သိပ္ပံပညာကတိုက်တော့ သမ္မာကျမ်းစာလည်း လှုပ်တယ်


၁၉၅၀ ခုနှစ်တွေအထိ လုံးဝလက်မခံခဲ့တဲ့ သိပ္ပံပညာရဲ့ မဟာပေါက်ကွဲမှု သီအိုရီ ကို အခု လက်ခံရစပြုလာရပါပြီ။ ပုတ်ရဟန်းမင်းကြီးဖရန်စစ်က မဟာပေါက်ကွဲမှု သီအိုရီဟာ ထာဝရဘုရားရှင်ရဲ့ အခန်းကဏ္ဍကို လုံးဝငြင်းပယ်တာမဟုတ်တဲ့ အ တွက် သမ္မာကျမ်းစာနဲ့ မဆန့်ကျင်ပါဘူးလို့ ပြောကြားသွားပါသတဲ့။
ဒါဆိုရင် မဟာပေါက်ကွဲမှုသီအိုရီနဲ့ပူးတွဲပါလာမယ့် အီဗိုလူးရှင်းသီအိုရီကိုတော့ လက်မခံဘူး(သို့)လက်မခံသေးဘူးလို့ဆိုလိုရာလည်း ရောက်နေပါတယ်။ ဒီလိုပြောလို့ ခရစ်ယန်ဘာသာဝင်တွင်အနေနဲ့ စိတ်မရှိစေချင်ပါ။ မဟာပေါက်ကွဲမှု သီအိုရီကိုလည်း ၁၉၅၀ ခုနှစ်တွေမတိုင်မီ ဒီလိုပဲ ငြင်းပယ်ခဲ့တာပါ။






မဟာပေါက်ကွဲမှုသီအိုရီနဲ့အီဗိုလူးရှင်းသီအိုရီကိုပေါင်းစပ်လိုက်ရင်တော့ ထာဝရ ဘုရားရှင်ရဲ့ဖန်ဆင်းမှုအခန်းကဏ္ဍက၊ အစကတည်းက လူစင်စစ် စတဲ့အခန်း ကဏ္ဍက တော်တော်ကျဉ်းသွားပြီး နေရာ လုံးဝမရှိတော့တာလည်း ဖြစ်သွားနိုင်ပါ တယ်။ ဒီကိစ္စမျိုးရေးမိတဲ့အတွက် အာရှတိုက်ရှိ ဆင့်ပွားခရစ်ယန်တွေကို (လိုအပ်ရင်) တောင်းပန်ပါတယ်။
မူလခရစ်ယန်တွေဖြစ်ကြတဲ့ ဥရောပတိုက်သားတွေအထဲမှတော့ သူတို့ချင်း ခွက်ခက်လန်အောင် ဒီကိစ္စကို ဒီဘေ့(တ်)လုပ်ခဲ့ကြ၊ လုပ်နေကြပါပြီ။ ဒီအထဲမှာ ပါမောက္ခ Richard Dawkins ရဲ့ "The God Delusion" က သိပ္ပံအဆန်ဆုံး၊ အသံအကျယ်ဆုံးလို့ ယူဆရပါတယ်။ ဘက်ဆဲလားတစ်အုပ်လည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဆိုဆို လူကောင်းက လူကောင်းပါ။ ခရူးဆေ့စစ်ပွဲတွေပြီးသွားကတည်းက ဥရောပဟာ အငြိမ်းချမ်းဆုံး၊ အချင်းချင်း ပဋိပက္ခအနည်းဆုံး နယ်မြေပါ။

Post a Comment