အခုတော့ မေ့နေပြီပေါ့လေ(ပျင်းလို့ ရေးတဲ့စာ၊ ဘာမှ မှတ်စရာမပါ)


စိတ်ဓာတ်ခိုင်လွန်းလို့ ကွမ်းဆက်စားနိုင်တာ။ ဝယ်လှူတဲ့ ဒကာ၊ ဒကာမတွေ လည်း အတိုက်အခံတွေကြားထဲက လှူနေရတာ။
ဘေးက "စင်္ကာပူရောက်တာတောင်၊ လည်ချောင်းကင်ဆာ၊ ဝိနည်းတော်နဲ့ မညီ" စသဖြင့် စသဖြင့်။
ဆရာ ဒကာ ညီညွတ်လွန်းလို့၊ နို့မို့ ဒီယဉ်ကျေးမှု ပြတ်တာကြပြီ။
သာဂါရာ အနာဂါရာ စ။

ခါတိုင်း ကြာသပတေးနေ့မှာ ကွမ်းရွက်ပြတ်တတ်တော့ သောကြာနေ့ ဒကာမကြီးတွေကို မျှော်တတ်တယ်။ သူတို့ကလည်း မယိမ်းမယိုင် ကျောက်စာ တိုင် စေတနာနဲ့ ရှားရှားပါးပါးကွမ်းလှူသူတွေထဲက တစ်ဖွဲ့။
ဖြစ်ပုံက မနေ့ကမှ ကိုဖြူဖွေးလာပို့သွားတော့ ဒီနေ့ သောကြာနေ့ဆိုတာ မေ့နေမိ တယ်။
ဒါတင်မကဘူး အပေါ်တက်လာတာတောင် ကွမ်းရွက်ထုတ်လေး အောက် မှာ မေ့နေရစ်ခဲ့တယ်။
လူသာဆိုရင် "အခုတော့ မေ့နေပြီပေါ့လေ ဘာညာ" ရှုပ်နေမှာ။ ကွမ်းရွက်လေးတွေမို့ မပြောတတ်လို့သာကိုး။

Post a Comment