ကျားသတ္တဝါက ရေဆင်းကူးပေမဲ့


ကျားသတ္တဝါက ရေဆင်းကူးပေမဲ့ ငါးခမျာမှာတော့ ကုန်းပေါ်မှာ မကျက်စားဝံ့ပါ။
ဝေဟင်ယံမှာ လေယာဉ်ပျံမည်မျှပင် စွမ်းစေဦးတော့ ငှက်ငယ်ကိုမမီနိုင်ကြောင်း ရှက်စဖွယ်ဆိုကြပါလိမ့်မယ်။
သက်နုနုံးမြေက မြေဩဇာကိုဖြစ်စေသလို သက်ရင့်ပံသုက ရွှေကိုဖြစ်စေပါတယ်။
ငှက်ဘဝ ငါးဘဝမှ ဝင်စားခဲ့ဟန်တူသော အနုပညာသည် ကျွန်တော်သည်.....
(ဂီတစာဆို မောင်ကြေးမုံက မေဆွိရဲ့ ပုဇွန်ဆိတ် စီးရီးထဲမှာ ပြောထား တဲ့ စကားတွေပါ။ ကလေးဘဝကရခဲ့တာဖြစ်ပြီး သူ့အသံအတိုင်း အော်အော်ကြည့် မိလို့ မေ့လည်းမမေ့၊ ဘာအဓိပ္ပါယ်မှန်းလည်းမသိခဲ့ဘူး။ ကြိုက်တယ်။ အခုမှ စဉ်းစားတော့ သူ မအိုသေးဘူးလို့ ပြောချင်ဟန်တူတယ်လို့ ရေးတေးတေး သဘောပေါက်မိတယ်၊ မှန်ချင်မှလည်း မှန်မှာ)

Post a Comment