"အာရွန်ဖရိုတ်ဘာ ( Aaron Friedberg ) ပြောသလိုဆိုရင် ဥရောပရဲ့ အတိတ် ဟာ အာရှရဲ့ အနာဂတ်ပါပဲ။" (ဟန်တင်တန်)
(၂၀)ရာစုရဲ့ ဒုတိယနှစ်(၅၀)အတွင်း ဖြစ်ပွားခဲ့တဲ့ အာရှ၊ အထူးသဖြင့် အရှေ့ အာရှရဲ့ စီးပွားရေးအပြောင်းအလဲဟာ ကမ္ဘာမှာ အထင်ကရအဖြစ်ဆုံး ဖွံ့ဖြိုးတိုး တက်မှုပါ။ ၁၉၉၀-ခုနှစ်ရောက်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုကြောင့် စီးပွားရေး စောင့်ကြည့်လေ့လာသူ အများအပြား ကျေနပ်အားရမှုတွေ ရှိလာခဲ့ တယ်။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွင်း နိုင်ငံတွေ အတွင်း စီးပွားရေး ကွန် ယက်ကြီး ချိတ်ဆက်မိသွားမယ်၊ ဒီ နိုင်ငံတွေလည်း ငြိမ်းချမ်းပြီး ညီညီညွတ် ညွတ် ရှိလာတော့မယ်လို့ သူတို့က ကြိုတင်ခန့်မှန်းခဲ့ကြတယ်။ ဒီအကောင်းမြင် ဝါဒက စီးပွားရေးအပြန်အလှန်ဆက်သွယ်မှု့ဟာ ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ဖြစ် စေတယ်ဆိုတဲ့ သံသယဖြစ်ဖွယ်သုံးသပ်မှု့ကို အခြေခံထား တာဖြစ်ပါတယ်။ ဒါပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘူး။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံတစ်နိုင်ငံ အတွင်းမှာရော သူနဲ့ အခြားနိုင် ငံတွေရဲ့ ဆက်ဆံရေးမှာပါ မတည်မငြိမ် ဖြစ်ပွားစေ ၊ နိုင်ငံတွေနဲ့ ဒေသတွင်း အင်အားဟန်ချက်ညီမှုကို အဟန့်အတားဖြစ်စေပါတယ်။ စီးပွားရေးအပြန် အလှန် ဆက်သွယ် မှုက လူတွေအချင်းချင်း ထိတွေ့ဆက်ဆံရေးကိုသာ အားကောင်းလာစေပြီး သူတို့ချင်း သဘောတူညီမှုကိုတော့ ဆောင်ကျဉ်း မပေးနိုင်ပါဘူး။ သမိုင်းကြောင်းအရ ဆိုရင် စီးပွားရေး အပြန်အလှန် ဆက်ဆံ မှုကြောင့် သူတို့အချင်းချင်းကြားက မတူကွဲပြားမှုတွေကို ပိုမိုသိမြင် လာပြီး အပြန်အလှန်စိုးရိမ်မှုတွေလည်း ပိုမိုဖြစ်ပွားလာတက်တယ်လို့ ပြသနေပါ တယ်။ နိုင်ငံတွေအချင်းချင်း အပြန်အလှန် ကုန်သွယ်မှုဟာ ပဋိပက္ခရော အကျိုး အမြတ်ကိုပါ မွေးဖွား ပေးနိုင်ပါတယ်။ အတိတ်ကကြုံတွေ့ခဲ့ရတဲ့အတိုင်းသာဆိုရင် အာရှရဲ့ စီးပွားရေး နေခြည် ဟာ နိုင်ငံရေးအရိပ်မည်းကြီးကို ပေါ်ထွက်လာစေပြီး အာရှအတွင်းမှာ မငြိမ် သတ်မှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာနိုင်ခြေရှိပါတယ်။
အာရှရဲ့စီးပွားရေးတိုးတက်လာမှုနဲ့ အာရှ လူ့အဖွဲ့အစည်းတွေရဲ့ ယုံကြည်ချက် အား ကောင်းလာခြင်းကြောင့် ကမ္ဘာ့နိုင်ငံရေးမှာ အနည်းဆုံး သုံးနည်းသုံးမျိုးနဲ့ ကမောက်ကမ ဖြစ်စေနိုင်ပါလိမ့်မယ်။
( ၁ ) စီးပွားရေးတိုးတက်လာမှုကြောင့် အာရှနိုင်ငံတွေဟာ သူတို့ရဲ့ စစ်အင် အားတွေကို တိုးချဲ့နိုင်မယ်။ သူတို့နိုင်ငံတွေ အချင်းချင်းအကြား အနဂတ် ဆက် ဆံရေးနဲ့ ပတ် သတ်လို့ မသေချာ၊ မရေရာမှုတွေ တိုးပွားလာမယ်။ စစ်အေး ကာလအတွင်း ငုတ်လျှိုး သွားခဲ့တဲ့ကိစ္စတွေ၊ ယှဉ်ပြိုင်မှုတွေ ပြန်လည် အားကောင်းလာမယ်။ ဒါကြောင့် ဒီဒေသ အတွင်းမှာ ပဋိပက္ခနဲ့ မငြိမ်မသက် မှုတွေ ဖြစ်ပွားဖို့ ရာနှုန်းများသွားတယ်။
( ၂ ) စီးပွားရေးတိုးတက်လာမှုကြောင့် အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေ အကြား အထူးသဖြင့် အမေရိကန်နဲ့အကြားမှာ ပြဿနာတင်းမာမှုတွေ တိုးပွား လာနိုင်ပြီး ဒီအကျပ်အတည်းတွေကြားကနေ အာရှနိုင်ငံတွေအနေနဲ့ လွတ်မြောက်အောင်ပွဲခံနိုင်ဖို့ အားကောင်းလာစေတယ်။
( ၃ ) အာရှရဲ့ အကြီးဆုံးစီးပွားရေးအင်အားဖြစ်တဲ့ တရုတ်စီးပွားရေး တိုးတက် လာမှုကြောင့် ဒီဒေသအတွင်း တရုတ်ကလွှမ်းမိုးထားပြီး တစ်ဦး တည်းဗိုလ် ကျဖို့လည်း တရုတ်က အားထုတ်လာမယ်။ ဒီတော့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ တရုတ်နဲ့အတူပဲ ပူးပေါင်းမလား၊ တရုတ်လွှမ်းမိုးမှုကို တွန်းလှန်နိုင်ရေးအတွက် အင်အားချိန်ခွင်လျှာညှိဖို့ ကြိုးစားမလား ဆိုတာတွေဖြစ်လာမယ်။
ရာစုနှစ်ပေါင်းများစွာကြာတဲ့ အနောက်ရဲ့ နိုင်ငံတကာဆက်ဆံရေးသမိုင်းဆိုတာ သူတို့ အထဲက အင်အားကြီးနိုင်ငံတွေအချင်းချင်းပဲ ပြိုင်ဆိုင်နေခဲ့တာဖြစ် ပါတယ်။ သူတို့ အားပြိုင်မှု ထဲ ဝင်လာသူဆိုလို့ (၁၈) ရာစုက ရုရှားနဲ့ (၂၀) ရာစုထဲက ဂျပန်ပဲ ရှိခဲ့ပါတယ်။ ဥရောပဟာ အင်အားအကြီးဆုံးနိုင် ငံတွေ ပြဿနာဖြစ်ရာ၊ အတူတကွ ပူးပေါင်းရာ၊ အဓိက ကစားကွင်းကြီး ဖြစ်နေ ခဲ့တယ်။ စစ်အေးကာလအတွင်းမှာတောင် ထိပ်သီးချင်း ထိပ်တိုက် တွေ့ဆုံမှုက ဥရောပရဲ့ ဗဟို ချက်မထဲမှာ ဖြစ်ခဲ့တာပါ။
စစ်အေးလွန်ကာလရဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာတော့ အရေးကြီး နယ်မြေ သစ်တစ်ခု တိုးလာခဲ့ပါတယ်။ အဲဒါဟာ အာရှ၊ အထူးသဖြင့် အရှေ့အာရှပါပဲ။ အရှေ့အာရှထဲမှာ ဂျပန်၊ တရုတ်၊ အော်သိုဒေါက်(စ်)၊ ဗုဒ္ဓဘာသာ၊ မွတ်စလင်နဲ့ အနောက်စီဗီလိုက်ဇေးရှင်းဆိုပြီး စီဗီလိုက်ဇေးရှင်း ခြောက်ခုထဲက လူ့အဖွဲ့ အစည်းတွေ ရှိနေကြတယ်။ တောင်အာရှပါဆိုရင် ဟိန္ဒူ စီဗီလိုက်ဇေးရှင်းပါ ထပ်တိုးလာပါတယ်။
စီဗီလိုက်ဇေးရှင်းလေးခုရဲ့ ပဓာန နိုင်ငံကြီးတွေ ဖြစ်ကြတဲ့ ဂျပန်၊ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ဟာ အရှေ့အာရှမှာ အရေးပါတဲ့ဇတ်ကောင်ေ တွ ဖြစ်နေကြတယ်။ တောင် အာရှပါဆိုရင် အိန္ဒိယနိုင်ငံပါဝင်လာပါတယ်။ အင်ဒိုနီးရှားကလည်း တက်သစ်စ မွတ်စလင် ပါဝါ နိုင်ငံဖြစ်တယ်။ ဒါ့အပြင် အရှေ့အာရှထဲ စီးပွားရေး အင်အား ကြီး ထွားလာတာနဲ့အမျှ ထပ်တိုးလာမယ့် အလယ်အလတ်စားအင်အားရှိတဲ့ နိုင်ငံအများအပြားလည်းရှိနေတယ်။ ဥပမာ တောင်ကိုးရီးယား၊ ထိုင် ဝမ်နဲ့ မလေးရှား၊ ဗီယက်နမ်ကလည်း ဒီအထဲ ပါဝင်လာဖို့ အလားအလာရှိနေတယ်။ ဒီတော့ သူတို့နိုင်ငံတကာ ဆက်ဆံရေး ပုံစံက အလွန်ရှုပ်ထွေး နေပြီး ၁၈ ရာစုနဲ့ ၁၉ရာစုအတွင်း ဥရောပမှာ ဖြစ်ပွား ခဲ့တာတွေနဲ့ တူညီမှုတွေ အများ အပြားရှိနေတယ်။ ဗဟိုမဏ္ဍိုင် အနေအထား ကို တွန်းပို့ပေးမယ့် မငြိမ်သက်မှု၊ မရေရာမှုတွေနဲ့ ပြည့်နှက်နေတယ်။
အရှေ့အာရှရဲ့ ဗဟုမဏ္ဍိုင်၊ ဗဟုစီဗီလိုက်ဇေးရှင်းသဘောက အနောက်ဥရောပ နဲ့ ကွဲလွဲနေပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးသဘောမတူညီမှုတွေက အဲဒီခြားနား ချက်တွေကို ပိုပြီးကြီးထွားစေလိမ့်မယ်။ (၁၈-၁၉) ရာစုအတွင်းက အနောက်နိုင် ငံတွေမှာ အခြေတကျ ဖွံ့ဖြိုးပြီး ဒီမိုကရေစီစနစ် ရှိခဲ့ကြတယ်။ ဈေးကွက်စီး ပွားရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုက အမြင့်ဆုံး အဆင့်မှာရှိခဲ့တယ်။ ၁၉၉၀- ခုနှစ်တွေ ရဲ့ အလယ်ပိုင်းမှာ အရှေ့အာရှအတွင်း တည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံ တစ်နို င်ငံရှိလာခဲ့ပြီး ဒီမိုကရေစီကိုစတင်ကျင့်သုံးဆဲ မတည်မငြိမ်နိုင်ငံတွေ အများ အပြားရှိနေတယ်။
ကမ္ဘာ့အကြွင်းအကျန် ကွန်မြူနစ်အာဏာရှင်၊ လေးငါးနိုင်ငံ၊ နောက်ပြီး စစ် အစိုးရတွေ၊ တစ်ဦးတည်းအာဏာရှင်တွေ၊ တစ်ပါတီအာဏာရှင်စနစ်တွေ ရှိနေ တယ်။ စီးပွားရေးဖွံ့ဖြိုးမှုအဆင့်ကလည်း ဂျပန်၊ စင်္ကာပူတို့ကနေ ဗီယက်နမ်၊ မြောက်ကိုးရီး ယားအထိ ကွာဟလွန်းလှတယ်။ သွားနေတဲ့ ယေဘူယျလမ်းစဉ်ကတော့ ဈေးကွက် စီးပွားရေးနဲ့ တံခါးဖွင့်စီးပွားရေးဆီကိုပါ။ ဒါပေမယ့် စီးပွရေးစနစ်က မြောက်ကိုးရီးယားလို အားလုံးကို အစိုးရကချုပ်ကိုင်ထားတဲ့စနစ်တွေ၊ ပုဂ္ဂလိကပိုင်နဲ့ အစိုးရပိုင် စနစ် ရောနှောမှုတွေ၊ ဟောင်ကောင်လို အစိုးရပိုင်ကနေ ပုဂ္ဂလိကပိုင် စီးပွားရေးဆိ ကူးပြောင်းဆဲစနစ်တွေဆိုပြီး ပုံစံအမျိုးမျိုး ရှိနေတယ်။
ဒေသတွင်းမှာ တစ်ခါတစ်ခါ တရုတ်သြဇာနဲ့နိုင်ငံရေးအစီအမံ ချမှတ်နိုင်တာက လွဲရင် အနောက်ဥရောပလို နိုင်ငံတကာအဖွဲ့အစည်း (ဗြိတိသျှတွေရဲ့ သတ်မှတ် ချက်အရ) အရှေ့ အာရှမှာ မရှိသေးပါဘူး။ Note – 17
Post a Comment