ခရီးစဉ်နှစ်ခု


လေရှီးတောင်တက်ခရီးသည် ကျွန်ုပ်ဘဝ၏ အရေးပါသောခရီးစဉ်တစ်ခုဖြစ်ခဲ့ သလို စင်္ကာပူရီးယန်းများနှင့် ရွာကိုသွားသောခရီးကလည်း မမေ့သင့်သည့် ခရီးတစ်ခုဟု ယုံကြည်ပါသည်။ ထိုခရီးစဉ်နှစ်ခုသည် ပုံစံမတူဆက်စပ်နေသည့် ခရီးများလည်းဖြစ်ပါသည်။
လေရှီးတောင်တက်ခရီးက ကျွန်ုပ်၏ခံနိုင်ရည်ကို စမ်းသပ်လိုက်တာဖြစ်ပြီး ရွာ အပြန်ခရီးကတော့ သူတို့ စင်္ကာပူရီးယန်းများအတွက် ကျွန်ုပ်၏လေရှီးတောင် တက်ခရီးနှင့် တူနေပါလိမယ့်မည်။ မည်သို့ဆိုစေ ထို ခရီးစဉ်နှစ်ခုစလုံးက ခရီးဖော်၏ဂုဏ်ရည်ကို ဖွင့်ဆိုပါသည်။

လေရှီးတောင်တက်ခရီးမှာ သူတို့တောင်ပေါ်သား၊ စစ်သားများ၏ခြေရာကို မှီအောင် ကျွန်ုပ်မလိုက်နိုင်ခဲ့ပါ။ ထို့ကြောင့် လမ်းဆုံရှိတိုင်း ကျွန်ုပ်လိုက်ရမည့် လမ်လေးပေါ် သစ်ခက်စိမ်လေးများ ချထားခဲ့ပြီး သူတို့ခရီးဆက်တတ်ကြပါသည်။ သတ်မှတ်ထားသည့်နေရာရောက်မှ စားခြင်း၊ နားခြင်းလုပ်ကြသည်။ ဆိုလိုသည် မှာ ထိုခရီးသည် ကျွန်ုပ်အတွက် ရွေးချယ်ခွင့်မရှိသည့်ခရီး၊ သူတို့ချမှတ်သည့် လမ်းစဉ်ကို တသွေမတိမ်းလိုက်ရမည့်ဆိုတာဖြစ်ပါသည်။
ရွာအပြန်ခရီးမှာတော့ ကျွန်ုပ်ကိုယ်တိုင်က လမ်းစဉ်ချမှတ်သူဖြစ်နေသည်။ သူတို့ အတွက်ခက်ခဲပြီး ကျွန်ုပ်အတွက် ပို၍ တာဝန်ကြီးပါသည်။ ကားလမ်းမရှိ၊ တစ်ခါ တစ်ခါ ယာခင်းထဲဖြတ်မောင်း၊ အညာကျေးလက်ရဲ့ ဖုန်တထောင်းထောင်း၊ သူတို့ အိပ်မက်ထဲမှာပင် ဤခရီးမျိုးမထွက်ဖူးပါဟုဆိုကြပါသည်။ ထိုအခါ သူတို့အတွက် အားပေးစကားတစ်ခွန်း ကျွန်ုပ်ပါးစပ်ထဲ ရောက်လာသည်။
"မင်းတို့ ငါ့ရွာကိုလာတဲ့ခရီးက ကြမ်းကောင်းကြမ်းမယ်၊ ဒါပေမဲ့ ဒီရွာလေးကနေ မင်းတို့ဆီရောက်အောင်လာရတဲ့ ငါ့ခရီးက ဒီထက်ကြမ်းတယ်" ဆိုတာဖြစ်ပါသည်။

ဟန်ဆောင်ပြုံးမဟုတ်ဟု ထင်ပါသည်။ သူတို့ နှစ်နှစ်ကာကာပြုံးကြသည်။ ခရီး အတွက် သူတို့အဆင်သင့် ဖြစ်နေကြပြီဟု ယုံကြည်လိုက်သည်။ မှန်ပါသည်။ ခက်ခက်ခဲခဲ၊ ပျော်ပျော်ပါးပါးဖြင့် ရွာကို ရောက်ခဲ့ကြဖူးပါသည်။
ဤခရီးနှစ်ခုသည် သာမန်ခရီးတွေထက် အဓိပ္ပါယ်ပိုဆောင်နေတာတော့ သေချာ ပါသည်။ ဘာမှန်းတော့ ကျွန်ုပ်လည်း ပြောမပြတတ်ပါ။

Post a Comment