လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ငါး၊ ကောက်နှုတ်ချက်
၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေအတွင်း မွတ်စလင်နိုင်ငံတွေထဲမှာ အစ္စလာမ်မစ် လှုပ်ရှားမှုတွေက လွှမ်းမိုးနေခဲ့ပြီး တစ်ခါတစ်ခါ အတိုက်ခံပါတီ တစ်ခုလုံး ကိုတောင် သူတို့က လုံးဝချုပ်ကိုင်ထားနိုင်ခဲ့တယ်။ သူတို့ အားကောင်းလာ ရခြင်းရဲ့ အကြောင်းတစ်ရပ်ကတော့ အတိုက်အခံပါတီတွေရဲ့ စည်းရုံးလှုပ် ရှားမှု အားနည်းခြင်းပါ။ အစ္စလာမ်မစ်အဖွဲ့တွေရဲ့ အောင်မြင်မှုတွေကြောင့် လက်ဝဲ၀ါဒနဲ့ ကွန်မြူနစ်ဝါဒလှုပ်ရှားမှုတွေ အရှက်တကွဲ ဖြစ်ခဲ့ရတယ်။ ဆိုဗီ ယက်ပြည်ထောင်စု ပြိုကွဲပြီး နိုင်ငံတကာကွန်မြူနစ်စနစ် ကျရှုံးသွားတဲ့နောက် မှာတော့ လုံးဝအဖတ်ဆယ်လို့ မရအောင်ဖြစ်ခဲ့ရတယ်။
လစ်ဘရယ် ဒီမိုကရက်တစ် အတိုက်အခံအဖွဲ့တွေလည်း မွတ်စလင်နိုင် ငံတွေထဲမှာ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ လစ်ဘရယ် ဒီမိုကရေစီကိုထောက်ခံ သူတွေက ပညာတတ် လူတန်းစား အနည်းအကျဉ်း၊ အနောက်တိုင်းမှာ နေ ထိုင်သူ (သို့မဟုတ်)အနောက်တိုင်းနဲ့ ဆက်စပ်မှုရှိသူ လူအနည်းစုလေး မျှ သာဖြစ်နေတတ်ပါတယ်။ အချို့ချွင်းချက် အနေအထား လေးတွေကလွဲရင် လစ်ဘရယ်ဒီမိုကရေစီလည်း မွတ်စလင် လူထုတွေကြားမှာ ရေရှည်လူကြိုက် များလာအောင် မရပ်တည်နိုင်ခဲ့ဘူး။ “အစ္စလာမ်မစ် လစ်ဘရယ်ဝါဒ” တောင် အမြစ်မတွယ်နိုင်ခဲ့ပါဘူး။
"မွတ်စလင်အဖွဲ့အစည်း တစ်ခုကနေ အခြား မွတ်စလင်အဖွဲ့ဆီ လစ်ဘရယ် ဒီမို ကရေစီ အကြောင်း ရေးသားခြင်း နဲ့ အမျိုးသားရေး ဘူဇွာဝါဒရေး သားခြင်းဟာ လူတစ်ယောက်ရဲ့ နာရေးသတင်းရေးတာနဲ့ အတူတူဖြစ်ပြီး၊ အသက်ပြန်ရှင်လာမှာမဟုတ်သလို ဘယ်တော့မှလည်းအောင်မြင်မှာ မဟုတ်ဘူး” လို့ ဖောက်(ဒ်) အာဂျမီ (Fouad Ajami)က သုံးသပ်တယ်။ “မွတ်စလင် နိုင်ငံတွေထဲ ဒီမိုကရေစီအမြစ်တွယ်ဖို့ကြိုးစားမှုဟာ ယခုထက် တိုင်ကျရှုံးနေဆဲပဲဖြစ်ပြီး ၁၈၀၀ ခုနှစ်ကစလို့ ရာစုနှစ် တစ်ခုလုံး ကြိုးစား တိုင်း အရာမမြောက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု လည်း ဖြစ်ပါ တယ်။" (Note 27)
ကျရှုံးခြင်းမှာလည်း အကြောင်းတော့ရှိပါတယ်။ အနောက်တိုင်းလစ်ဘရယ် အ ယူအဆဟာ အစ္စလာမ်မစ်ယဉ်ကျေး မှု၊ အစ္စလာမ်မစ် လူ့အဖွဲ့အစည်းတွေရဲ့ သဘာဝနဲ့ သိပ်ပြီးအစေး မကပ်လှပါဘူး။ အတိုက်အခံ အဖွဲ့အစည်းတွေ ထဲမှာ သူတို့ (အစ္စလာမ်မစ်)က လွှမ်းမိုးထားနိုင်ခြင်း၊ သူတို့ ကိုယ်တိုင် အ တိုက်အခံပါတီဖွဲ့ခြင်းတွေကနေအစပြုရင်း အစ္စလာမ်မစ် လှုပ်ရှား မှုေ တွ အောင်မြင်မှုရလာတော့ လက်ရှိအစိုးရတွေကို အန်တုဖို့ သူတို့သာ တစ်ခု တည်းသော အဖွဲ့အစည်း ဖြစ်လာ ခဲ့တယ်။ ဒီလို ဖြစ်လာ ဖို့အတွက် လက် ရှိအစိုးရတွေ ကျင့်သုံးတဲ့ ပေါ်လစီတွေရဲ့ အကူအညီလည်း မကင်း ခဲ့ပါဘူး။ စစ်အေး တိုက်ပွဲ ကြီး အတွင်းမှာဆိုရင် အယ်(လ်)ဂျီးရီးယား၊ တူရကီ၊ ဂျော်ဒန်၊ အီဂျစ်နဲ့ အစ္စရေးနိုင်ငံ အပါအ၀င် အစိုးရတွေဟာ ကွန်မြူ နစ်ဝါဒကို တိုက် ဖျက်ဖို့(သို့မဟုတ်)အမျိုးသားရေးဝါဒ လှုပ်ရှားမှုတွေအားလျော့စေဖို့ တန်ပြန် အနေနဲ့ အစ္စလာမ်မစ် အဖွဲ့တွေကို ထောက်ပံ့အားပေးခဲ့ကြတယ်။ ပင်လယ်ကွေ့စစ်ပွဲ မတိုင်ခင်အထိ ဆော်ဒီအာရေးဗျ အပါအ၀င် အခြားပင် လယ်ကွေနိုင်ငံတွေဟာ မွတ်စလင် ညီအကိုအဖွဲ့နဲ့ အခြားနိုင်ငံအသီးသီးက မွတ်စလင်အဖွဲ့တွေကို ငွေကြေးအမြောက်အမြား ပုံပေးထောက်ပံ့ခဲ့ကြတယ်။ အစ္စလာမ်မစ်အဖွဲ့တွေ အတိုက်အခံပါတီတွေထဲ လွှမ်းမိုးမှုရလာခြင်း ဟာ အစိုးရတွေကိုကိုယ်တိုင်က ဘာသာရေးဘက်မလိုက်ဝါဒကို ဖိနှိပ်ထားလို တဲ့ ပေါ်လစီကြောင့် လည်းဖြစ်နိုင်ပါတယ်။ အစ္စလာမ်မစ်အဖွဲ့တွေရဲ့အားက အများအားဖြင့် ဘာသာရေးဘက်မလိုက်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားရေး ပါတီ တွေရဲ့အားနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတတ်ပါတယ်။
ဘာသာရေးအယူသိပ်မသည်းတဲ့ မော်ရကို၊ တူရကီလို နိုင်ငံတွေမှာဆိုရင် အတိုက်အခံပါတီတိုင်းကို နှိပ်ကွပ်ရာကနေ အတိုင်းအတာတစ်ခုအထိ ပါတီစုံ စနစ်အထိ ခွင့်ပြုလာကြတယ်။(Note 28)
ဒါပေမဲ့ ဘာသာရေးဘက်မလိုက် အတိုက်အခံပါတီက ဘာသာရေး အတိုက် အခံပါတီထက် ပြိုကွဲဖို့ ပိုများတယ်။ ဘာသာ ရေးအတိုက်အခံပါတီက ဗလီ အတွင်း၊ ဗလီအပြင် နှစ်နေရာစလုံးမှာ လှုပ်ရှားလို့ရတယ်။ လူထုအကျိုးပြု အဖွဲ့အစည်းတွေ၊ အခြား ဖောင်ဒေးရှင်းတွေနဲ့ အစိုးရက ကိုယ်တွယ်ထိန်းချုပ် ဖို့ခက်တဲ့ အစ္စလာမ် အင်စတီကျူးရှင်းတွေ ဖွဲ့စည်းပြီး လှုပ်ရှား နေလို့ရတယ်။ လစ်ဘရယ်ဒီမိုကရေစီမှာ ဒီလိုအကာအကွယ်တွေ မရှိဘူး။ ဒါကြောင့် အစိုး ရရဲ့ထိန်းချုပ်တာ၊ အစိုးရဖြိုခွဲ ခြင်း ခံရတာတွေပိုရှိနိုင်တယ်။
အစ္စလာမ်မစ်တွေ နိုင်ငံရေးထဲ မသိမသာပါဝင်လာနေမှုကို ဟန့်တားဖြေေ လျာ့ဖို့ အနေနဲ့ အစိုးရတွေက အစိုးရ စာသင်ကျောင်းတွေမှာ ဘာသာရေး သင်ခန်းစာတွေ တိုးချဲ့ပေးလာတယ်။ ဒီတော့ အစ္စလာမ်မစ် စာအုပ်ကြီး သမား ကျောင်းဆရာတွေ၊ အစ္စလာမ်မစ် အတွေးအခေါ်တွေ လွှမ်းမိုးလာပြန် တယ်။ အဲဒီနောက် ဘာသာရေး အတွက် သီးသန့်ရော ဘာသာရေးဆိုင်ရာ အင်စတီကျုတွေအတွက်ပါ အထောက်အပံ့တွေ တိုးမြှင့်ပေးလာခဲ့ကြတယ်။ ဒီ အပြုအမူ တွေဟာ တစ်ပိုင်းတစ်စအားဖြင့် အစိုးရတွေရဲ့ ဘာသာရေးအပေါ် ထားတဲ့ သဘောထားလို့ဆိုရင်ရနိုင်ပါတယ်။ ငွေကြေး အရ ထောက်ပံ့နေေ ပမယ်လို့ အစ္စလာမ်မစ်အင်စတီကျူးရှင်းတွေနဲ့ အစ္စလာမ်မစ်ပညာရေးအပေါ် ထိန်းချုပ်ကွပ်ကဲမှုကိုလည်း အစိုးတွေက တိုးမြှင့်ထားခဲ့ကြတယ်။ ဒါပေမဲ့ ကျောင်းသားနဲ့ လူထုထဲ အစ္စလာမ်မစ် တန်ဖိုးတွေကို (ရောက်ရှိ) ရရှိစေနိုင်တဲ့ အစ္စလာမ်မစ်ပညာရေးဆီ သူတို့အစိုးရတွေကပဲ ဦးတည်ပေး လိုက်တာပါ။ ကျောင်းသားနဲ့ လူထုတွေကလည်း အစ္စလာမ်နဲ့ ပါတ်သက်တဲ့ အခွင့်အရေးတွေကို ပိုပြီးပွင့်ပွင့်လင်းလင်း တောင်းဆိုလာကြတယ်။ အဲဒီကျောင်းတွေက ဘွဲ့ရခဲ့ သူတွေဟာ အစ္စလာမ်ဗစ် ပန်းတိုင်တွေနဲ့ အလုပ်ဝင်လုပ်ကြတော့တယ်
“အစ္စလာမ်ဘာသာနိုးထခြင်း” အားအစွမ်းနဲ့ အစ္စလာမ်မစ် လှုပ်ရှားမှုတွေ ရဲ့ တောင်းဆိုမှုတွေက အစ္စလာမ်မစ် စည်းကမ်းဥပဒေတွေနဲ့ အလေ့ အ ကျင့်တွေရဲ့ အခန်းကဏ္ဍကို တိုးမြှင့်ပေးဖို့ အစိုးရတွေကို ဖိအားပေးလိုက် တာပါ။ သူတို့ အစိုးရအဖွဲ့ထဲမှာလည်း အစ္စလာမ်မစ် သင်္ကေတတွေကို အသုံးပြုရတယ်၊ အစ္စလာမ်မစ်ကျင့်ဝတ်တွေနဲ့အညီ လိုက်နာကျင့်သုံးကြ ရ တယ်။ အကျယ်ပြန့်ဆုံးအနေနဲ့ ပြောရရင် ဒါဟာ သူတို့နိုင်ငံ၊ သူတို့ လူ့အဖွဲ့ အစည်းတွေရဲ့ အစ္စလာမ် မစ် သဘောလက္ခဏာတွေကို အစိုးရက အတည်ပြုပေးလိုက်ခြင်း(သို့မဟုတ်)အသစ်တဖန် ပြန်လည်အတည်ပြု
လိုက်ခြင်း ပဲ ဖြစ်ပါတယ်။
၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေကြား နိုင်ငံရေးခေါင်းဆောင်တွေဟာ သူတို့ကိုယ် သူတို့ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ် ဆိုတာ အလောတကြီး ၀န်ခံ လာခဲ့ကြရတယ်။
ဂျော်ဒန်ရဲ့ ဘုရင်ဟူစိန်ကဆိုရင် အစ္စလာမ်မဟုတ်တဲ့ အစိုးရဟာ အစ္စလာမ် ကမ္ဘာမှာ သက်တန်းရှည်ဖို့ မလွယ်ကူဘူးလို့ “အစ္စလာမ်မစ် ဒီမိုကရေစီ” “မော်ဒန်နိုက်(ဇ) ဒီမိုကရေစီ” ဖြစ်အောင် လုပ်ဆောင်ယူရမယ်လို့ ယုံယုံ ကြည်ကြည်နဲ့ ပြောခဲ့ပါတယ်။ မော်ရိုကိုရဲ့ ဘုရင် ဟာဆန်ကလည်း သူဟာ “တမန်တော်မို ဟာမက်” မျိုးဆက်ကနေ ဆင်းသက်လာတာဖြစ်ပြီး သူတို့ တာဝန်က “မိုဟာမက်ကို ယုံကြည်သူတွေရဲ့ကွန်မန်ဒါတစ် ယောက် ဖြစ်နေ ဖို့” လို့ ကြွေးကြော်ခဲ့တယ်။ အရင်က အစ္စလာမ်ဘာသာရဲ့ ကျင့်ဝတ်တွေကို အသိအမှတ်မပြုခဲ့တဲ့ ဘရူနိုင်း ရဲ့ ဆူ(လ်)တန်ကလည်း ဘာသာရေးကို သိသိသာသာကြီး ယုံကြည်ကိုးကွယ်လာပြီး သူ့အစိုးရအဖွဲ့ကိုတောင်မှ “မလေး ပေါ်လစီ မွတ်စလင်အစိုးရ” လို့ အမည်ပေးခဲ့တယ်။ တူနီးရှားက ဘင်အလီ (Ben Ali) ကလည်း နေ့စဉ်ပုံမှန် ဘုရားဝတ် ပြုဆုတောင်းသူ ဖြစ် လာခဲ့ပြီး သူ့မိန့်ခွန်းထဲမှာတောင် “အစ္စလာမ် သံချပ်ကာဝတ်စုံကို ၀တ်ရုံပြီး အစ္စလာမ်မစ်အဖွဲ့တွေရဲ့ တောင်းဆိုလာမှုတွေကို နားစွင့်နေတယ်” လို့ပြော တယ်။(Note 29)
ဆက်ရန်
Post a Comment