ခေါင်း အရမ်းဖြူသော ရဟန်းက


အတောင်းအရမ်းထူသော ရဟန်းက
မစပ်ခြင်းမို့
ကျောင်းဒကာ သဒ္ဓါစိတ်ကို ပျက်စေတတ်သည်။
(အတိယာစကော အပ္ပိယော ဟောတိကို ထောက်)
ခေါင်း အရမ်းဖြူသော ရဟန်းက
တစ်ပတ်အတွင်းကို
ခေါင်း မကြာမကြာ ရိတ်နေတတ်သည်။
(ဘယ်ပါဠိတော်ကို ထောက်ရမလဲ မသိ)

ပြည်တွင်းက စာဖတ်ပရိသတ်ကို လေးစားသွားပြီ


ပဋ္ဌာန်းအရကောက်ကြီးလိုပဲလို့ တင်စားကြတဲ့ လူ့ယဉ်ကျေးမှုပဋိပက္ခ ပထမတွဲ ပြန်ရိုက်နေရသတဲ့။
ပြည်တွင်းက စာဖတ်ပရိသတ်ကို လေးစားသွားပြီ။ ဂယ်ဘဲ ဂယ်ဘဲ။

သဒ္ဓါဓိကဘုရားရှင်တွေရဲ့ သာသနာတွင်းလို


မြန်မာပြည်က သက်တန်း သိန်း၊ သောင်းကြာအောင် နေရတဲ့ သဒ္ဓါဓိကဘုရားရှင်တွေရဲ့ သာသနာတွင်းလို ဖြစ်နေတယ်။ အေးအေးဆေးဆေးပဲ။ သူများတွေ လုံးဝအနားယူတဲ့ အသက် ၇၀ တန်းရောက်နေတာတောင် သမ္မတလုပ်ဖို့ မျက်စောင်းထိုးနေရတုန်း။
လက်ရှိကလည်း အနားယူရမယ့်အရွယ်လို့ မထင်သေးဘူး။

လင်ကွန်းနဲ့ ဦးသိန်းစိန်


"ဦးသိန်းစိန်ရေ၊ သစ်တစ်ပင်ခုတ်ဖို့ ငါးနာရီ အချိန်ရရင် ကျုပ်ကတော့ ပထမ လေးနာရီလုံးလုံး ထက်နေအောင် ပုဆိန်ထိုင်သွေးနေမိမှာပဲ။ ခင်ဗျား ရော ဘယ်လိုလဲ"
"ကျုပ်ကတော့ သစ်တစ်ပင်ခုတ်ဖို့ ငါးနာရီအချိန်ရရင် နောက်ထပ် ငါးနာရီ ထပ်တောင်းမိမှာပဲ ဦးလင်ကွန်းရဲ့"
"ဗျာ" တဲ့ လင်ကွန်းကြီးက။

ဘာသွားယုံရမလဲ မသိဘူး


လက်ရှိအစိုးရက ဘာသွားယုံရမလဲ မသိဘူး။
ပြည်ပရောက် မြန်မာတွေ ပြန်လာစေချင်တယ်လည်း ဆိုသေး
ဦးဌေးဦးက သူလည်း သမ္မတဖြစ်ချင်တယ် ဆိုပြန်ရော။ ရှုပ်နေတာပဲ။