ရယ်စရာ ဥပဒေ (လက်ထပ်စာချုပ်မရှိရင် ရှစ်ပါးသီလစောင့်)


မရေးအပ်တဲ့ဥပဒေပေမဲ့ ဘာသာရေးနဲ့ကပ်ပြီး ဒီလို ကြည့်မိပါတယ်။ ဒီဥပဒေဟာ ရယ်စရာ ကောင်းလောက်အောင် နေရာမှားနေသလို ဘယ်တော့မှလည်း ထိထိရောက်ရောက် ကျင့်သုံးလို့ ရလိမ့်မယ် မဟုတ်ပါ။
ဗုဒ္ဓဘာသာရဲ့ အခြေခံဥပဒေက ငါးပါးသီလလို့ဆိုရင် ရပါတယ်။ အဲဒီ ငါးပါးထဲမှာ မေထုန်နဲ့ဆိုင်တဲ့ ကိစ္စက ကာမေသု "မိစ္ဆာစာရ" ပါ။

ဗုဒ္ဓဘာသာတိုင်းအတွက် ရည်စူးလို့ "မိစ္ဆာစာရ" ကိုသာ တားမြစ်ပြီး မိစ္ဆာ စာရ မဟုတ်တဲ့ အခြားကာမဂုဏ်တွေကို လွှတ်ပေးထားရပါတယ်။ အဲသလို မဟုတ်ရင် ဘယ်သူမှ လိုက်နာလို့မရတဲ့ ဥပဒေဖြစ်ပြီး ဟန်ဆောင်ဥပဒေ၊ လူသားများ ရယ်ဖွယ်ဥပဒေ ဖြစ်သွားပါလိမ့်မယ်။ မိစ္ဆာစာရကိုပဲ အရွယ် မရောက်သေးသူ၊ အလိုမတူဘဲ မတရားကျင့်သူ စသည် ခေတ်နဲ့အညီ အဓိပ္ပါယ်ဖွင့်ဆိုပြီး သတ်မှတ်နိုင်ပါတယ်။

မေထုန်နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာက ဒါပဲပြောသလားဆိုရင်တော့ မဟုတ် ပါဘူး။ အများအားဖြင့် လပြည့်လကွယ်လို ဥပုသ်နေ့တွေမျိုးမှာ ထူးထူးခြားခြား စောင့်ထိန်းကြတဲ့ ရှစ်ပါးသီလရှိပါတယ်။ ခေတ်စကားနဲ့ အထူးဥပဒေလို့ ခေါ်နိုင်ပါတယ်။ ဒီမှာ မေထုန်နဲ့ပတ်သက်လို့ "အဗြဟ္မစရိယ" လို့ သုံးပြီး ဘယ်လို မေထုန်ဆက်ဆံခြင်းမျိုးကိုမဆို တားမြစ် ပါတယ်။ အထူးဥပဒေဖြစ်လို့ လူတိုင်း၊ နေ့တိုင်း စောင့်ထိန်းနေကြမယ် မဟုတ်တော့ပါဘူး။
ကျင့်လိုက ကျင့်၊ မကျင့်လိုက နေ။
ဒါကို မဖြစ်မနေ လိုက်ကိုလိုက်ရမယ်ဆိုရင် အများစုကတော့ ဗုဒ္ဓဘာသာအဖြစ်ကနေ နှုတ်ထွက်သွားမှာပါပဲ။

လက်မထပ်ခင် အတူနေသင့် မနေသင့်က အရှေ့တင်မက အနောက်မှာလည်း ပြောဆိုနေကြဆဲပါ၊ ဒါပေမဲ့ ဒါက တစ်ဦးချင်းစီရဲ့ ယုံကြည်မှုနဲ့ ရွေးခြယ်မှုအနေနဲ့ပဲ ရှိနေပါတယ်။

အခု ဥပဒေအရ လူပျို၊ အပျိုတိုင်း မေထုန ရှစ်ပါးသီလ စောင့်ထိန်းရမယ်လို့ ဆိုလိုရာ ရောက်နေတော့ လက်တွေ့မကျတဲ့အပြင် ဥပဒေကို ဘယ်လို ကျင့်သုံးမလဲ(How to apply) ဆိုတာအတွက်လည်း အဖြေ မရှိပါ။

"နံ" ဆိုတဲ့ဝေါဟာရ


မြန်မာစာမှာ "နံ" ဆိုတဲ့ဝေါဟာရက နေရာတော်တော်များများမှာ မကောင်းတဲ့အဓိပ္ပါယ် ထွက်တယ်။ ဒါပေမဲ့ ရေ နဲ့တွဲတဲ့ နံ ကတော့ တစ်မျိုးပဲ။ ရိုးရိုးရေက ဈေးမကြီးဘူး၊ ရေနံက ကြီးလိုက်တဲ့ဈေး။
"မှောက်" ဆိုတဲ့စကားလည်း အဲသလိုပဲ။ မျက်စိမှောက်တာကျတော့ မမြင်တဲ့ အဓိပ္ပါယ်ထွက်ပြီး မျက်မှောက်ပြုတာကျတော့ မြင်တဲ့အဓိပ္ပါယ်။ မြင်တာမှ ရိုးရိုးမြင်တာတောင် မဟုတ်ဘူး၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ မြင်တာမျိုး။ နိဗ္ဗာန်ကို မျက်မှောက်ပြု တဲ့။

ဒီနေ့တော့ လီဗာပူးကလွဲရင်


ဒီနေ့တော့ လီဗာပူးကလွဲရင် အသင်းကြီးတွေအားလုံး နိုင်သွားကြတယ်။ အာဆင်နယ်က နယူးကာဆယ်ကို မီးကြိုးမောင်းပျက်နိုင်၊ မန်စီးတီးက ဝက်ဖို့ဒ်ကို ဟန်နဲ့ပန်နဲ့နိုင်။
အထူးသဖြင့် ချယ်ချယ်တို့ အဖေအားပေးတဲ့ အသင်းလေး ချယ်လ်ဆီးကတော့ အောက်သင်းပီပီ သူ့ အိမ်ကွင်းမှာကိုပဲ အသင်းကြီးဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်ကို နှစ်တစ်နဲ့ အရှုံးပေးသွားရလေရဲ့။

တရုတ်က လေတော့ နည်းနည်းမှ မလျှော့ဘူး


နပိုလီယံကို တိုက်ခိုက်အောင်မြင်ပြီးတဲ့နောက် ဗြိတိသျှတို့ရဲ့ ကုန်သွယ် ရေး နယ်ချဲ့မှုကလည်း အရှိန် အဟုန်ပိုကောင်းလာပြီး နောက်ထပ်ကြိုးစားမှု အနေနဲ့ ဗြိတိသျှတို့က ဒုတိယအကြိမ်မြောက် ကိုယ်စားလှယ်အဖွဲ့ကို စေ လွှတ်ခဲ့ပြန်ပါ တယ်။ နပိုလီယံနဲ့ဖြစ်တဲ့ စစ်ပွဲမှာ လက်စွမ်းပြနိုင်ခဲ့တဲ့ ဗြိတိ သျှ ရေတပ်စွမ်းရည်ဟာ တရုတ်နဲ့ သံတမန်ဆက်ဆံရေး ကမ်းလှမ်းမှု မှာတော့ သိပ်ပြီး အထောက်အကူ မဖြစ်လှပါဘူး။
ဗြိတိသျှ ကိုယ်စားလှယ်တော် ဝီလီယံ အမ်းဟာ့(တ်) (William Amberst) က သူ့ဝတ်စုံချုပ်လို့ မပြီးသေးလို့ ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘုရင်ရှေ့ ဒူးထောက် အခစားဝင်ဖို့ ငြင်းဆန်လိုက်တဲ့အခါ သူနဲ့ သူ့ရဲ့ ကမ်းလှမ်းချက် ကိုလည်း တရုတ်အင်ပါယာက ပယ်ချခဲ့ပြန်ပါတယ်။ တရုတ်ဘုရင် မင်းမြတ်က အင်္ဂလန်ရဲ့ အိမ်ရှေ့မင်းသား ရီဂန့် (Regent) ထံ ရေးတဲ့စာမှာ

“မိုးအောက်မြေပြင်တစ်ခုလုံး၏ အရှင်သခင်၊ တရုတ်အင်ပါယာသည် ကိုယ်စားလှယ်အသီးသီးထံ ကိုယ်တိုင်သွားရောက် တွေ့ဆုံမှု ပြုမနေနိုင်ပါ” “အလွန်ဝေးလံလှသည့် ပင်လယ် တစ်ဖက်ကမ်းရှိ နိုင်ငံတစ်နိုင်၏ သစ္စာစောင့်သိမှုနှင့် ယဉ် ကျေးမှု အဆင့်အတန်း မြင့်မားလိုမှုအတွက် ကမ်းလှမ်းချက်ကိုတော့ တရုတ် ဘုရင်မင်းမြတ်က အသိအမှတ်ပြု မှတ်တမ်းတင်ထားပေသည်။ သို့သော် ...”
(၁၉ ရာစု၊ အနောက်တိုင်း သာသနာပြုတွေရဲ့ မှတ်တမ်းထဲမှာတော့ ဒီလိုရေးထားပါတယ်။)

“ယနေ့မှစ၍ ဘယ်လိုသံတမန်မှ မစေလွှတ်ပါနှင့်၊ ဤကိစ္စက ခရီးပန်း၊ အချိန်ကုန်သာဖြစ်ပါသည်။ သင်တို့အနေဖြင့် စိတ်လိုလက်ရ အလုပ် အကြွေး ပြုလုပ်လိုသည်ဆိုပါက အကြောင်းတိုက်ဆိုင်လျှင် တရုတ် အင်ပါယာမှ သာသနာပြုများ စေလွှတ် ပေးနိုင်ပေသည်။ သို့မှသာ သင်တို့လည်း ယဉ်ကျေးမှု အဆင့်မြင့်မားလာသူတွေ ဖြစ်နိုင်ပေလိမ့်မည်။ ယခုထုတ်ပြန်လိုက်သော အမိန့်ကို သင်တို့အနေနှင့် ထာဝရ လိုက်နာကြရမည်။”

(ကစ်ဆင်းဂျား)

သက္ကရာဇ် ၂၀၄၀ မှာ ရေပြတ်လပ်မှု အကြီးအကျယ် ရင်ဆိုင်ရဖွယ် ရှိ


လာမယ့် သက္ကရာဇ် ၂၀၄၀ မှာ ရေပြတ်လပ်မှု အကြီးအကျယ် ရင်ဆိုင်ရဖွယ် ရှိတဲ့ နိုင်ငံတွေကို ခန်းမှန်းဖော်ပြထားပါတယ်။ စင်္ကာပူလည်း ပါဝင်နေ တယ်။ မြန်မာ မပါလို့ တော်ပါသေးရဲ့။ တရုတ်ကြီးက ရေမဝယ်သေးသရွေ့ ဒီပြသနာ မကြီးလှသေးဘူးလို့ ဆိုရမှာပါ။ နိုင်ငံတွေစာရင်းကို ပုံ ၂ မှာ ရှုပါ။

၃ နဲ့ ၄ က ထိုင်း ရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြသနာပါ။ ပါကစ္စတန်အပြင် ဆီးရီးယားနဲ့ ဆိုမာလီယားတို့ကတောင် ပါနေသေးတယ်။ ဟန်တင်တန်ဟောကိန်းတွေကတော့ ကြောက်စရာကောင်းလောက်အောင် မှန်နေတယ်။

မြန်မာနဲ့ ပတ်သက်တဲ့သတင်းကတော့ ဟံသာဝတီလေဆိပ် စီမံကိန်း ရွှေ့ ဆိုင်းတဲ့ အကြောင်းပဲ ပါလာတယ်။
ဒါနဲ့ မနေ့က ခြယ်ခြယ်တို့အဖေပြောသွားတဲ့ "ရန်ကုန်ကားလမ်းပိတ်တာက လမ်းဘေးဈေးသည်လေးတွေ ဖမ်းနေရုံနဲ့တော့ မရလောက်ပါဘူး ကွယ်တို့" ဆိုတာလေး မဆိုးဘူး။