အနက်ရှိုင်းဆုံးအမြစ်တွယ်နေ တဲ့ အလေးနက်ဆုံးကွဲပြားမှု


တချို့လေ့လာသုံးသပ်သူတွေကတော့ ဘာသာတရားရဲ့ အရေးပါမှုကို ခပ်လျှော့လျှော့တွေးတော သုံးသပ်တတ်ကြပါတယ်။ ဥပမာအားဖြင့် လူမျိုးစုမတူ၊ ကိုးကွယ်မှုဘာသာမတူညီဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြ၊ အချင်းချင်း အပြန် အလှန်အိမ်ထောင်ပြုကြတဲ့ ဘော့(စ်)နီးယားက ဆပ်(ဗ်)တွေနဲ့ မွတ်စလင်တွေ ကို ထောက်ပြခဲ့ကြပါတယ်။
နောက်ပြီး ဖရောက်ရဲ့ (Freud) “အတ္ထပေမ၀ါဒ ကွဲပြားမှုအနည်းငယ်” ကို အထောက်အထားပြပြီး ဘာသာတရားရဲ့အရေးပါမှုကို ဘေးဖယ်ထုတ်လို ကြပါ တယ်။ (Note 21) ဒါပေမဲ့ ဒီကောက်ချက်ဟာ အရှည်ကိုမကြည့်တဲ့ အမြင်ကျဉ်း မြောင်းမှုသာဖြစ်ပါတယ်။ နှစ်ပေါင်းထောင်ချီပြီးကြာနေပြီဖြစ်တဲ့ လူ့သမိုင်းက ပြောပြနေချက် အရကတော့ ဘာသာမတူညီမှုဟာ “အနည်းငယ် ကွဲပြားမှု” မဟုတ်ပါဘူး။ လူသားတွေရဲ့ ရင်ထဲမှာ "အနက်ရှိုင်းဆုံးအမြစ်တွယ်နေ တဲ့ အလေးနက်ဆုံးကွဲပြားမှု" လို့တောင် ဆိုလို့ ရနိုင်ပါလိမ့်မယ်။ မကြာမကြာလည်းဖြစ်၊ ပြင်းထန်မှုလည်းရှိ၊ အကြမ်းဖက်မှုတွေလည်း ပါဝင် တတ်တဲ့ အန္တရာယ်စည်းကြောင်းစစ်ပွဲတွေကို မတူညီတဲ့ (နတ်)ဘုရားတွေအပေါ် ယုံကြည်မှုတွေက အကြီးအကျယ် မီးစာထည့်ပေးနေတာ ဖြစ်ပါတယ်။

(ဟန်တင်တန်)

တစ်အုပ်လုံးပြန်စစ်ရင်း ကောင်းနိုးရာရာစာပိုဒ်တွေ တင်ပေးနေတာပါ။ စိတ်က သိကအောက် မဖြစ်ကြဘူးလို့တော့ မျှော်လင့်ရပါရဲ့။ ဆရာတော်ဦးဗုဒ်စကားနဲ့ဆိုရင် ဇင်ဝေသော်အဖို့ကတော့ ဒီစာအုပ်ဟာ ထုံးအိုးထဲ နှစ်ထားရမယ့်စာအုပ်ဖြစ်နေပါတယ်။

Post a Comment