ) ဝါဒနှစ်ခုကို ခံစားပုံဖော်မှုမျှသာပါ။

Post a Comment