မောနင်း ပို့စ်


၁။ နယူးယောက် အမျိုးသမီးတွေရဲ့ ရင်သားကိစ္စက အာရှမျက်စိနဲ့ ကြည့် ရင် ရှေ့နည်းနည်း ပိုရောက်သွားသလိုပဲ။ စလုံးမလေးလို ကတုံး ရိတ်ပြီး ခပ်တည်တည် လူထဲထွက်ပြတာက ပိုမိုက်သလား လို့။ (သူမကတော့ ရောဂါကြောင့်ပါ တဲ့)

၂။ ဒေါ်စုကတော့......
*လွတ်လွတ်လပ်လပ်၊ မှန်မှန်ကန်ကန်ဆို ရွေးကောက် ပွဲမှာ နိုင်ဖို့ ယုံကြည်။
*ဒါပေမဲ့ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှုမျိုးလို စိုးရိမ်စရာတွေတော့ ရှိ။

*လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရင် ဒီမိုကရေစီ ကူးပြောင်းရေးခရီး ရှေ့သိပ်မရောက်သေး။

*မိုဘိုင်းဖုန်းတွေ လူထုသုံးစွဲလာမှုက နိုင်ငံရေးအပေါ် အကျိုးသက်ရောက်မှု ရှိ၊ တရားမမျှတမှု၊ အဖိနှိပ် ခံရမှုတွေ လူထုက ပိုသိ။
သမ္မတ လျာထားသူဟာ ပါတီတွင်းကပဲ ဖြစ်မယ်၊ သူ(မ) ကိုလည်း ရွေးကောက်ပွဲပြီးမှပဲ ကြေငြာမယ်။

*သူမဟာ အခု ဖရီးဒမ်း ဖိုက်တာ မဟုတ်တော့၊ ရွေးကောက်ပွဲ အနိုင်ရဖို့ အာရုံစိုက်ထားတဲ့ လက်တွေ့ နိုင်ငံရေးသမား ဖြစ်လာ။

၃။ ဒါနဲ့ စကားမစပ် ဝိန်း ရွန်နီ ဂိုးစသွင်းနေပါပြီ။ ဟက်ထရစ်။

Life is like that


တိုးရစ်။ ။ Hey, look at that! ကို မြန်မာလို ဘယ်လို ပြောရပါသလဲ။
မြန်မာ။ ။ ဟယ်၊ ကျန်း။
တိုးရစ်။ ။ ကျေးဇူးပါ။ Life is like that ကိုရော မြန်မာလို ဘယ်လို ပြောရပါသလဲ။
မြန်မာ။ ။ အာ့ ဘွပဲ။
တိုးရစ်။ ။ မှတ်ရတာ လွယ်တယ်နော်၊ ကျေးကျေး။

ဒီစက်ဝိုင်းထဲမှာ တ၀ဲလည်လည်နဲ့

အမေကိုပဲ မိခင်ဘာသာစကားနဲ့ တ ကြတယ်


အသက်တော် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ပါဠိကောလိပ်၊ ပရင်စီပယ်ဆရာတော်ကြ်ီး ဆေးရုံးမှာ တင်ထားရတာ ရက်အတော်ကြာနေပြီမို့ ဒီနေ့ သွားဖူးဖြစ်ပါတယ်။ ဆွမ်းစားဖို့ ကုဋင်ပေါ်ကနေ ထိုင်ခုံပေါ် လူအကူနဲ့ အရွှေ့မှာ ဆရာတော်ကြီးနှုတ်က အမ္မလိုလို အမ်မာလိုလို အသံထွက်လာလို့ ဘာမိန့်လိုက်တာပါလိမ့်လို့ ဘေးက သီဟိုဠ်ကိုယ်တော်ကိုမေးတော့ သီဟိုဠ်ဘာသာနဲ့ အမေလို့ ခေါ်လိုက်တာ တဲ့။
အော် ဘယ်အရွယ်မဆို အမေကို တဆဲ။
တပြန်တော့လည်း မိခင်ဘာသာစကားနဲ့ပဲ။

စထရိတ်တိုင်းမ်း အယ်ဒီတာ့အာဘော်က ဆရာကြီးနှစ်ယောက် ရန်ဖြစ်ကြတဲ့အကြောင်း


ဒီနေ့ စထရိတ်တိုင်းမ်း အယ်ဒီတာ့အာဘော်က ဆရာကြီးနှစ်ယောက် ရန်ဖြစ်ကြတဲ့အကြောင်း ထူးထူးဆန်းဆန်း ရေးလာပါတယ်။

*ပါတီခေါင်းဆောင်နှစ်ဦး သဘောထား မတိုက်ဆိုင်မှုဆိုတာ ဖြစ်လေ့ဖြစ်ထ ရှိ၊ နိုင်ငံရေးနည်းအားဖြင့်သာ တစ်ယောက်ယောက်ကို ဖယ်ရှားတတ်ကြ။

*ဦးသိးစိန်နဲ့ ဦးရွှေမန်းအကြား ဖြစ်သွားပုံက လက်ရှိရောက်နေတဲ့ ပြောင်းလဲ မှုတွေကို အနှောက်အယှက်ဖြစ်စေ။

*ဦးရွှေမန်းက ဦးသိးစိန်ကို စိန်ခေါ်လိုဟန်၊ ပြောင်းလဲမှု မြန်မြန်ဆန်ဆန် လုပ်စေလိုဟန်ရှိ၊ ဒေါ်စုနဲ့လည်း ရင်းနှီး၊ ဒါပေမဲ့ ညကြီးမင်းကြီး ရဲကားနဲ့ ဝိုင်းတာမျိုး လုံးဝမလုပ်သင့်။

*ဒေါ်စုက သမ္မတဖြစ်ခွင့်မရှိပေမဲ့ သူမပါတီကတော့ ရွေးကောက်ပွဲမှာ အခြေအနေကောင်းနိုင်။ ဒါကို စစ်တပ်က လက်ခံဖို့လို။

*ရွေးကောက်ပွဲ အခြေအနေအပေါ်မူတည်ပြီး နိုင်ငံ့စီးပွားရေး ပြောင်းလဲ လာနိုင်။

*ဘယ် ပြည်ပရင်းနှီးမြှပ်နှံသူ စီးပွားရေးသမားကမှ ခေါင်းဆောင်တစ်ေ ယာက်ကို ညကြီးမင်းကြီး ရဲကားနဲ့ဝိုင်းတာမျိုး မမြင်လို။

*အခြားနိုင်ငံတွေက ဝေဖန်နေချိန် အာစီယံက မြန်မာနဲ့အတူ ရပ်တည်ပေးခဲ့။ အိမ်နီးချင်းတွေက မြန်မာအစိုးရ လူလူသူသူ ဖြေရှင်းတာကို မြင်တွေ့လို တယ်ဆိုတာ သိထားဖို့လို။