မျက်နှာငယ်စရာ မလိုတော့ဘူး


သူတို့ ကွန်စတီကျူးရှင်းက ဒေါ်စုလိုပုဂ္ဂိုလ်ကို သမ္မတဖြစ်ခွင့် တားတယ်။
သူတို့ရွေးကော်စည်းမျဉ်းက ဇင်ဝေသော်လို ပေမှီဒေါက်မှီတစ်ယောက်ကို လွှတ်တော်အမတ်ဖြစ်ခွင့် တားတယ်။
မြန်မာပြည်မှာ ၁၀နှစ် ဆက်တိုက် နေရမတဲ့။
ဇင်ဝေသော်ဆို အင်္ဂလိပ်လို ပတ်ဘလစ် စပိကင်း ပြောရမယ်ဆို မြန်မာပြည်မှာ ဒေါ်စုကလွဲရင် ဘယ်သူ့မှ သိပ်ဂရုစိုက်စရာ မလိုဘူး။
တက္ကသိုလ် ကွန်ဖရင့်တွေ လိုက်ပြောနေသူမို့ အင်္ဂလိပ်စကားနဲ့ပတ်သက်လို့ နိုင်ငံလည်း မျက်နှာငယ်စရာ မလိုတော့ဘူး။
နောက်တာ၊ အတည်လည်း ဒါပဲ။

အတိုက်အခံပါတီကို မဲအနိုင်ရအောင် အကူအညီပေးတဲ့ အစိုးရရယ်လို့


အတိုက်အခံပါတီကို မဲအနိုင်ရအောင် အကူအညီပေးတဲ့ အစိုးရရယ်လို့ ကြားကော ကြားဖူးလို့လားကွာ။ (လီကွမ်းယု)

အံ့ဩလောက်အောင် ဒေါင်ဒေါမြည်


စနေနေ့ ကသပ ဗောဇ္ဈင်၊ မောဂ္ဂလာန ဗောဇ္ဈင်၊ စုန္ဒ ဗောဇ္ဈင်သုတ်တွေ ရွတ်ကြတိုင်း အထူးသဖြင့် ဒေါ်စု၊ ဦးသိန်းစိန်တို့ ကျန်းမာရေး ဒေါဒေါင်မြည်နေဖို့ ဆုတောင်းပါသဗျာ။ ဦးသိန်းစိန်ကမှ စက်ကူနေရသေး၊ ဒေါ်စုကျန်းမာရေးက အံ့ဩလောက်အောင် ဒေါင်ဒေါမြည်။

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်အတွက် လူတစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်



အခန်းတိုင်းမှာ ရောင်စုံဓာတ်ပုံတွေ ထည့်ထားတဲ့အတွက် စာအုပ်ဈေးကြီးသွားရတယ်လို့ ဆရာကိုကျော်စွာဝင်းက အသိပေးလာပါတယ်။ လီရဲ့ ဒုတိယစာအုပ်က ရောင်းဈေး ၅၀၀၀ိ ပါတဲ့။ ကိုယ်တိုင် စာအုပ်ကို မမြင်ရသေးပါ။ ဈေးကတော့ မှန်းတာထက် ပိုသွားပါတယ်။ မျှပြီး ဖတ်ကြပေါ့။ စာအုပ်ကရတဲ့ စာမူခကိုတော့ တစ်နေရာမဟုတ် တစ်နေရာ ပြန်လှူမှာပါ။ ကုသိုလ်လို့သာ သဘောထားကြပေတော့ လို့။

********
Pyae Sone Malun ။ ။ အရှင်ဘုရား ဒီမှာဘယ်တော့လောက်ရနိုင်မလဲ ဘုရား.

စင်္ကာပူက စာဖတ်ပရိသတ်တွေအတွက် ဒီလ၊ တနင်္ဂနွေ တစ်ရက်ရက် အချိန်သတ်မှတ်ပြီး ကျောင်းမှာ အမှတ်တရ လက်မှတ်ထိုးပေးဖို့ စီစဉ်ကြည့်ပါမယ်။ စိတ်ဝင်စားသူ၊ လာနိုင်သူ လာနိုင်ပါတယ်။ အခုတော့ လက်ထဲ စာအုပ် မရောက်လာသေးပါ။

Than Htut။ ။ မြန်မာပြည်မှာ စာအုပ်တွေက ဖြစ်သင့်တာထက် ဈေးပိုနေတယ်လို့ ဆိုသူတွေက ဆိုကြတယ်။
ကျနော်ကတော့ စာအုပ်ဝယ်လို့ကုန်တဲ့ပိုက်ဆံ မနှမြောပါ၊ ဘာလို့လဲဆိုတော့ ဒါက investmentဖြစ်ပါတယ်။
ကျနော်တို့နိုင်ငံအတွက် အသိပညာဆိုင်ရာ ရင်းနှီးမြှပ်နှံမှုတွေ အမြောက်အမြားလိုအပ်နေပါသေးတယ်။

Zin Wai Thaw။ ။ ဒါတောင် စထရိတ်တိုင်းအတွက် ပေးရတဲ့စရံငွေကို ဒေါက်တာလီက စပွန်ဆာခံလို့။ အရင်စာအုပ်တုံးက အိပ်စိုက်ပါ။

ဥပဒေအထက် ဘယ်သူမှ မရှိ


လူ့အခွင့်အရေးအဖွဲ့က လက်ပံတန်း ကျောင်းသားအရေးအခင်းမှာ ကျောင်းသားတွေ ကို ရိုက်နှက်ခဲ့တဲ့ ရဲတွေကို အရေးယူပေးဖို့ အစိုးရထံ တောင်းဆိုထားပါသတဲ့။ ရဲကားကို ခဲနဲ့ထုတဲ့ ကျောင်းသားတွေကိုလည်း အရေးယူပေးသင့်တယ်လို့ ဒီအဖွဲ့က ဆိုပါသတဲ့။ မျှတတယ်ပေါ့။ ဥပဒေအထက် ဘယ်သူမှ မရှိ။