Whole Night Chanting at Mangala Vihara Buddhist Temple


ကမ်းလက် shared မင်္ဂလာမောင်မယ်အသင်း's post.
Whole Night Chanting at Mangala Vihara Buddhist Temple
Mangala Vihara celebrated its 55th Anniversary yesterday. Thirty monks from different temples were invited for Lunch Dana. As usual, All merits accumulated on temple 55th Anniversary Day were especially dedicated to the founder of Mangala Vihara, M.M. Mahaweera Mahathera and founding members of Mangala Vihara. Their gratitude was expressed with talks by Bhante Cittara of Mangala Vihara and Bhante Nyanasiha of Samadhi Buddhist Society.
Whole Night Chanting was held and members of Sangha opened chanting by reciting three Parittas (Protective verses). Then the well-trained lay devotees took turns one group after another. Many devotees stayed overnight to listen to the chanting. The celebration was ended with the group chanting of resident monks together with senior members of MV this morning.
Mangala Vihara means the blessing temple. Last night the temple was blessed by its members and devotees by celebrating Whole Night Chanting. As always, Mangala Vihara Buddhist Temple will bless devotees who come to its premises.





















 

ဒီနေ့ဝတ်ပြုပွဲမှာ ပြောမယ့်အချက် ၃ ချက်


၁။ ၁၉၆၅ ခုမှာ လီကွမ်းယု ကျောင်းကိုရောက်လာဖူးသည်မှလွဲပြီး တိုက်ရိုက်ဆက်စပ်မှု မရှိ။
၂။ သူကိုယ်တိုင် Nominal Buddhist လို့ဝန်ခံထားတဲ့အတွက် ဗုဒ္ဓဘာသာဓလေ့ထုံးစံအတိုင်း လုပ်ဆောင်ပေးကြခြင်း ဖြစ်သည်။
၃။ တရားရှုမှတ်ခြင်းကို စာသင်ကျောင်းတွေမှာလည်း သင်ပေးသင့်သည်ဟု အဆိုပြုဖူးသူ။ (ဘာသာစုံနိုင်ငံမှာ သဘောတူညီမှု လုံးဝမရနိုင်သည့်အကြံပြုမှု)

၉၁ ပေါ့ဟ


အရင်နေ့မနက်က မီးဖိုထဲဝင်သွားတော့ ထမင်းချက်အဖွားကြီးနဲ့ သန့်ရှင်းရေး အဖွားကြီး ရယ်နေတာတွေ့ရတယ်။ ဘာရယ်နေကြတာလဲမေးတော့ ချက်ချင်း မဖြေဘူး။ ခဏနေတော့မှ သန့်ရှင်းရေးအဖွားကြီးက "လီကွမ်ယု ဆုံးပြီ" တဲ့။ ငါသိသားပဲ၊ ဒါက ရယ်စရာမှမဟုတ်တာဆိုတော့မှ
"ဟီး.....၊ တိုတိုနံပတ်ဝယ်မလို့၊ ဘယ်ဂဏန်း ဝယ်ရကောင်းမလဲပြောပြီး ရီနေကြတာ။ ဘန္တေ ဘယ်နံပတ်ကောင်းသလဲ" မေးလို့
"၉၁ ပေါ့ဟ" လို့ ဖြေထားခဲ့တယ်။
မနေ့က မနက်ကတော့ "အဲဒီဂဏန်းက ပိတ်နေပြီ၊ ဝယ်မရတော့ဘူး" တဲ့။

ဘုရားခန်းထဲက သီဟိုဠ်ပန်းချီလက်ရာပါ။


၁။ အရှင်သာရိပုအသားဖြူပြီး အရှင်မဟာမောဂ္ဂလာန်ကို ညိုထားတယ်။ စာပေနဲ့ ကိုက်ညီတယ်။ ဒီလို ကွဲပြားမှုမျိုး မြန်မာပန်းချီတွေမှာ သိပ်မတွေ့ရသေးပါဘူး။

၂။ မြန်မာပန်းချီတွေမှာ တွေ့ရတတ်တဲ့ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းရယ်လို့ ကွဲပြားနေမှုမျိုးလည်း သီဟိုဠ်ပန်းချီမှာ မတွေ့ရပြန်ဘူး။ အလေးထားပုံ မတူညီမှုလို့ ယူဆရပါတယ်။




အကူးအပြောင်း အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်း


တစ်က ညောင်ပင်ကြီးလဲကျရာမှ ကျန်နေသော အလယ်ပိုင်းပင်စည်ကြီးဖြစ်သညိ။ ညောင် သားကို ရရင် ဘုရားထုရန် ရည်စူးထားသည်။ သို့သော် ထိုပင်စည်မှ အညွန့်တွေ ဝေနေ သဖြင့် နေရာပြောင်းပြီး စိုက်ပျိုးလိုက်ရာ အောင်မြင်သွားသည်။

နှစ်က သပြေပင်ဖြစ်သည်။ ရထားလမ်းနဲ့ မလွတ်တလွတ်မို့ လွတ်လွတ်လပ်လပ် ရှင်သန်နိုင် ရန် နေရာပြောင်း စိုက်ပျိုးသော်လည်း အကူးအပြောင်း မအောင်မြင်ဘဲ သေဆုံးသွားလေေ တာ့သည်။

ဤသစ်ပင်နှစ်ပင်၏ ရှင်ခြင်း၊ သေခြင်း ကိစ္စမှာတော့ ဝန်းကျင်ကြောင့်ထက် ဗီဇကြောင့် ဟု သာဆိုရပါလိမ့်မည်။
သပြေတစ်ပင် ထပ်မံစိုက်ပျိုးရပါဦးမည်။


လူနာပြက္ခဒိန်က ဒီနေ့ လပြည့်လို့ သတ်မှတ်တယ်။


ဒီနှစ် မိတ်ဆက်လိုက်တဲ့ ဘာသာရေးဝတ်ရွတ်စဉ်ကတော့ လပြည့်တွေနဲ့ ဘုရားဟောတဲ့ သုတ်တွေကို ညှိပြီး ရွတ်ဖတ်သရဇ္ဈာယ်မှုပါ။ ဒီလပြည့်မှာ ကျရောက်တာက ရာဟုလောဝါဒသုတ်ဖြစ်လို့ ဒီည ဒီသုတ်ကို ရွတ်ဖတ် သရဇ္ဈာယ်ကြမယ်ပေါ့။
သုတ်တော်ရဲ့ အနှစ်ချုပ်ကတော့ ကုသိုလ်၊ အကုသိုလ်ကို အရိုးရှင်းဆုံး ခွဲခြားပြခြင်းပါ။
ကိုယ့်အတွက်၊ သူ့အတွက်၊ နှစ်ဦးသားအတွက် မကောင်း။ အကုသိုလ်။
ကိုယ့်အတွက်၊ သူ့အတွက်၊ နှစ်ဦးသားအတွက် ကောင်း။ ကုသိုလ်။
မပြု၊ မပြော၊ မကြံမီ အရင်စဉ်းစားဖို့ ရှင်ရာဟုလာကို ပေးတဲ့ ဩဝါဒ ပါပဲ။

"လိုအပ်တဲ့အခါ" ဆိုတာ


အရင် သီဟိုဠ်ဆရာတော်ကြီးလက်ထက်က ပန်းကန်ခွက်ယောက် အဟောင်းတွေေ ကျာင်းမှာရှိတယ်။ လိုအပ်တဲ့အခါ သုံးဖို့ဆိုပြီး ဘယ်သူ့ကိုမှ မပေးရက်ကြတာ။ တန်ဖိုးလည်း မကြီးလှဘူး။ အဓိက, က အစွဲပါ။
ဒါနဲ့ "လိုအပ်တဲ့အခါ" ဆိုတာကို မေးခွန်းထုတ်လိုက်တယ်။ "ဘယ်အချိန် လို အပ်လောက်သလဲ၊ ငါနေခဲ့သမျှ ၁၂ နှစ်တာ ကာလမှာတော့ တစ်ခါမှ ဒါတွေ မလိုခဲ့ဘူးဘူး။ ပွဲအကြီးဆုံး နှစ် ၅၀ ပြည့် ပွဲမှာတောင် မသုံးလိုက်ရဘူးဆိုတော့ ဒီထက်ကြီးတဲ့ပွဲ ရှိဦးမှာလား။ နှစ် တစ်ရာပြည့်အထိ ဆက်ထားကြမှာ လား" ပေါ့။
ဒီတော့မှ ကော်မတီတစ်ဖွဲ့လုံး ဝါး ကနဲ ရယ်ကြတယ်။ ပန်းကန်ခွက်ယောက် အဟောင်းတွေကိုလည်း အခြားလူမှုအဖွဲ့အစည်းတွေကို ပေးလိုက်ကြတယ်။ (ဒါတောင် တချို့ကို "လိုအပ်တဲ့အခါ" ဆိုပြီး ချန်ထားကြသေးတယ်။ ဖြစ်ရပုံ)။ ဒါက စင်္ကာပူမှာ။

ပြောချင်တာက အလုပ်မဖြစ်တဲ့ အစဉ်အလာတွေကိုလည်း အဲသလိုပဲ ပျောက် မှာစိုးလို့ ထိန်းတတ်ကြတယ် ဆိုတာပါ။ မပျောက်ဘဲ ရှိနေတော့လည်း သုံးကြ တာတော့မဟုတ်ဘူး။
အဲဒီနိုင်ငံဟာ ဥပါဒါန်လေးပါး အကြောင်းလည်း အပြောဆုံး၊ အဟောဆုံး။ လူတွေရော၊ ဘုန်းကြီးတွေရော။

သံဃိကဒါန နေ့


၁+၂။ ဗုဒ္ဓပူဇာ
၃။ ဓမ္မ ဆားဗစ်
၎။ သံဃာ့ဘလက်ဇင်း
Picture - 1

Picture -2

Picture -3

Picture -4

Mangala Vihara Spring cleaning


Below is a list of helpers for various sections who help in the Spring cleaning today:-(28/12/2014)
1) Mandarin class - 23 helpers
2) SDC - 48 helpers
3) Myanmese - 42 helpers
Total = 113 helpers exclude treasurers, secretaries and yourself.
Thank you
With metta,

နှစ်ကူးသွားတဲ့ ဒီဇင်ဘာ ၃၁


ကျောင်းကကျောင်းသားလေးတွေရဲ့လက်ရာ ၂၀၁၅ ပြက္ခဒိန်ကိုကြည့်ပါ၊ ရက် ၃၀ သာရှိတဲ့ ဒီဇင်ဘာကို တွေ့ရပါမယ်။ အမှားက လူကြီးတွေအမှားပါ၊ ပုံဆွဲ တဲ့ ကလေးပေါက်စတွေနဲ့ မဆိုင်ပါ။ လူကြီးတွေက သေသေချာချာ မစစ်ဆေးခဲ့ ကြခြင်းပါ။ စစ်ဆေးရမယ့်တာဝန်ရှိသူတွေထဲမှာ ကိုယ်တိုင်လည်းပါဝင်ပါတယ်။ အခု တစ်ရက် လို ပြက္ခဒိန်နဲ့ပတ်သက်ပြီး ကွန်ပလိန်းတွေ တက်လာပါပြီ။
"ဟိုက် ဗုဒ္ဓေါ"

ကိုယ်ပါအပြစ်ရှိနေတော့ ရယ်စရာလိုလိုလုပ်လိုက်ရပါတယ်။
"အေးလေ၊ ကျန်နေခဲ့တဲ့ ၃၁ ရက်နေ့ကို ၂၀၁၆ ခု ပြက္ခဒိန်အစမှာ ထည့်လိုက်ကြ တာပေါ့" လို့။
ရိုက်ပြီးသွားပြီ၊ မတတ်နိုင်တော့ဘူး။
ပြောချင်တာက လူကြီးဖြစ်နေတာရယ်၊ သင်္ကန်းကြီးဝတ်ထားတာရယ်ကြောင့် လူတွေက "Ok lor" နဲ့ ပြီးသွားကြတယ်ဆိုတာပါ။
တကယ်ကတော့ သင်္ကန်းကသင်္ကန်း၊ အမှားကအမှားပဲ မဟုတ်လား။



နယူးဇီလန်နှစ်ယောက်


စလုံးတရုတ်အမျိုးသမီးနှစ်ယောက်နဲ့ အိမ်ထောင်ကျထားတဲ့ နယူးဇီလန်နှစ်ယောက် ကျောင်းမှာ ပုံမှန်အဝင်အထွက်ရှိတယ်။
ရအောင်ဆွယ်နိုင်တဲ့ သူတို့ ဇနီးတွေကို ကျေးဇူးတင်မယ်ဆိုတင်ထိုက်တာပေါ့။
ဒါပေမဲ့ အခု နယူးဇီလန်ကြီးတစ်ယောက်က ပါဠိလိုဘုရားရှိခိုးတွေ တစာစာ ရွတ်နေနိုင်ချိန်မှာ ကိုယ်တို့ စလုံးတရုတ်အမျိုးသမီးက
ပါးစပ်ပိတ်ကြီးနဲ့၊ ဘာမှ မရွတ်တတ်သေးဘူး။ အခု ၁၁ နာရီမှာ မြင်ခဲ့ရတာ။ အဲသလို။

ရှင်အရဟံနေ့


သီရီလင်္ကာယဉ်ကျေးမှုအရ မနေ့က သင်္ဃမိတ္တနေ့ပေါ့။ သီဟိုဠ်ကျွန်းကို ဘုရင့် သမီးတော် ရောက်တဲ့နေ့။
အဲသလိုပဲ ပုဂံကို ရှင်အရဟံရောက်တဲ့နေ့ကို တွက်ချက် (မှန်းဆ) ပြီး ရှင်အရဟံနေ့ သတ်မှတ်ထားရရင် မဆိုးလောက်ဘူး။
သမိုင်းပညာရှင်တွေနဲ့ညှိပြီး မဘသဆရာတော်တွေ ဦးဆောင်ကြည့်ရင် ဖြစ်နိုင် တယ်။




အခုတော့ မေ့နေပြီပေါ့လေ(ပျင်းလို့ ရေးတဲ့စာ၊ ဘာမှ မှတ်စရာမပါ)


စိတ်ဓာတ်ခိုင်လွန်းလို့ ကွမ်းဆက်စားနိုင်တာ။ ဝယ်လှူတဲ့ ဒကာ၊ ဒကာမတွေ လည်း အတိုက်အခံတွေကြားထဲက လှူနေရတာ။
ဘေးက "စင်္ကာပူရောက်တာတောင်၊ လည်ချောင်းကင်ဆာ၊ ဝိနည်းတော်နဲ့ မညီ" စသဖြင့် စသဖြင့်။
ဆရာ ဒကာ ညီညွတ်လွန်းလို့၊ နို့မို့ ဒီယဉ်ကျေးမှု ပြတ်တာကြပြီ။
သာဂါရာ အနာဂါရာ စ။

ခါတိုင်း ကြာသပတေးနေ့မှာ ကွမ်းရွက်ပြတ်တတ်တော့ သောကြာနေ့ ဒကာမကြီးတွေကို မျှော်တတ်တယ်။ သူတို့ကလည်း မယိမ်းမယိုင် ကျောက်စာ တိုင် စေတနာနဲ့ ရှားရှားပါးပါးကွမ်းလှူသူတွေထဲက တစ်ဖွဲ့။
ဖြစ်ပုံက မနေ့ကမှ ကိုဖြူဖွေးလာပို့သွားတော့ ဒီနေ့ သောကြာနေ့ဆိုတာ မေ့နေမိ တယ်။
ဒါတင်မကဘူး အပေါ်တက်လာတာတောင် ကွမ်းရွက်ထုတ်လေး အောက် မှာ မေ့နေရစ်ခဲ့တယ်။
လူသာဆိုရင် "အခုတော့ မေ့နေပြီပေါ့လေ ဘာညာ" ရှုပ်နေမှာ။ ကွမ်းရွက်လေးတွေမို့ မပြောတတ်လို့သာကိုး။

အုန်းပင်လေးက ပြတဲ့တရားသံ


ဤအုန်းပင်လေးသည် ပုံပြင်ဟောင်းထဲက အဘိုးအို၏ သရက်ပင်လည်းဖြစ် ပါသည်။ သို့သော် ဤအုန်းပင်လေးကို ကျွန်ုပ်စိုက်ပျိုးစဉ် အုန်းပင်နှင့်ပတ် သက်ပြီး မေးခွန်းတွေလာမေးသည့်မင်းသာငယ်တော့ မရှိခဲ့ပါ။ ယနေ့ခေတ်မင်းသားများ အသုံးလုံး ကျေသွားပြီဖြစ်သောကြောင့် ဖြစ်ဟန်တူ ပါသည်။ ထို့ကြောင့် ကိုယ်တိုင်ပင် အဘိုးအို၊ ကိုယ်တိုင်ပင် မင်းသာငယ် လုပ်ခဲ့ ရပါသည်။ သင်နှင့်မဆိုင်လှသော်လည်း ကျွန်ုပ်ဘဝနှင့်ဆက်စပ်နေသဖြင့် ရေး ချင်ပါသည်၊ ရေးပါမည်။





စင်္ကာပူရောက်လာသော်လည်း မည်၍မည်မျှကြာအောင်နေမည်၊ နေခွင့် ရမည် ဆိုသည့်ကိစ္စက ထပ်တလဲလဲမေးမိသော မေးခွန်းတစ်ခုဖြစ်နေခဲ့သည်။ ပီနန် ဆရာတော်ကြီးကတော့
"နိုင်ငံခြားမှာ ဘုရားဝါနဲ့နေရတာမဟုတ်၊ အင်မီဂရေးရှင်းဝါ(သူတို့ခွင့်ပြုသည့် ရက်၊ လ၊ နှစ် အပိုင်းအခြား)နဲ့ နေရတာ"
ဟု ရှင်းကနဲဖြစ်အောင် မိန့်ကြားဖူးသည်။ ရှိစေ၊ ကျွန်ုပ်ဆိုချင်သည်က
"ငါ အကြာကြီးနေချင်မှနေမှာ၊ နေခွင့်လည်း သူတို့က ပေးချင်မှပေးမှာ ဆိုပြီး ရေရှည်စီမံကိန်းများ မရေးဆွဲခဲ့မိ"
ဆိုတာဖြစ်ပါသည်။

မှားခဲ့ပါသည်။ အမှန်တကယ် ရေရှည်စိတ်ကူးနဲ့အလုပ်လုပ်လာသောအခါ ကိုယ်တိုင်က ဤဝန်းကျင်မှာ ပျော်လာသလို သူတို့ကလည်းမိမိကို ဆက်ရှိနေစေ ချင်လာသည်။ ဥပမာ မိမိတစ်ဦးတည်း အလှူပြန်လုပ်မည်ဆိုတာကိုပင် လက်မခံ၊ သူတို့ပါလိုက်မည်ဆိုပြီး ဥက္ကဋ္ဌကစတင်လိုက်ရာ တစ်ပတ်အတွင်း လူပေါင်း ၃၄ ယောက်ဖြစ်သွားသည်။ အမှန်မူ အများစုမှာ ခွင့်ရက်မရှိ၊ ရှိသည့် ခွင့်ရက် များကိုလည်း ဘယ်သွားမည်၊ ဘာလုပ်မည် စသဖြင့် စီစဉ်ခဲ့ကြပြီးဖြစ်သည်။ သူတို့၏ တစ်စိတ်တစ်ဝမ်းသဘောထားကို ကျေးဇူးတင်ရပါသည်။
ဤအုန်းပင်လေးသည် ခပ်ညံ့ညံ့ကျွန်ုပ်စိတ်ကူးကိုတော်လှန်လိုက်နိုင်သည့် သင်္ကေတလေးမျှသာဖြစ်ပါသည်။

ယခု ဤအုန်းပင်လေး ၆ နှစ်သားရှိပါပြီ။ အသီးများလည်း ဝေဝေဆာဆာသီးနေပြီဖြစ်ပါသည်။ အကယ်၍များ ဒီမှာ ငါက ဘယ်လောက်အကြာကြီးနေမှာမို့လဲ ဆိုသည့် အတွေးဆိုးသာရှိနေလျှင် ဘယ်နည်းနဲ့မှ ဤအုန်းပင်လေးရှိလာစရာမရှိပါ။ အမှန်မူ လုပ်စရာရှိတာကို လုပ်လိုက်မိဖို့သာ အရေးကြီးပါသည်။
အကယ်၍ စင်္ကာပူမှာ ကျွန်ုပ်မရှိခဲ့သော် ကျွန်ုပ်နောက် ရောက်လာမည့်သူများ စားသုံးကြပါလိမ့်မည်။
သူတို့ မစာသုံးကြ၊ အလှထိုင်ကြည့်နေကြမည်ဆိုလျင် ကမ္ဘာ့အလှတရားထဲ ဤအုန်းပင်လေးပါသွားပါလိမ့်မည်။
အုန်းသီး၊ အုန်းလက်များကြွေကျသည်ဆိုရာ၌ပင် အုန်းသီး၊ အုန်းလက်များသည် ကမ္ဘာမြေကိုဖျက်ဆီးမည့် ပလပ်စတစ်၊ ရော်ဘာများမဟုတ်သဖြင့် မြေဩဇာဖြစ်နိုင်ပါသည်။

အကြာကြီးနေဖြစ်မှာ မဟုတ်ပါဘူးဆိုသည့် ကျွန်ုပ်အတွေးကို ဤအုန်းပင်လေးက သရော်နေသည်။
ထို့အတူ အများအတွက်တစ်ခုခု လုပ်တော့မှာဆိုရင် အခု စလိုက်ပါ၊ နောက် မကျသေးဘူးဟုလည်း တရာပြနေသလိုဖြစ်နေပါသည်။

ထို့အပြင် အခြားအုန်းပင်များနည်းတူ ဤအုန်းပင်လေးသည်လည်း ဖြောင့်မတ် မနေရှာပါ။
ဖြောင့်မတ်ဖို့လား၊ အုန်းသီးဖို့လား။
အကယ်၍ ဖြောင့်မတ်နေသောအုန်းပင်လေးတစ်ပင်ကို မျှော်လင့်ထားမိပါက ကျွန်ုပ်တောင်းဆိုမှုက အတန်ငယ်များသွားပြီထင်ပါသည်။
သဘာဝကိုနားလည်ဖို့ မနက်တိုင်း ဤအုန်းပင်လေးကတရာပြနေသည်။
မျက်မှောက်ပြုနိုင်၊ မပြုနိုင်က ကျွန်ုပ်ညံ့ဖျင်းမှု အထူအပါးနှင့်သာ ဆိုင်ပေလိမ့်မည်။

ဤအုန်းပင်လေးသည် ပုံပြင်ဟောင်းထဲက အဘိုးအို၏ သရက်ပင်လည်းဖြစ် ပါသည်။
သို့သော် ဤအုန်းပင်လေးသည် ပုံပြင်ထဲက အဘိုးအို၏သရက်ပင်လည်း မဟုတ်ပါ။

ဘာကြောင့်အမျိုးသမီးတွေက အသက်ပိုရှည်ပါလိမ့်


မနေ့ကဆွမ်းစားရင်း ဒကာမကြီးတွေနဲ့ စကားပြောဖြစ်တော့ ရန်ကုန်က ဒကာမ ကြီးက သူ့အမေ ၈၈ နှစ်ရှိပြီဖြစ်ပြီး ရောဂါကြီးကြီးမားမားမရှိကြောင်းဆိုသည်။
ဒါနဲ့ ဦးဇင်းတို့လည်း ဒီနေ့ည တရုတ်ဒကာမကြီးတစ်ယောက်ရဲ့ အသုဘကို သွား ရမယ်၊ ၉၇ နှစ်မှာဆုံးသွားတာလို့ပြောမိတော့ မန္တလေးဒကာမကြီးက တပည့်တော်အမေက ၉၉ နှစ် တဲ့။
အားလုံးက ဒကာမကြီးတွေချည်းဖြစ်နေသည်။ ဘာကြောင့်အမျိုးသမီးတွေက အသက်ပိုရှည်ပါလိမ့်ဟု စဉ်းစားနေစဉ် ဆွမ်းစားအပြီး ကွမ်းဝါးချင်သဖြင့် ချဉ် လာသောခံတွင်းက ခပ်ပြုံးပြုံးလေး သတိပေးသွားလေသည်။
အသက် ဉာဏ်စောင့်ဟူလေ၏။

ကျောင်းတွင်းမှတ်စု


ဒီနေ့ ကျောင်းကထိန်ပြီးသွားပြီ။ မနှစ်က ကထိန်အရံသင်္ကန်း ၉၀၀ က ဒီနှစ် ၁၀၀၀ ပြည့်သွားတယ်ဆိုတော့ တက်လာတယ်။ စင်္ကာပူ အနေအထားအရ မသေးလှဘူးပေါ့။
တစ်နိုင်လုံးရဲ့ ဗုဒ္ဓဘာသာအခြေအနေ ဘယ်လိုရှိသလဲဆိုတာ မသိပေမဲ့ ကိုယ်နဲ့ ဆက်စပ်နေတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေမှာတော့ တက်ရိပ်ပြနေတာ တွေ့ ရပါတယ်။
စင်္ကာပူ အမျိုးသားတက္ကသိုလ် ဗုဒ္ဓဘာသာအဖွဲ့ဆိုရင် ၂၀၀၅ ခုနှစ်က ဥက္ကဋ္ဌ တစ်ယောက်ပဲ စလုံးကျောင်းသားပါပြီး ကျန်တဲ့အပိုင်းကို မလေး၊ အင်ဒို တရုတ်တွေနဲ့ ကျားကန်ထားရတာ။
ဒီနှစ်ဆိုရင် အားလုံးနီးပါးက စလုံးကျောင်းသားတွေပဲဆိုတော့ ပြည်တွင်းအား တက်လာတယ်လို့ဆိုရမယ်။
မလေး၊ အင်ဒို၊ ထိုင်း၊ မြန်မာကျောင်းသားတွေ အဖွဲ့ထဲများနေရင် ပြည်တွင်း ဗုဒ္ဓဘာသာ အားနည်းတဲ့သဘောကိုပြတာပဲ။ သူတို့နိုင်ငံထဲ သူတို့ကိုယ်တိုင်တိုးမှ ပိုပေါက်တယ်။
စင်္ကာပူထဲ ထိုင်း၊ မြန်မာတွေအလာများလို့ ဗုဒ္ဓဘာသာ အားကောင်းလာတယ် ဆိုတာက ဝမ်းသာစရာ မဟုတ်လှဘူး။ သူတို့က ရှိပြီးသားအရင်းတွေ၊ အသား တင် အမြတ်မဟုတ်ဘူး။
ဒီ နှစ်ခုကိုကြည့်ရင် စလုံးထဲ ဗုဒ္ဓဘာသာ အားကောင်းလာနေတယ်ဆိုတာ တွေ့ ရတယ်။ ဒါက ယုံကြည်မှုမဟုတ်ဘူး။ အချက်အလက်။

လူနဲ့ သင်္ဘောပင်


ယခု အသစ်ရောက်လာသည့် ဂါးဒင်းနား ဂေါဝိန္ဒ(နာမည်ရင်းပါ) က အရင်လူနဲ့ မတူ သစ်ပင်တွေကို တကယ်ချစ်သူဖြစ်ပါသည်။
စားဖို့ မရည်ရွယ်၊ ပန်းပင် သီးပင်လေးတွေကို ကြည့်ရင်း ကြည်နူးတတ်သူ၊ သူ့ပန်းပင်လေးတွေ ပွင့်လျင်လည်း ခေါ်ခေါ်ပြတတ်သူဖြစ်သည်။
ကျောင်းဝင်းထဲက မြေမကောင်းလို့ဆိုပြီး ကျောင်းအပြင် အစိုးရမြေပ်ါအထိ ကြံပင် ငှက်ပြောပင်လေးတွေ ထွက်စိုက်ထားတာကို တွေ့ရသည်။ မှန်၏၊ ကျောင်းအပြင်ရှိ ကြံပင် ငှက်ပြောပင်လေးတွေက ပို၍ ဖွံ့ထွားသည်။
သို့ဖြင့် ငါ့အတွက် သင်္ဘောပင်တစ်ပင် ပျိုးပေးပါ။ ငါလည်းစိုက်မယ်ဟု သူ့ကို မှာထားလိုက်သည်။
သူပျိုးနေစဉ် စနေနေ့တိုင်းလာတတ်သည့် အောင်ကိုလတ်ကို မြေ အပြင်ခိုင်းထား လိုက်သည်။ မြေဩဇာထည့်ထားသည်။



ဤမှာ ဇာတ်လမ်းစပါတော့သည်။
ဂေါဝိန္ဒကလည်း မိမိနဲ့ တစ်ချိန်တည်း အခြားတစ်နေရာမှာ သင်္ဘောပင် တစ်ပင် စိုက်သည်။ သင်္ဘောပင်လေးနှစ်ပင် တစ်နေရာစီမှာ အတူတူနီးပါး ဖွံ့ဖြိုးလာနေ ကြသည်။
ယခင်က ပြိုင်စရာမရှိ၊ အခု ပြိုင်စရာရှိလာသည်။
သူကလည်း သူ့သင်္ဘောပင်လေးကိုကြည့်လိုက်၊ ဒီက သင်္ဘောပင်လေးကို ကြည့်လိုက်၊ သူ့အပင်လေး ပိုသန်စေချင်တော့ မိမိမသိအောင် မြေဩဇာ ခိုးကြွေးလိုက်။
ကိုယ်တိုင်ကလည်း ကိုယ့် သင်္ဘောပင်လေးကိုကြည့်လိုက်၊ သူ့ သင်္ဘောပင်လေး ကိုကြည့်လိုက်၊ ကိုယ့်အပင်လေး ပိုသန်စေချင်တော့ သူ မသိအောင် မြေဩဇာ ခိုးကြွေးလိုက်။
လူသားနှစ်ယောက်ရဲ့ မသိမသာ အတ္တလွန်ဆွဲပွဲထဲမှာ သင်္ဘောပင်လေးနှစ်ပင်က ဇာတ်လိုက်ဖြစ်လာသည်။

သိပ်ပြီးမကြာလိုက်ပါ။
မြေဩဇာအကြွေးများပြီး သင်္ဘောပင်လေးနှစ်ပင် ပြိုင်တူသေဆုံး သွားရှာလေတော့သည်။
အမှန်မူ သစ်ပင်လေးတွေကို ကျွန်ုပ်တို့ နှစ်ယောက်စလုံး ချစ်မြတ်နိုးကြပါသည်။

ဒကာမလည်း သနပ်ခါး မလူးရ၊ ရဟန်းတွေလည်း ဝါဆိုသင်္ကန်း မရ

ဖြစ်ပုံက ဤသို့တည်း။

လွန်ခဲ့သည့် တနင်္ဂနွေနေ့က မျက်နှာသိ ဒကာတစ်ယောက် ဝါဆိုသင်္ကန်း လာကပ်၏။ မိမိက ကော်မတီအစည်းအဝေးရှိနေသဖြင့် မတွေ့လိုက်၊ သူတွေ့သော ရဟန်းကို ကပ်လှူထားခဲ့၏။
ထို သင်္ကန်းက လေးလံလွန်းသည်။ ရှစ် ကီလိုဂရမ်မျှရှိ၏။ အဘယ်သို့သော ဝါဆိုသင်္ကန်းပေနည်း။ အဆမတန် လေးပဲလေးလံလွန်းချေသည်။
ထို သင်္ကန်းကိုလက်ခံရရှိလိုက်သော ရဟန်းက သံသယဖြင့် သင်္ကန်းဗူးကို ဖွင့်ကြည့်လိုက်မိလေတော့သည်။
ဝေယျာဝစ္စများပြီး၍ ည ကိုးနာရီခန့်အချိန် ကျောင်းပေါ်ပြန်ရောက်တော့မှ ထူးဆန်းလေးလံလှသည့် သင်္ကန်းကိုလက်ခံရရှိလိုက်သော ရဟန်းက ၎င်းသင်္ကန်းကို ယူလာကာ မိမိကိုပြသည်။ မှန်၏။ ဝိသာခါတို့ဝတ်ဆင်သည့် မဟလ္လက ဝတ်စုံအလား လေးလံလွန်းချေ၏။

သို့ဖြင့် ဖွင့်ကြည်ရာ တိပ်ကပ်ထားသော ထို သင်္ကန်းဗူးထဲမှာ
၁။ ဘာသင်္ကန်းမှ မပါ။
၂။ သနပ်ခါးသွေးသည့် ကျောက်ပြင် အငယ်စား တစ်ခု (စက္ကူဖြင့် ပတ်ထား ၏)
၃။ သနပ်ခါးတုံး လေးတုံး (စက္ကူဖြင့် ပတ်ထား၏)
၎။ မြန်မာပြည်ထွက် မိတ်ကပ် နှစ်ဗူး
၅။ ပိတ်မထားသော စာတစ်စောင် ပါဝင်လေသည်။( လိပ်စာ၊ ဘာညာ ဆက် သွယ်ရန် မပါ)
သင်္ကန်းဆိုင်၏ အမှားလား၊ထို ဒကာ၏ အမှားလား မသိ။ ယင်းဒကာကို သိ၏ သို့သော် သူ့ ဖုန်းနံပတ်ကို မသိသဖြင့် ဆက်သွယ်လို့ မရဖြစ်နေရ၏။




ယခု သတင်းထုတ်ပြန်ချိန်အထိ ထို ဝါဆိုသင်္ကန်းသည် ရှစ် ကီလိုဂရမ် မျှလေးလံလျက်ရှိသေးကြောင်း၊ အလေးချိန် မလျော့သေးကြောင်း တွေ့ ရသည်။

(24/07/2013 17:01)

နိုင်ငံခြားမှာ ဒါတွေရှိတယ် (၂)


မနေ့က တရုတ်၊ စလုံးသီလရှင် မဒီပင်္ကရာရောက်လာသည်။ သူမကြုံတွေ့နေ ရသည့် အခြေအနေကို ရှင်းပြရင်း အကူအညီတောင်းခံရန် ရောက်ရှိလာခြင်း မျိုးဖြစ်သည်။
သူမမှာ မိခင်ကြီးရှိခဲ့သည်။ ထေရဝါဒသီလရှင်ဘဝဖြင့် ဘယ်ကျောင်းမှာမှ မနေ၊ သူမအိမ်ခန်းမှာပဲ မိခင်နှင့်အတူနေရင်း သတိပဋ္ဌာန် ပွားနေသူဟု သိရသည်။ သူမကို သိသည်ကတော့ ၅နှစ် ၆နှစ်ရှိပြီဟုထင်သည်။ ၁၉၉၆ မှာ သီလရှင် ဝတ်ခဲ့ သည်ဟု သိရသည်။
ယခု သူမ မိခင်ကြီး မရှိရှာတော့၊ ဆုံးပါးသွားလေပြီ။ ထို့နောက် ဒုတိယပြသနာက သူမအဆိုအရ အိမ်မှာ သူမတစ်ယောက်ထဲ နေခွင့်မရှိ။ အာဏာပိုင်များက အခြား တစ်ယောက်နဲ့ အတူနေရမည်ဟု ညွှန်ကြားလာသည်ဟု ဆိုပါသည်။
ဤကို ထောက်ဆပြီး အိမ်က သူမ အပိုင်မဟုတ်၊ အစိုးရအထောက်အပံ့ဖြင့် ငှားရမ်းနေနေသော အိမ်ဟု ယူဆရပါသည်။ မိခင်နှင့်အတူနေရာမှာ ပြသနာ မရှိသော်လည်း သူစိမ်းတစ်ယောက်နဲ့ အတူနေဖို့ကျတော့ သီလရှင်ဖြစ်နေသည့် အတွက်(အိပ်ချိန်၊ စားချိန် မတူညီကြခြင်း စသည်)အခက်ကြုံနေရကြောင်း ဆိုပါ သည်။
ယခု သူမ အိမ်အပိုင် ဝယ်လိုသည်။ သို့သော် သူမမှာ ငွေက လုံလုံလောက်လောက် မရှိ။ အစိုးရဆီက ချေးငွေရရန် သူမမှာလက်ရှိ လစာရသည့် အလုပ်ရှိနေရမည်။
ထို့ကြောင့် မိမိတို့ကျောင်းအနေနဲ့ သူမကို အလုပ်ခန့်လို့ ရ၊ မရ အကူအညီတောင်းခံခြင်းမျိုး ဖြစ်လေသည်။

သူမနဲ့ ဆင်ဆင်တူ ရဟန်းတစ်ပါးကိုတော့ ရဟန်းဖြစ်နေသဖြင့် အပြီး လက်ခံထားဖို့ သဘောတူခဲ့သည်။ ယခုဆိုလျင် သူ၏ မင်ဒရင်း(တရုတ်)ဘာသာနဲ့ ထေရဝါဒသင်တန်းများ အရှိန်အဟုန် အတော်ကြီး ကောင်းနေပေပြီ။ ထေရဝါဒအဆုံးအမကို စင်ကာပူမှာ တရုတ်လို ဖြန့်ဝေနိုင်သည့် ပထမဆုံး သင်တန်းဟုပင် ဆိုကြသည်။ သာဓုခေါ်ဖွယ်ပင်ဖြစ်ပါ၏။ နိုင်ငံခြားသား(အမှန်မူ ဤနိုင်ငံက သူတို့နိုင်ငံသာ မဟုတ်ပါလား) ဝင်လာမှာ မကြောက်တတ်သည့် မိမိ၏ မူရင်းစိတ်နဲ့ဆုံးဖြတ်ချက် မှန်သည်ဟု ယူဆရပါသည်။ စရိုက်သဘာဝများ ကွဲပြားသော်လည်း နားလည်မှုက ညှိနှိုင်းလို့ ရပါသည်။


(Artist~Min Wae Aung)

ယခုမူ သူမကား သီလရှင် ဖြစ်နေသည်။
အကယ်၍ ကျောင်းက အလုပ်ပေးနိုင်လျင် သူမအတွက် အဆင်ပြေသွားသလို သူ့လူမျိုးထဲ သာသနာပြန့်ရေးအတွက် လက်ရုံးတစ်ခုလည်း ရနိုင်ကောင်း၏ ယူဆမိသည်။
သို့သော် ဤကိစ္စက ကိုယ်တိုင်ဆုံးဖြတ်လို့ မရ။ ကော်မတီနဲ့ ညှိနှိုင်း၊ ကော်မတီကို တိုက်တွန်းပေးလို့သာ ရနိုင်သည်။
ဘဝဟူသည် နေရာတိုင်းမှာ သူ့အခက်အခဲနဲ့သူ ရှိနေ၏။ ယင်းတို့ကို ဒုက္ခဟု ရင့်ရင့်သီးသီး အမည်မတပ်လိုပါ။ သို့သာ် လူတိုင်းမှာ၊ နေရာတိုင်းမှာ မမြင်အပ်သည့် စိန်ခေါ်မှုများ ရှိနေတတ်လေသည်။
မဒီပင်္ကရာကြုံတွေ့နေရသည့် စိန်ခေါ်မှုမျိုးသည် ကျွန်ုပ် စိတ်ကူးထဲတွင် ရှိမနေရိုး အမှန်ပင် ဖြစ်ပါသည်။

 

ကဆုန်လပြည့်


ကဆုန်လပြည့်၊ မင်္ဂလဝိဟာရကျောင်း၊ တရုတ်၊ သီဟိုဠ်၊ မြန်မာ၊ စပ်ထည်။
ဘုရားဆွမ်းကပ်။
နေ့လယ်စာ ကျွေး။
ဓမ္မသင်တန်း ပရိုမိုးရှင်းလုပ်ကြ။(နံက် ၉ မှ နေ့လယ် ၃ နာရီ။
ရတဲ့အလှူငွေ ပရဟိတ ၃၂ ဖွဲ့ကို ခွဲလှူ။